



crd

unicode

ယူနိုက်တက်အတွက် ပြဿနာနှစ်ရပ်ကိုဖြေရှင်းနိုင်မယ့် ဂျူရီယန် တင်ဘာ

Jurrien Timber သည် Erik ten Hag အတွက် Man United အသင်း၏ အဓိကပစ်မှတ်ဖြစ်လာပြီး သူ့ရဲ့အရည်ချင်းတွေကြောင့် အဖိုးတန်နောက်ခံလူတစ်ဦးဖြစ်ကြောင်းသက်သေပြထားနိုင်ခဲ့ပါတယ်။ Ajax လူငယ်ကစားသမားသည် ဗဟိုခံစစ်မှူး တစ်ဦးထက်ပို၍ များစွာသာလွန်တဲ့ အရည်ချင်းတွေရှိနေပြီး Erik ten Hag သည် Old Trafford တွင် ၎င်း၏ စွယ်စုံရနိုင်စွမ်းကို အသုံးချနိုင်သည်။ ကလပ်အသင်းပရိသတ်များကလည်း Jurrien Timber ကို ခေါ်ယူနိုင်ခြင်းက နည်းပြသစ် Erik ten Hag လက်ထက် တွင် မှန်ကန်သောအပြောင်းအရွှေ့ဖြစ်လာမယ်လို့ မျှော်လင့်နေကြပြီး အသက် 20 နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ ဒီရာသီမှာ သူ့ရဲ့ဒုတိယမြောက် Eredivisie ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး လိဂ် 21 ပွဲ Clean Sheet ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

Jurrien Timber သည် အေဂျက်စ်ခံစစ်အလယ်တွင် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ပြီး တန်ဟဂ်၏ ပထမ ဦးစားပေးလူစာရင်းတွင်ပါဝင်နိုင်ခဲ့သည်။ နယ်သာလန် လက်ရွေးစင်သည် သူ့ရဲ့စွယ်စုံရအရည်ချင်းကို ပြသထားနိုင်ခဲ့ပြီး လက်ရှိရာသီမှာ ညာနောက်ခံလူအဖြစ် ၅ ပွဲ ပါဝင်ပွဲထွက်ကစားထားခဲ့ပါတယ်။ တကယ်တော့ သူဟာ ညာနောက်ခံလူအဖြစ် ဒီရာသီမတိုင်ခင်က 11 ပွဲ ပါဝင်ကစားခဲ့ပါတယ်။ ဒါ့အပြင် သူက ညာနောက်ခံလူအဖြစ် စတင် ပွဲထွက်ကစားခဲ့တဲ့ ပွဲတိုင်းမှာ ရှုံးပွဲမရှိခဲ့တာကို တွေ့ရပါတယ်။

Ten Hag က ဒါကို ကောင်းကောင်းသဘောပေါက်ပြီး Timber ဟာ United အတွက် ဗဟိုခံစစ်မှာ ခိုင်မာတဲ့ ရွေးချယ်မှုတစ်ခုသာမက Diogo Dalot အတွက် ကောင်းမွန်တဲ့ အရန်ကစားသမားလည်း ဖြစ်နိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းသည် Aaron Wan-Bissaka ကို ရောင်းထုတ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း Manchester Evening News က ဖော်ပြခဲ့သည်။ Ajax သည် Timber ၏ ဘက်စုံစွမ်းဆောင်နိုင်မှု အတွက် ယူရို 35 သန်း (ပေါင် 30 သန်း) တောင်းခံထားကြောင်း သိရသည်။

Ten Hag သည် မကြာသေးမီက Timber အား ချီးကျူးခဲ့ပြီး တစ်နေ့တွင် အသင်းခေါင်းဆောင်ဖြစ်လာနိုင်သည့် အရည်အချင်းများရှိကြောင်း ရှင်းပြခဲ့သည်။ တန်ဟာ့ဂ်ကတော့ အဆိုပါလူငယ်ကစားသမားအနေနဲ့ ဘယ်အသင်းအတွက်ပဲ ကစားကစား အသင်းခေါင်းဆောင်လက်ပတ်ကို ဆင်မြန်းဖို့အတွက် ဇာတာပါလာပြီးသားလို့ ယုံကြည်နေတာဖြစ်ပါတယ်။ အိုင်းယက်စ်မန်နေဂျာအဖြစ် နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တန်ဟာ့ဂ်က “သူက အိုင်းယက်စ်မှာ လေ့ကျင့်ခဲ့တဲ့ ခေါင်းဆောင်ကောင်း နောက်ထပ်တစ်ယောက်ပါ”လို့ ပြောလာခဲ့ပါတယ်။ ဆက်လက်ပြီး သူက “သူ့ရဲ့ဘောလုံးအရည်အသွေးကျွမ်းကျင်မှုတွေကို ဘေးချထားရင်တောင် သူ့မှာ အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့အတွက် ကိုယ်ရည်ကိုယ်သွေးရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *