ယူႏိုက္တက္အတြက္ ပထမဆုံးသြင္းဂိုးအေပၚ အေပ်ာ္ႀကီးေပ်ာ္ေနတဲ့ ကပၸတိန္ဂ်က္

ယူႏိုက္တက္အတြက္ ပထမဆုံးသြင္းဂိုးအေပၚ အေပ်ာ္ႀကီးေပ်ာ္ေနတဲ့ ကပၸတိန္ဂ်က္

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားျဖစ္သူ မာဆယ္ ဆာဘစ္ဇာက ဖူလ္ဟမ္အသင္းနဲ႔ အက္ဖ္ေအဖလားကြာတားဖိုင္နယ္မွာ အသင္းအတြက္ ပထမဆုံးဂိုးသြင္းႏိုင္ခဲ့ၿပီးတဲ့ေနာက္ သူ႔ရဲ႕ ခံစားခ်က္ကို ထုတ္ေဖာ္ေျပာဆိုလာပါတယ္။ မန္ယူအသင္းဟာ ၁ ဂိုး- ဂိုးမရွိနဲ႔ ရႈံးနိမ့္မယ့္အေရးနဲ႔ ႀကဳံခဲ့ရေပမယ့္ ဖူလ္ဟမ္ဘက္က ကစားသမားႏွစ္ဦးနဲ႔ နည္းျပတို႔ အထုတ္ခံရအၿပီးမွာ ၃ ဂိုး- ၁ ဂိုးနဲ႔ ျပန္လာႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ဘိုင္ယန္ျမဴးနစ္ကေန အငွားနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ဆာဘစ္ဇာက မန္ယူအသင္းကို ၂ ဂိုး- ၁ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ေစမယ့္ သြင္းဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

 

ပြဲအၿပီး အင္တာဗ်ဳးမွာ ၾသစႀတီးယားလက္ေ႐ြးစင္ ကစားသမားျဖစ္သူကို သူ႔ရဲ႕ ပထမဆုံးသြင္းဂိုးနဲ႔ ပတ္သက္ၿပီး ေမးတဲ့အခါ ” အသင္းအတြက္ တကယ္ကို အေရးႀကီးတဲ့အႏိုင္ဂိုးသြင္းယူေပးႏိုင္ခဲ့တဲ့အတြက္ ကြၽန္ေတာ္ အရမ္း၊ အရမ္းေပ်ာ္ေနပါတယ္။ ႀကီးမားတဲ့ႏိုင္ပြဲ ျဖစ္ပါတယ္။ ၁-၀ နဲ႔ ရႈံးေနတဲ့အခ်ိန္မွာ ” အရမ္းခက္ခဲခဲ့ပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ျပန္လာႏိုင္ခဲ့ၿပီး အႏိုင္ရခဲ့တယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။

 

ယူႏိုက္တက္အသင္းအေနနဲ႔ ဖူလ္ဟမ္အသင္းဘက္က ကစားသမားႏွစ္ဦး ထုတ္ပယ္ခံရၿပီးမွ ပြဲကို အႏိုင္ရေအာင္ ကစားႏိုင္ခဲ့တာ ျဖစ္တယ္လို႔ တစ္ခ်ိဳ႕ ေျပာဆိုမႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဆာဘစ္ဇာက အခုလိုပဲ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

 

ပြဲၿပီးရလဒ္ကိုၾကည့္ေလ .. ငါတို႔ႏိုင္တယ္ေလ .. ဘာလို႔မထိုက္တန္ရမွာလဲ။ ငါတို႔ သုံးဂိုးသြင္းႏိုင္တယ္ .. သူတို႔က တစ္ဂိုးသြင္းတယ္ .. ဒါအေျဖပဲေလ ကိုယ့္လူ ငါတို႔အတြက္ တကယ္ကိုအေရးပါတဲ့ႏိုင္ပြဲတစ္ပြဲပါ။ ငါတို႔အားလုံး Wembley ကိုျပန္သြားခ်င္ၾကတယ္။ ပြဲက ခက္ခဲၿပီး ႏိုင္ပြဲရဖို႔႐ုန္းကန္ခဲ့ရေပမယ့္ တကယ္ကိုေကာင္းတဲ့ႏိုင္ပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္။ က်ေနာ္တို႔ကစားသမားေတြအေနနဲ႔ ပြဲစကေန ပြဲဆုံးအထိ အာ႐ုံစူးစိုက္မႈအျပည့္နဲ႔အေကာင္းဆုံးကစားႏိုင္ခဲ့ၾကပါတယ္။ က်ေနာ္တို႔ရႈံးေနရာကေန ျပန္လာႏိုင္ခဲ့တယ္။ ဒါက အသင္းရဲ႕စိတ္ပိုင္းဆိုင္ရာအတြက္အရမ္းအေရးႀကီးပါတယ္။ တကယ္ကို ထိုက္တန္တဲ့ႏိုင္ပြဲတစ္ပြဲပါ။ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။
crd

unicode

ယူနိုက်တက်အတွက် ပထမဆုံးသွင်းဂိုးအပေါ် အပျော်ကြီးပျော်နေတဲ့ ကပ္ပတိန်ဂျက်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဖြစ်သူ မာဆယ် ဆာဘစ်ဇာက ဖူလ်ဟမ်အသင်းနဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်မှာ အသင်းအတွက် ပထမဆုံးဂိုးသွင်းနိုင်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ ခံစားချက်ကို ထုတ်ဖော်ပြောဆိုလာပါတယ်။ မန်ယူအသင်းဟာ ၁ ဂိုး- ဂိုးမရှိနဲ့ ရှုံးနိမ့်မယ့်အရေးနဲ့ ကြုံခဲ့ရပေမယ့် ဖူလ်ဟမ်ဘက်က ကစားသမားနှစ်ဦးနဲ့ နည်းပြတို့ အထုတ်ခံရအပြီးမှာ ၃ ဂိုး- ၁ ဂိုးနဲ့ ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ဘိုင်ယန်မြူးနစ်ကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆာဘစ်ဇာက မန်ယူအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ ဦးဆောင်နိုင်စေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီး အင်တာဗျုးမှာ သြစတြီးယားလက်ရွေးစင် ကစားသမားဖြစ်သူကို သူ့ရဲ့ ပထမဆုံးသွင်းဂိုးနဲ့ ပတ်သက်ပြီး မေးတဲ့အခါ ” အသင်းအတွက် တကယ်ကို အရေးကြီးတဲ့အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်း၊ အရမ်းပျော်နေပါတယ်။ ကြီးမားတဲ့နိုင်ပွဲ ဖြစ်ပါတယ်။ ၁-၀ နဲ့ ရှုံးနေတဲ့အချိန်မှာ ” အရမ်းခက်ခဲခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ပြန်လာနိုင်ခဲ့ပြီး အနိုင်ရခဲ့တယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ဖူလ်ဟမ်အသင်းဘက်က ကစားသမားနှစ်ဦး ထုတ်ပယ်ခံရပြီးမှ ပွဲကို အနိုင်ရအောင် ကစားနိုင်ခဲ့တာ ဖြစ်တယ်လို့ တစ်ချို့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီးတော့ ဆာဘစ်ဇာက အခုလိုပဲ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ပွဲပြီးရလဒ်ကိုကြည့်လေ .. ငါတို့နိုင်တယ်လေ .. ဘာလို့မထိုက်တန်ရမှာလဲ။ ငါတို့ သုံးဂိုးသွင်းနိုင်တယ် .. သူတို့က တစ်ဂိုးသွင်းတယ် .. ဒါအဖြေပဲလေ ကိုယ့်လူ ငါတို့အတွက် တကယ်ကိုအရေးပါတဲ့နိုင်ပွဲတစ်ပွဲပါ။ ငါတို့အားလုံး Wembley ကိုပြန်သွားချင်ကြတယ်။ ပွဲက ခက်ခဲပြီး နိုင်ပွဲရဖို့ရုန်းကန်ခဲ့ရပေမယ့် တကယ်ကိုကောင်းတဲ့နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ကျနော်တို့ကစားသမားတွေအနေနဲ့ ပွဲစကနေ ပွဲဆုံးအထိ အာရုံစူးစိုက်မှုအပြည့်နဲ့အကောင်းဆုံးကစားနိုင်ခဲ့ကြပါတယ်။ ကျနော်တို့ရှုံးနေရာကနေ ပြန်လာနိုင်ခဲ့တယ်။ ဒါက အသင်းရဲ့စိတ်ပိုင်းဆိုင်ရာအတွက်အရမ်းအရေးကြီးပါတယ်။ တကယ်ကို ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲပါ။ ” လို့ ပြောဆိုသွားခဲ့ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *