ယူႏိုက္တက္အတြက္ ေနာက္တစ္ႀကိမ္ျပန္ကစားေပးႏိုင္ဖို႔ စိတ္အားထက္သန္ေနတဲ့ အကယ္ဒမီ လူငယ္တိုက္စစ္မႉး ဂရင္းဝုဒ္

ယူႏိုက္တက္အတြက္ ေနာက္တစ္ႀကိမ္ျပန္ကစားေပးႏိုင္ဖို႔ စိတ္အားထက္သန္ေနတဲ့ အကယ္ဒမီ လူငယ္တိုက္စစ္မႉး ဂရင္းဝုဒ္

ယမန္ႏွစ္မွာ အတူေနခ်စ္သူ ဟာရီ ေရာ့ဘ္ဆန္အေပၚ အိမ္တြင္း အၾကမ္းဖက္မႈ ၊ အဓမၼက်င့္ရန္ ႀကံစည္မႈတို႔နဲ႔ ရဲတပ္ဖြဲ႕ရဲ႕ စြဲခ်က္တင္ခံခဲ့ရတဲ့ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ တိုက္စစ္မႉး ေမဆန္ ဂရင္းဝုဒ္က မန္ခ်က္စတာ ယူႏိုက္တက္မွာ ျပန္လည္ ပါဝင္ခြင့္ ရဖို႔ အတြက္ သူ႔ရဲ႕ အသင္းေဖာ္ေတြနဲ႔ လ်ိဳ႕ဝွက္ေတြ႕ဆုံခဲ့ေၾကာင္း နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ The Sun သတင္းဌာနက အခိုင္အမာ ေဖာ္ျပသြားခဲ့ပါတယ္။

 

အသက္ ၂၁ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ အဂၤလန္ လူငယ္ၾကယ္ပြင့္ တိုက္စစ္မႉး ဂရင္းဝုဒ္က မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ အကယ္ဒမီ ကေန ထြက္ေပၚလာတဲ့ ကစားသမား တဦး ျဖစ္ၿပီး ဘယ္ေျခ ၊ ညာေျခ ႏွစ္ဖက္စလုံးကို အသုံးျပဳႏိုင္သလို သူ႔ရဲ႕ တိက်တဲ့ အဆုံးသတ္စြမ္းရည္ေၾကာင့္ ကမာၻ႔အဆင့္ တိုက္စစ္မႉး တဦး ျဖစ္လာမယ္လို႔ ထင္ေၾကးေပးခံထားရသူပါ။ ဂရင္းဝုဒ္က ေျခစြမ္းေျခစ ေကာင္းသလို အလားအလာေကာင္းေတြ ပိုင္ဆိုင္ထားေပမယ့္ မထင္မွတ္ပဲ အိမ္တြင္း အၾကမ္းဖက္မႈကို က်ဴးလြန္မိခဲ့တာေၾကာင့္ မန္ခ်က္စတာရဲတပ္ဖြဲ႕ရဲ႕ ဖမ္းဆီး ထိန္းသိမ္းျခင္းကို ခံခဲ့ရသလို အိမ္တြင္း အၾကမ္းဖက္မႈ ၊ အဓမၼက်င့္ရန္ ႀကံစည္မႈ အပါအဝင္ တျခား အမႈတခ်ိဳ႕နဲ႔အတူ ၁ႏွစ္ ဝန္းက်င္ ၾကာေအာင္ စုံစမ္း စစ္ေဆးခံခဲ့ရပါတယ္။

 

ဒါေပမယ့္ ဂရင္းဝုဒ္ရဲ႕ ရည္းစားေဟာင္း ျဖစ္သူ ဟာရီ ေရာ့ဘ္ဆန္က ယခုႏွစ္ အစပိုင္းမွာပဲ အမႈကို ျပန္လည္ ပိတ္သိမ္းသြားခဲ့တာေၾကာင့္ မန္ခ်က္စတာရဲတပ္ဖြဲ႕ဟာ ဂရင္းဝုဒ္အေပၚ စုံစမ္း စစ္ေဆးမႈေတြကို ရပ္တန႔္ခဲ့သလို ထိန္းသိမ္းထားမႈ ကေနပါ လႊတ္ေပးခဲ့တာေၾကာင့္ ဂရင္းဝုဒ္ဟာ လက္ရွိမွာ စြဲခ်က္ေတြ အားလုံးကို ရွင္းထုတ္ႏိုင္ခဲ့ၿပီလို႔ ဆိုရပါမယ္။ ဂရင္းဝုဒ္က စြဲခ်က္ေတြ အားလုံးကို ေျဖရွင္းႏိုင္ခဲ့တာေၾကာင့္ မန္ခ်က္စတာ ယူႏိုက္တက္က ဂရင္းဝုဒ္ကို အသင္းရဲ႕ လူစာရင္းထဲမွာ ျပန္လည္ ထည့္သြင္းဖို႔ စတင္ စဥ္းစားေနေပမယ့္ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ အမ်ိဳးသမီးအသင္းမွာ ကစားေနတဲ့ အမ်ိဳးသမား ေဘာလုံးသမား တခ်ိဳ႕ကေတာ့ ဂရင္းဝုဒ္လို အမ်ိဳးသမီး တဦးအေပၚ အိမ္တြင္း အၾကမ္းဖက္မႈ က်ဴးလြန္ခဲ့တဲ့ လူကို မန္ခ်က္စတာ ယူႏိုက္တက္မွာ မျမင္ခ်င္ၾကပါဘူး။

 

နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ The Sunရဲ႕ ေဖာ္ျပခ်က္အရ ဂရင္းဝုဒ္က သူ႔ရဲ႕ အျပစ္ေတြကို သိေပမယ့္ မန္ခ်က္စတာ ယူႏိုက္တက္ အတြက္ ေနာက္တႀကိမ္ ျပန္ကစားေပးဖို႔ စိတ္အားထက္သန္ေနၿပီး ဂရင္းဝုဒ္ဟာ သူ႔ရဲ႕ အသင္းေဖာ္ တခ်ိဳ႕နဲ႔ လ်ိဳ႕ဝွက္ ခ်ိန္းဆိုကာ သူ႔ရဲ႕ ျဖစ္ရပ္ေတြကို ရွင္းျပခဲ့ကာ ျပန္ကစားခြင့္ရေအာင္ ကူညီေပးဖို႔ ေျပာၾကားခဲ့ကာ ဂရင္းဝုဒ္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ကစားသမားေတြက မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ အကယ္ဒမီမွာ ရွိေနစဥ္ကတည္းက သူနဲ႔ ရင္းႏွီးခဲ့သူေတြ ျဖစ္ေၾကာင္း သိရပါတယ္။
crd

unicode

ယူနိုက်တက်အတွက် နောက်တစ်ကြိမ်ပြန်ကစားပေးနိုင်ဖို့ စိတ်အားထက်သန်နေတဲ့ အကယ်ဒမီ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်

ယမန်နှစ်မှာ အတူနေချစ်သူ ဟာရီ ရော့ဘ်ဆန်အပေါ် အိမ်တွင်း အကြမ်းဖက်မှု ၊ အဓမ္မကျင့်ရန် ကြံစည်မှုတို့နဲ့ ရဲတပ်ဖွဲ့ရဲ့ စွဲချက်တင်ခံခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက်မှာ ပြန်လည် ပါဝင်ခွင့် ရဖို့ အတွက် သူ့ရဲ့ အသင်းဖော်တွေနဲ့ လျို့ဝှက်တွေ့ဆုံခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sun သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး ဘယ်ခြေ ၊ ညာခြေ နှစ်ဖက်စလုံးကို အသုံးပြုနိုင်သလို သူ့ရဲ့ တိကျတဲ့ အဆုံးသတ်စွမ်းရည်ကြောင့် ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်လာမယ်လို့ ထင်ကြေးပေးခံထားရသူပါ။ ဂရင်းဝုဒ်က ခြေစွမ်းခြေစ ကောင်းသလို အလားအလာကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် မထင်မှတ်ပဲ အိမ်တွင်း အကြမ်းဖက်မှုကို ကျူးလွန်မိခဲ့တာကြောင့် မန်ချက်စတာရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသလို အိမ်တွင်း အကြမ်းဖက်မှု ၊ အဓမ္မကျင့်ရန် ကြံစည်မှု အပါအဝင် တခြား အမှုတချို့နဲ့အတူ ၁နှစ် ဝန်းကျင် ကြာအောင် စုံစမ်း စစ်ဆေးခံခဲ့ရပါတယ်။

ဒါပေမယ့် ဂရင်းဝုဒ်ရဲ့ ရည်းစားဟောင်း ဖြစ်သူ ဟာရီ ရော့ဘ်ဆန်က ယခုနှစ် အစပိုင်းမှာပဲ အမှုကို ပြန်လည် ပိတ်သိမ်းသွားခဲ့တာကြောင့် မန်ချက်စတာရဲတပ်ဖွဲ့ဟာ ဂရင်းဝုဒ်အပေါ် စုံစမ်း စစ်ဆေးမှုတွေကို ရပ်တန့်ခဲ့သလို ထိန်းသိမ်းထားမှု ကနေပါ လွှတ်ပေးခဲ့တာကြောင့် ဂရင်းဝုဒ်ဟာ လက်ရှိမှာ စွဲချက်တွေ အားလုံးကို ရှင်းထုတ်နိုင်ခဲ့ပြီလို့ ဆိုရပါမယ်။ ဂရင်းဝုဒ်က စွဲချက်တွေ အားလုံးကို ဖြေရှင်းနိုင်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်က ဂရင်းဝုဒ်ကို အသင်းရဲ့ လူစာရင်းထဲမှာ ပြန်လည် ထည့်သွင်းဖို့ စတင် စဉ်းစားနေပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အမျိုးသမီးအသင်းမှာ ကစားနေတဲ့ အမျိုးသမား ဘောလုံးသမား တချို့ကတော့ ဂရင်းဝုဒ်လို အမျိုးသမီး တဦးအပေါ် အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့ လူကို မန်ချက်စတာ ယူနိုက်တက်မှာ မမြင်ချင်ကြပါဘူး။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sunရဲ့ ဖော်ပြချက်အရ ဂရင်းဝုဒ်က သူ့ရဲ့ အပြစ်တွေကို သိပေမယ့် မန်ချက်စတာ ယူနိုက်တက် အတွက် နောက်တကြိမ် ပြန်ကစားပေးဖို့ စိတ်အားထက်သန်နေပြီး ဂရင်းဝုဒ်ဟာ သူ့ရဲ့ အသင်းဖော် တချို့နဲ့ လျို့ဝှက် ချိန်းဆိုကာ သူ့ရဲ့ ဖြစ်ရပ်တွေကို ရှင်းပြခဲ့ကာ ပြန်ကစားခွင့်ရအောင် ကူညီပေးဖို့ ပြောကြားခဲ့ကာ ဂရင်းဝုဒ်နဲ့ တွေ့ဆုံခဲ့တဲ့ ကစားသမားတွေက မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီမှာ ရှိနေစဉ်ကတည်းက သူနဲ့ ရင်းနှီးခဲ့သူတွေ ဖြစ်ကြောင်း သိရပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *