ယူႏိုက္တက္အတြက္ လူပိုတစ္ဦးျဖစ္ေနတယ္ဆိုတဲ့ ေဝဖန္မႈေတြကို ျပန္လည္တုံ႔ျပန္လိုက္တဲ့ သရဲနီ ဗက္ေဟာ့စ္

ယူႏိုက္တက္အတြက္ လူပိုတစ္ဦးျဖစ္ေနတယ္ဆိုတဲ့ ေဝဖန္မႈေတြကို ျပန္လည္တုံ႔ျပန္လိုက္တဲ့ သရဲနီ ဗက္ေဟာ့စ္

ယူႏိုက္တက္ကို အငွားနဲ႔ေရာက္ရွိလာၿပီး ပုံမွန္ပြဲထြက္ခြင့္ေတြ ရရွိေနတဲ့ တိုက္စစ္မႉး ဗက္ေဟာ့စ္ဟာ သူ႔ကိုေဝဖန္ေနတဲ့သူေတြကို ျပန္လည္တုံ႔ျပန္ခဲ့ၿပီး သူ႔အေနနဲ႔ အသင္းအတြက္အက်ိဳးျပဳေနသလို နည္းျပတန္ဟက္ရဲ႕ ယုံၾကည္မႈကိုလည္း ရရွိေနေၾကာင္း ေျပာဆိုလိုက္ပါတယ္။ နယ္သာလန္တိုက္စစ္မႉးဟာ ဇန္နဝါရီမွာ အငွားနဲ႔ေရာက္ရွိလာၿပီးကတည္းက မန္ခ်က္စတာယူႏိုက္တက္အတြက္ ၁၈ ပြဲကစားၿပီး ၂ ဂိုး သြင္းယူထားပါတယ္။

 

ယူႏိုက္တက္ဂႏၲဝင္ ေပါလ္စခိုးက ဗက္ေဟာ့စ္ဟာ အိုးထရက္ဖို႔ဒ္မွာကစားဖို႔ အရည္အခ်င္းမျပည့္မွီေၾကာင္း ေဝဖန္ခဲ့ပါတယ္။ ေပါလ္စခိုးရဲ႕ မန္ခ်က္စတာယူႏိုက္တက္အသင္းေဖာ္ေဟာင္း ပီတာရွမိုက္ကယ္ကလည္း ထိုသေဘာထားကို သေဘာတူၿပီး အဲရစ္တန္ဟက္ရဲ႕လူစာရင္းမွာ ဗက္ေဟာ့စ္ကို အႏုတ္လကၡဏာေဆာင္သူအျဖစ္ ေဖာ္ျပခဲ့ပါတယ္။ အားကစား႐ုပ္သံေၾကျငာသူ Richard Keys ကလည္း ဗက္ေဟာ့စ္ဟာ ‘မန္ခ်က္စတာယူႏိုက္တက္ဂ်ာစီမွာ သူျမင္ဖူးသမွ် အဆိုးဆုံးကစားသမား’ လို႔ တင္စားၿပီး တန္ဟက္ရဲ႕အသင္းမွာ သူရွိေနတယ္ဆိုရင္ လူ 10 ေယာက္နဲ႔ ကစားေနသလိုပဲလို႔ ေျပာသြားပါတယ္။

 

ေဘာလုံးေဝဖန္သူေတြနဲ႔ ပရိသတ္အခ်ိဳ႕ဆီကေန ေဝဖန္မႈေတြ ခံေနရေပမယ့္လည္း တန္ဟက္က ဗက္ေဟာ့စ္ဘက္ကေန ဆက္လက္ကာကြယ္ေပးခဲ့ၿပီး ဒတ္ခ်္တိုက္စစ္မႉးဟာ အသင္းအတြက္ သြင္းဂိုးေတြထက္ ပိုတာေတြကို ယူေဆာင္ေပးေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဗက္ေဟာ့စ္က “ကြၽန္ေတာ္ ပြဲေတြအမ်ားႀကီးကစားခဲ့ၿပီး ဒါဟာ နည္းျပရဲ႕ ကြၽန္ေတာ့္အေပၚ ယုံၾကည္မႈကို ျပေနပါတယ္။ ဒါဟာ ကြၽန္ေတာ္ အသင္းအတြက္ ေကာင္းမြန္တဲ့ အလုပ္ လုပ္ေနတယ္ဆိုတာ ျပသေနပါတယ္။” ”ကြၽန္ေတာ္ဒီကိုလာတုန္းက လိုခ်င္တဲ့အရာကလည္း အသင္းကို ဆုဖလားေတြရေအာင္ ပံ့ပိုးကူညီၿပီး ေအာင္ျမင္ေအာင္ ကူညီေပးႏိုင္ဖို႔ပါပဲ။” က်ေနာ့္ကစားသမားဘဝရဲ႕ အျမင့္ဆုံးအဆင့္တစ္ခုကိုက်ေနာ္လိုခ်င္ခဲ့ၿပီး အခုက်ေနာ္ေမွ်ာ္လင့္တဲ့အတိုင္းျဖစ္လာခဲ့ၿပီလို႔ ေျပာရပါမယ္။ ယူႏိုက္တဒ္က ကမာၻမွာေအာင္ျမင္မႈအႀကီးမားဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ပါတယ္။ ႀကီးမားတဲ့ေအာင္ျမင္မႈနဲ႔ အစဥ္အလာကို ဒီအသင္းမွာ ျမင္ႏိုင္ပါတယ္။ က်ေနာ့္အတြက္ စစ္မွန္တဲ့ေနရာတစ္ခုကို မန္ခ်က္စတာယူႏိုက္တဒ္မွာရွာေတြ႕ခဲ့ပါတယ္။

 

“အခု က်ေနာ္တို႔မွာ ဖလားတစ္လုံးရွိတယ္။ ယူ႐ိုပါလိဂ္နဲ႔ အက္ဖ္ေအဖလားတို႔လည္း ယွဥ္ၿပိဳင္ဖို႔က်န္ေသးၿပီး အမွတ္ေပးဇယားမွာ တတ္ႏိုင္သမွ် အျမင့္ဆုံးနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေသခ်ာေပါက္ ထိပ္တန္းေလး‌ေနရာကို ရယူခ်င္ပါတယ္။” ‘ဒါေၾကာင့္ က်ေနာ္က အဲဒီေအာင္ျမင္မႈရဲ႕ အစိတ္အပိုင္းျဖစ္တယ္ဆိုတာ ျပေနပါတယ္။ ၿပီးေတာ့ က်ေနာ္တို႔ရဲ႕ေအာင္ျမင္မႈနဲ႔ အဲဒီလိုေလးျမတ္မႈရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ရတာ ဒါဟာ ေကာင္းတဲ့အခ်က္ပါပဲ။” က်ေနာ့္ကို အျပည့္အဝယုံၾကည္ၿပီး က်ေနာ့္ရဲ႕အရည္အခ်င္းကို အသိအမွတ္ျပဳေပးတဲ့အသင္းအတြက္ ပြဲထြက္ကစားသမားတစ္ေယာက္အေနနဲ႔ အေကာင္းဆုံးေပးဆပ္သြားမွာပါ။ “လို႔ ေျပာဆိုသြားခဲ့လိုက္ပါတယ္။
crd

unicode

ယူနိုက်တက်အတွက် လူပိုတစ်ဦးဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ သရဲနီ ဗက်ဟော့စ်

ယူနိုက်တက်ကို အငှားနဲ့ရောက်ရှိလာပြီး ပုံမှန်ပွဲထွက်ခွင့်တွေ ရရှိနေတဲ့ တိုက်စစ်မှူး ဗက်ဟော့စ်ဟာ သူ့ကိုဝေဖန်နေတဲ့သူတွေကို ပြန်လည်တုံ့ပြန်ခဲ့ပြီး သူ့အနေနဲ့ အသင်းအတွက်အကျိုးပြုနေသလို နည်းပြတန်ဟက်ရဲ့ ယုံကြည်မှုကိုလည်း ရရှိနေကြောင်း ပြောဆိုလိုက်ပါတယ်။ နယ်သာလန်တိုက်စစ်မှူးဟာ ဇန်နဝါရီမှာ အငှားနဲ့ရောက်ရှိလာပြီးကတည်းက မန်ချက်စတာယူနိုက်တက်အတွက် ၁၈ ပွဲကစားပြီး ၂ ဂိုး သွင်းယူထားပါတယ်။

ယူနိုက်တက်ဂန္တဝင် ပေါလ်စခိုးက ဗက်ဟော့စ်ဟာ အိုးထရက်ဖို့ဒ်မှာကစားဖို့ အရည်အချင်းမပြည့်မှီကြောင်း ဝေဖန်ခဲ့ပါတယ်။ ပေါလ်စခိုးရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဖော်ဟောင်း ပီတာရှမိုက်ကယ်ကလည်း ထိုသဘောထားကို သဘောတူပြီး အဲရစ်တန်ဟက်ရဲ့လူစာရင်းမှာ ဗက်ဟော့စ်ကို အနုတ်လက္ခဏာဆောင်သူအဖြစ် ဖော်ပြခဲ့ပါတယ်။ အားကစားရုပ်သံကြေငြာသူ Richard Keys ကလည်း ဗက်ဟော့စ်ဟာ ‘မန်ချက်စတာယူနိုက်တက်ဂျာစီမှာ သူမြင်ဖူးသမျှ အဆိုးဆုံးကစားသမား’ လို့ တင်စားပြီး တန်ဟက်ရဲ့အသင်းမှာ သူရှိနေတယ်ဆိုရင် လူ 10 ယောက်နဲ့ ကစားနေသလိုပဲလို့ ပြောသွားပါတယ်။

ဘောလုံးဝေဖန်သူတွေနဲ့ ပရိသတ်အချို့ဆီကနေ ဝေဖန်မှုတွေ ခံနေရပေမယ့်လည်း တန်ဟက်က ဗက်ဟော့စ်ဘက်ကနေ ဆက်လက်ကာကွယ်ပေးခဲ့ပြီး ဒတ်ချ်တိုက်စစ်မှူးဟာ အသင်းအတွက် သွင်းဂိုးတွေထက် ပိုတာတွေကို ယူဆောင်ပေးနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဗက်ဟော့စ်က “ကျွန်တော် ပွဲတွေအများကြီးကစားခဲ့ပြီး ဒါဟာ နည်းပြရဲ့ ကျွန်တော့်အပေါ် ယုံကြည်မှုကို ပြနေပါတယ်။ ဒါဟာ ကျွန်တော် အသင်းအတွက် ကောင်းမွန်တဲ့ အလုပ် လုပ်နေတယ်ဆိုတာ ပြသနေပါတယ်။” ”ကျွန်တော်ဒီကိုလာတုန်းက လိုချင်တဲ့အရာကလည်း အသင်းကို ဆုဖလားတွေရအောင် ပံ့ပိုးကူညီပြီး အောင်မြင်အောင် ကူညီပေးနိုင်ဖို့ပါပဲ။” ကျနော့်ကစားသမားဘဝရဲ့ အမြင့်ဆုံးအဆင့်တစ်ခုကိုကျနော်လိုချင်ခဲ့ပြီး အခုကျနော်မျှော်လင့်တဲ့အတိုင်းဖြစ်လာခဲ့ပြီလို့ ပြောရပါမယ်။ ယူနိုက်တဒ်က ကမ္ဘာမှာအောင်မြင်မှုအကြီးမားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ ကြီးမားတဲ့အောင်မြင်မှုနဲ့ အစဉ်အလာကို ဒီအသင်းမှာ မြင်နိုင်ပါတယ်။ ကျနော့်အတွက် စစ်မှန်တဲ့နေရာတစ်ခုကို မန်ချက်စတာယူနိုက်တဒ်မှာရှာတွေ့ခဲ့ပါတယ်။

“အခု ကျနော်တို့မှာ ဖလားတစ်လုံးရှိတယ်။ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားတို့လည်း ယှဉ်ပြိုင်ဖို့ကျန်သေးပြီး အမှတ်ပေးဇယားမှာ တတ်နိုင်သမျှ အမြင့်ဆုံးနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေချာပေါက် ထိပ်တန်းလေး‌နေရာကို ရယူချင်ပါတယ်။” ‘ဒါကြောင့် ကျနော်က အဲဒီအောင်မြင်မှုရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတာ ပြနေပါတယ်။ ပြီးတော့ ကျနော်တို့ရဲ့အောင်မြင်မှုနဲ့ အဲဒီလိုလေးမြတ်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရတာ ဒါဟာ ကောင်းတဲ့အချက်ပါပဲ။” ကျနော့်ကို အပြည့်အဝယုံကြည်ပြီး ကျနော့်ရဲ့အရည်အချင်းကို အသိအမှတ်ပြုပေးတဲ့အသင်းအတွက် ပွဲထွက်ကစားသမားတစ်ယောက်အနေနဲ့ အကောင်းဆုံးပေးဆပ်သွားမှာပါ။ “လို့ ပြောဆိုသွားခဲ့လိုက်ပါတယ်။
crd

 

Add a Comment

Your email address will not be published. Required fields are marked *