ယူႏိုက္တက္အတြက္ ဂိုးရဖို႔ပူစရာမလိုတဲ့ သြင္းဂိုးအာမခံခ်က္ရွိတဲ့ တိုက္စစ္မႉးတစ္ဦးကိုေျပာျပလာတဲ့ သရဲနီေဟာင္း လူးဝစ္ဆာဟာ
|ယူႏိုက္တက္အတြက္ ဂိုးရဖို႔ပူစရာမလိုတဲ့ သြင္းဂိုးအာမခံခ်က္ရွိတဲ့ တိုက္စစ္မႉးတစ္ဦးကိုေျပာျပလာတဲ့ သရဲနီေဟာင္း လူးဝစ္ဆာဟာ
မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္း လူးဝစ္ ဆာဟာက သူ႔ရဲ႕ အသင္းေဟာင္းအေနနဲ႔ တိုက္စစ္ပိုင္း ျပႆနာကို ေျဖရွင္းဖို႔အတြက္ ျပင္သစ္လက္ေ႐ြးစင္ကစားသမား မားကပ္ သူရမ္ကို ေခၚယူဖို႔ တိုက္တြန္းေျပာဆိုလိုက္ပါတယ္။ ယူႏိုက္တက္အသင္းဟာ လာမယ့္ေႏြရာသီမွာ တိုက္စစ္မႉးအသစ္တစ္ဦး ေခၚယူသြားဖို႔ ရွိေနၿပီး ဟယ္ရီကိန္း၊ ဗစ္တာ အိုစီမင္နဲ႔ ဂြန္ကာလို ရာမို႔စ္တို႔ကို ပစ္မွတ္ထားေနၾကပါတယ္။
ထိုကစားသမားေတြအကုန္လုံးဟာ ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးပမာဏ ကုန္က်ႏိုင္ၿပီးေတာ့၊ မန္ယူအသင္းဘက္က ထိုအခ်ိန္မွာ ပိုင္ရွင္အသစ္ရွိေနရင္ေတာင္ ေျပာင္းေ႐ႊ႕ေၾကးအမ်ားအျပား အသုံးျပဳသြားဖို႔အတြက္ မရွိတာ ျဖစ္ပါတယ္။ တစ္ဖက္မွာေတာ့ အသက္ ၂၅ ႏွစ္သာ ရွိေသးတဲ့ သူရမ္ဟာ မိုခ်န္ဂလာဘတ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းေျခာက္လသာ က်န္ရွိေတာ့တာျဖစ္ၿပီး၊ အခုရာသီကုန္ရင္ အသင္းကေန ေသခ်ာေပါက္ထြက္ဖို႔ ရွိေနတာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကးအနည္းငယ္နဲ႔ ေခၚယူလို႔ရႏိုင္မာ ျဖစ္ပါတယ္။
ထို႔အတြက္ေၾကာင့္ ဆာဟာက ” မားကပ္ သူရမ္က ေၾကာက္ဖို႔ေကာင္းတဲ့ တိုက္စစ္မႉးတစ္ဦးပါ၊ သူ႔မွာ အားအင္ေတြအမ်ားႀကီးနဲ႔ ယုံၾကည္မႈေတြ ရွိေနတာ ႏွစ္ခါေတြးစရာေတာင္ မလိုပါဘူး။ သူက အသင္းအေပၚ အရမ္းေပးဆပ္ကစားတတ္တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီးေတာ့၊ အဲ့ဒီလိုကစားသမားမ်ိဳးက ကိုယ့္ကို သြင္းဂိုးေတြနဲ႔ ဂိုးဖန္တီးမႈေတြ လုပ္ေပးႏိုင္ဖို႔ အာမခံခ်က္ရွိပါတယ္။
သူက ျပင္သစ္ကစားသမားမလို႔ ကြၽန္ေတာ္ ဒီလိုေျပာတာမဟုတ္ပါဘူး ” သူ႔ရဲ႕ စိတ္ဓါတ္ခံယူခ်က္ကို ကြၽန္ေတာ္ အရမ္းႀကိဳက္တယ္၊ မႏွစ္တုန္းက သူ႔မွာ ျပႆနာတစ္ခ်ိဳ႕ ရွိခဲ့ေပမယ့္၊ သူက ကမာၻ႔ဖလားမွာ ကစားရဖို႔ ထူးခြၽန္စြာ ျပန္လာျပခဲ့တယ္။ ဂ်ာမန္လိဂ္ကို ကြၽန္ေတာ္ သိပ္မၾကည့္ျဖစ္ပါဘူး၊ ဒါေပမယ့္ သူ ဘာလုပ္ေနသလဲေတာ့ ေစာင့္ၾကည့္ျဖစ္တယ္၊ ဒီလို ကစားသမားမ်ိဳးေတြက အျခားသူေတြထက္ ကိုယ့္ကို အာမခံခ်က္ပိုေပးႏိုင္တယ္လို႔ ထင္တယ္။ ဒီေကာင္ေလးက အရည္အခ်င္းျပည့္ဝၿပီးေတာ့၊ နည္းစနစ္ပိုင္းမွာ ပါးနပ္တယ္။ သူက ယူႏိုက္တက္အတြက္ ကစားသမားေကာင္းတစ္ဦးပါပဲ ” လို႔ ဆိုခဲ့ပါတယ္။
crd
unicode
ယူနိုက်တက်အတွက် ဂိုးရဖို့ပူစရာမလိုတဲ့ သွင်းဂိုးအာမခံချက်ရှိတဲ့ တိုက်စစ်မှူးတစ်ဦးကိုပြောပြလာတဲ့ သရဲနီဟောင်း လူးဝစ်ဆာဟာ
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာက သူ့ရဲ့ အသင်းဟောင်းအနေနဲ့ တိုက်စစ်ပိုင်း ပြဿနာကို ဖြေရှင်းဖို့အတွက် ပြင်သစ်လက်ရွေးစင်ကစားသမား မားကပ် သူရမ်ကို ခေါ်ယူဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ တိုက်စစ်မှူးအသစ်တစ်ဦး ခေါ်ယူသွားဖို့ ရှိနေပြီး ဟယ်ရီကိန်း၊ ဗစ်တာ အိုစီမင်နဲ့ ဂွန်ကာလို ရာမို့စ်တို့ကို ပစ်မှတ်ထားနေကြပါတယ်။
ထိုကစားသမားတွေအကုန်လုံးဟာ မြင့်မားတဲ့ပြောင်းရွှေ့ကြေးပမာဏ ကုန်ကျနိုင်ပြီးတော့၊ မန်ယူအသင်းဘက်က ထိုအချိန်မှာ ပိုင်ရှင်အသစ်ရှိနေရင်တောင် ပြောင်းရွှေ့ကြေးအများအပြား အသုံးပြုသွားဖို့အတွက် မရှိတာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ အသက် ၂၅ နှစ်သာ ရှိသေးတဲ့ သူရမ်ဟာ မိုချန်ဂလာဘတ်အသင်းနဲ့ စာချုပ်သက်တမ်းခြောက်လသာ ကျန်ရှိတော့တာဖြစ်ပြီး၊ အခုရာသီကုန်ရင် အသင်းကနေ သေချာပေါက်ထွက်ဖို့ ရှိနေတာကြောင့် ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ ခေါ်ယူလို့ရနိုင်မာ ဖြစ်ပါတယ်။
ထို့အတွက်ကြောင့် ဆာဟာက ” မားကပ် သူရမ်က ကြောက်ဖို့ကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးပါ၊ သူ့မှာ အားအင်တွေအများကြီးနဲ့ ယုံကြည်မှုတွေ ရှိနေတာ နှစ်ခါတွေးစရာတောင် မလိုပါဘူး။ သူက အသင်းအပေါ် အရမ်းပေးဆပ်ကစားတတ်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီးတော့၊ အဲ့ဒီလိုကစားသမားမျိုးက ကိုယ့်ကို သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ လုပ်ပေးနိုင်ဖို့ အာမခံချက်ရှိပါတယ်။
သူက ပြင်သစ်ကစားသမားမလို့ ကျွန်တော် ဒီလိုပြောတာမဟုတ်ပါဘူး ” သူ့ရဲ့ စိတ်ဓါတ်ခံယူချက်ကို ကျွန်တော် အရမ်းကြိုက်တယ်၊ မနှစ်တုန်းက သူ့မှာ ပြဿနာတစ်ချို့ ရှိခဲ့ပေမယ့်၊ သူက ကမ္ဘာ့ဖလားမှာ ကစားရဖို့ ထူးချွန်စွာ ပြန်လာပြခဲ့တယ်။ ဂျာမန်လိဂ်ကို ကျွန်တော် သိပ်မကြည့်ဖြစ်ပါဘူး၊ ဒါပေမယ့် သူ ဘာလုပ်နေသလဲတော့ စောင့်ကြည့်ဖြစ်တယ်၊ ဒီလို ကစားသမားမျိုးတွေက အခြားသူတွေထက် ကိုယ့်ကို အာမခံချက်ပိုပေးနိုင်တယ်လို့ ထင်တယ်။ ဒီကောင်လေးက အရည်အချင်းပြည့်ဝပြီးတော့၊ နည်းစနစ်ပိုင်းမှာ ပါးနပ်တယ်။ သူက ယူနိုက်တက်အတွက် ကစားသမားကောင်းတစ်ဦးပါပဲ ” လို့ ဆိုခဲ့ပါတယ်။
crd