မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အားထားရတဲ့ကွင်းလယ်လူ ကာစီမီရို သုံးပွဲအထိ ကစားခွင့် ပယ်ထားခံရချိန်မှာ ကစားသမားသစ် မာဆယ် ဆာဗစ်ဇာဟာ အသင်းအတွက် ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုမှာ ပါဝင်နိုင်လိမ့်မယ်လို့ အဲရစ်တန်ဟတ် က ဟောကိန်းထုတ်ခဲ့လိုက်ပါတယ် ။ မကြာသေးခင် ဆောင်းရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်စွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့တဲ့ မာဆယ် ဆာဗစ်ဇာဟာ စနေ​နေ့က ယူနိုက်တက်တို့ ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ ပထမဆုံး အကြိမ် ကစားခွင့် ရရှိခဲ့ပါတယ် ။
crd
unicode
ယူနိုက်တက်အတွက် ပထမဆုံးပွဲထွက်ကစားခွင့်ရရှိသွားဖို့ရှိနေတဲ့ ဆာဗစ်ဇာ ကို winner တစ်ဦးလို့ချီးကျူးလိုက်တဲ့ နည်းပြတန်ဟဂ်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အားထားရတဲ့ကွင််းလယ်လူ ကာစီမီရို သုံးပွဲအထိ ကစားခွင့် ပယ်ထားခံရချိန်မှာ ကစားသမားသစ် မာဆယ် ဆာဗစ်ဇာဟာ အသင်းအတွက် ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုမှာ ပါဝင်နိုင်လိမ့်မယ်လို့ အဲရစ်တန်ဟတ် က ဟောကိန်းထုတ်ခဲ့လိုက်ပါတယ် ။ မကြာသေးခင် ဆောင်းရာသီ အပြောင်းအရွှေ့ရဲ့ နောက််ဆုံးရက်စွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက််လာခဲ့တဲ့ မာဆယ် ဆာဗစ်ဇာဟာ စနေ​နေ့က ယူနိုက်တက််တို့ ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ ကစားခဲ့ကြတဲ့ ပွဲစဥ်မှာ ပထမဆုံး အကြိမ် ကစားခွင့် ရရှိခဲ့ပါတယ် ။
အဆိုပါ ပွဲစဥ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ အားထားရတဲ့ ကွင်းလယ်လူ ကာစီမီရိုဟာ ပွဲချိန် 70 မိနစ်မှာ တိုက်ရိုက် အနီကဒ် ပြသခံခဲ့ရတာကြောင့် ဆာဗစ်ဇာဟာ ပွဲချိန် 81 မိနစ်မှာ လူစားဝင် ကစားခွင့် ရရှိခဲ့ပြီး အသင်းကို အကူအညီ ပေးခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်မှာ ပုံစံကောင်းတွေ ပြသခဲ့တဲ့ အဲရစ်ဆင် ဒဏ်ရာရပြီး ကာစီမီရို ပွဲပယ်ခံရချိန်မှာ မက် တော်မီနေးပါ ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် ဆာဗစ်ဇာဟာ ပွဲစဥ်တွေ ဆက်တိုက် ကစားခွင့် ရရှိဖို့ ရှိနေပါတယ် ။
တကယ်တော့ ဆာဗစ်ဇာဟာ ဒီရာသီ ဘိုင်ယန် မြူးနစ် အသင်းအတွက် ဘွန်ဒက်စ် လီဂါ ပြိုင်ပွဲမှာ 7 ကြိမ်သာ ပွဲထွက် ကစားပေးခွင့် ရရှိထားခဲ့ပါသေးတယ် ။ ဒါပေမဲ့ အဲရစ် တန်ဟတ် ကတော့ ကစားသမားအပေါ် ယုံကြည်ချက် အပြည့်ရှိကြောင်း ပြောခဲ့လိုက်ပါတယ် ။ ” သူ့ဆီမှာ ကောင်းမွန်တဲ့ Profile တစ်ခု ရှိနေပါတယ် ။ ပြီးတော့ သူဟာ အသင်းကောင်းတွေမှာ ကောင်းမွန်တဲ့ မှတ်တမ်းတွေလည်း ပိုင်ဆိုင်ထားခဲ့တယ်လေ ။ သူဟာ အဆင့်မြင့် ပွဲစဥ်တွေမှာလည်း ပုံစံကောင်း ပြသထားနိုင်ခဲ့ဖူးပါသေးတယ် ”
” သူဟာ winner တစ်ဦးပါ ။ သူ့ရဲ့ ကာရိုက်တာ အပေါ် ကျွန်တော်တို့ ယုံပါတယ် ။ သူဟာ အောင်မြင်တဲ့ လမ််းကြောင်းပေါ် လျှောက်လှမ်းနိုင်သူပါပဲ ။ သူ ကစားပေးခဲ့တဲ့ မိနစ် 20 လောက် အတွင်းမှာ ကျွန်တော်တို့ အဲ့တာကို မြင်တွေ့ခဲ့ရပါတယ် ” ” သူ့ဆီက နောက်ထပ်မြင်တွေ့စရာ အရည်အသွေးတွေ ရှိနေပါသေးတယ် ။ ဒီအတွက် သူဟာ အခွင့်အရေးတွေကိုလည်း ပိုင်ဆိုင်ဦးမှာပါ ။ သူ အဲ့တာတွေကို လုပ်ပြနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံပါတယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။
Add a Comment
Your email address will not be published. Required fields are marked *