ယူႏိုက္တက္လိုအသင္းမ်ိဳးကကမ္းလွမ္းလာမႈကိုပယ္ခ်ဖို႔မျဖစ္ႏိုင္ဘူးဆိုတဲ့နည္းျပရန္းနစ္ရဲ႕ သတင္းစားရွင္းလင္းပြဲမွ အဓိကအခ်က္၃ခ်က္

ယူႏိုက္တက္လိုအသင္းမ်ိဳးကကမ္းလွမ္းလာမႈကိုပယ္ခ်ဖို႔မျဖစ္ႏိုင္ဘူးဆိုတဲ့နည္းျပရန္းနစ္ရဲ႕ သတင္းစားရွင္းလင္းပြဲမွ အဓိကအခ်က္၃ခ်က္

Ideaအသစ္ေတြနဲ႔ ေပါင္းစပ္ျခင္းက မလြယ္ကူျခင္း

လက္ရွိယူႏိုက္တက္အသင္းမွာ ငယ္႐ြယ္ၿပီး ပင္ကိုယ္စြမ္းရည္ရွိတဲ့ကစားသမားေတြ အမ်ားႀကီးရွိသလို အေတြ႕ႀကဳံမ်ားတဲ့ ကစားသမားေတြလည္း လုံလုံေလာင္ေလာက္ရွိတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕ အဓိကပစ္မွတ္က ေနာက္လာမယ့္ ၂ရက္ နဲ႔ ၂ပတ္ေလာက္အတြင္းမွာ အသင္းကို ဟန္ခ်က္ညီေအာင္ လုပ္ေဆာင္သြားဖို႔ပါပဲ။ကြၽန္ေတာ့္ရဲ႕ ခ်ဥ္းကပ္ပုံေတြက အသင္းကို ဟန္ခ်က္ညီဖို႔နဲ႔ ပြဲတစ္ပြဲအေပၚမွာ ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ဖို႔ျဖစ္ပါတယ္။ မေန႔က အာဆင္နယ္နဲ႔ ပြဲက ပရိတ္သတ္ေတြအတြက္ စိတ္လႈပ္ရွားစရာေကာင္းခဲ့တယ္။ဒါေပမယ့္ ကြၽန္ေတာ္လို အနာဂတ္အတြက္ကို အစီစဥ္တက်လုပ္တဲ့ နည္းျပအတြက္ ဒီလိုပြဲမ်ိဳးမဟုတ္ဘူး။ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က ၿပိဳင္ဘက္အသင္းကို ေပးဂိုးအနည္းဆုံးျဖစ္ခ်င္တာ။ၿပီးေတာ့ ပြဲကိုလည္း ကိုယ့္အသင္းကပဲ ထိန္းခ်ဳပ္ထားခ်င္တာ။ခရစ္စတယ္ပဲေလ့အသင္းနဲ႔ ပြဲမတိုင္ ကြၽန္ေတာ့္မွာ အသင္းနဲ႔ ေလ့က်င့္ဖို႔အခ်ိန္ တစ္ရက္ပဲရမယ္။အဲ့ဒိတစ္ရက္တာ ေလ့က်င့္ေရးအစီစဥ္က မင္းလိုခ်င္တဲ့ ပုံစံမ်ိဳးေတာ့ အလုံးစုံေျပာင္းလဲႏိုင္ဦးမွာမဟုတ္ဘူး။ဒါေပမယ့္ ကြၽန္ေတာ့္အေနနဲ႔ ကစားသမားေတြကို မိတ္ဆက္မယ္၊သူတို႔နဲ႔စကားေျပာမယ္၊ၿပီးေတာ့ သူတို႔ကိုလည္း ကြၽန္ေတာ္လိုခ်င္တဲ့ပုံစံ ပြဲတစ္ပြဲအေပၚဘယ္လို ခ်ဥ္းကပ္ခ်င္သလဲဆိုတာကို သိေအာင္လုပ္မယ္။တစ္ကယ္ေတာ့ ရာသီဝက္မွာ အသင္းကိုစကိုင္ရတာ လြယ္တဲ့ ကိစၥေတာ့မဟုတ္ဘူး။ဒါေပမယ့္ ခင္မ်ားအေနနဲ႔ (၁)ရက္ (၂)ရက္ သို႔ (၁)ပတ္ (၂)ပတ္အတြင္း ေျပာင္းလဲလို႔ မရတဲ့အရာကို သိဖို႔ ကြၽန္ေတာ့္မွာ အေတြ႕ႀကဳံေကာင္းေကာင္းရွိပါတယ္။အခုပရီးမီးယားလိဂ္မွာ ရွိေနၾကတဲ့ အျခားဂ်ာမန္ နည္းျပေတြလည္း ဒီလိုအေတြ႕အႀကဳံေတြ ရွိၿပီးသားပါ။ မနက္ျဖန္ဆိုရင္ေတာင္(ယေန႔) ကြၽန္ေတာ္အေနနဲ႔ မေန႔က Arsenal နဲ႔ပြဲမွာ ကစားခဲ့ၾကတဲ့ ကစားသမားေတြကို အတင္းအၾကပ္ေလ့က်င့္ေစတာမ်ိဳး လုပ္လို႔ မရေသးဘူး။ဘာလို႔လဲဆိုေတာ့ လာမယ့္ Crystal Palaceနဲ႔ ပြဲစဥ္အတြက္ သူတို႔မွာ လုံေလာက္တဲ့ အားအင္ရွိဖို႔နဲ႔ လန္းဆန္းေနဖို႔ ကြၽန္ေတာ္က လုပ္ေပးရမွာပါ။ကြၽန္ေတာ့္အေနနဲ႔ သူတို႔ကို ႐ုပ္ပိုင္းဆိုင္ရာ ေလ့က်င့္မႈေတြကို တကယ္ကို လုပ္ေပးလို႔ မရေသးဘူး။အဲ့ေတာ့ သူတို႔ကို ကူညီဖို႔ တစ္ခုတည္းေသာ နည္းလမ္းက စိတ္ပိုင္းဆိုင္ရာအတြက္ ခြန္အားေတြေပးဖို႔ပါပဲ။

 

အသင္းရဲ႕ သမိုင္းေၾကာင္းကို ေလးစားေသာအားျဖင့္ ယူႏိုက္တက္ ဗီဇ(DNA)ကို ျပန္လည္ေဖာ္ထုတ္ရန္

Sir Alex ယူႏိုက္တက္မွာ ၂၇ႏွစ္ၾကာ အလုပ္လုပ္ၿပီးေတာ့ မ်ားစြာေသာ ဆုဖလားေတြကို ရယူေပးခဲ့တယ္။ ဒါဟာ ႏွစ္ေပါင္းၾကာျမင့္စြာ လုပ္ခဲ့တဲ့ နည္းျပအတြက္ ၿပိဳင္ဘက္ကင္းပါပဲ။ယခုလို နည္းေပါင္းအၾကာႀကီးေအာင္ျမင္ခဲ့တဲ့ အသင္းဟာ လမ္းအသစ္ေဖာက္ခ်င္တာ(ေအာင္ျမင္မႈေတြထပ္ယူလိုျခင္း)ဟာ ကြၽန္ေတာ့္အေနနဲ႔ အထူးဆန္းႀကီးေတာ့ မဟုတ္ပါဘူး။ယူႏိုက္တက္မွာ Sir Alex ထြက္သြားၿပီးေနာက္ပိုင္း နည္းျပ (၅)ေယာက္ သို႔ (၆)ေယာက္ေလာက္ေျပာင္းလဲၿပီး အုပ္ခ်ဳပ္မႈအပိုင္းေတြ အမ်ားႀကီး ေျပာင္းလဲခဲ့ၿပီးၿပီ။ဒါေၾကာင့္ United DNA(ယူႏိုက္တက္ဗီဇ)ပါတဲ့ ကစားသမားေတြ ေခၚယူျခင္း၊ေခၚယူလိုက္တဲ့ ကစားသမားကို တိုးတက္ေအာင္လုပ္ျခင္း၊ကစားသမားေတြကို ထိန္းသိမ္းျခင္းေတြက အသင္းအတြက္ ခက္ခဲေနခဲ့တာပါ။ကြၽန္ေတာ့္အေနနဲ႔ DNA ဆိုတာကလည္း ေမာ္ဒန္ေဘာလုံးေလာက အတြက္ အေရးႀကီးေနေသးတယ္လို႔ ထင္တယ္။အဲ့ေတာ့ ယူႏိုက္တက္မွာ အေျပာင္းလဲေတြမ်ားစြာ ရွိခဲ့တယ္ဆိုတာ ကြၽန္ေတာ္အေနနဲ႔ အထူးအဆန္းႀကီးမဟုတ္ပါဘူး။ အနာဂတ္မွာ ကြၽန္ေတာ္တို႔အတြက္ ေ႐ြးခ်ယ္စရာေတြအမ်ားႀကီးရွိတယ္လို႔ ထင္တယ္။ကြၽန္ေတာ္အပါဝင္၊ဘုတ္အဖြဲ႕ဝင္ေတြေရာေပါ့။ဘာပဲျဖစ္ျဖစ္အနာဂတ္မွာ တိုးတက္လာဖို႔ အေရးႀကီးပါတယ္။အဲ့ေတာ့ အုပ္ခ်ဳပ္မႈ/စီစဥ္မႈ အပိုင္းမွာ အရင္ကလို အေျပာင္းလဲေတြအမ်ားႀကီး လုပ္သြားေတာ့မွာ မဟုတ္ပါဘူး။ အသင္းရဲ႕ အေမြႏွစ္က ၿပိဳင္ဘက္ကင္းပါပဲ။ဒီလို သမိုင္းေၾကာင္းနဲ႔ DNA ရွိတဲ့ အသင္းမ်ိဳးက အမ်ားႀကီး မရွိပါဘူး။ဒါဟာ အေမြႏွစ္သာမက ဒီအသင္းအတြက္ အလုပ္လုပ္ေပးေနၾကတဲ့ လူတိုင္းအတြက္ ေက်နပ္စရာေတြပါ။အဲ့ေတာ့ ကြၽန္ေတာ္တို႔ အေနနဲ႔ ဒီအေမြႏွစ္ေတြကို ထိန္းသိမ္းၿပီး ယူႏိုက္တက္ DNA(ဗီဇ)ကို ျပန္လည္ တူးေဖာ္ရပါမယ္။

မိမိအေနနဲ႔ ေရာ္နယ္ဒိုကို သေဘာက်ျခင္း

ေရာ္နယ္ဒိုက မတူညီတဲ့အရာေတြကို လြယ္လြယ္ေလးလုပ္ျပႏိုင္ေသးတဲ့ ကစားသမားတသ္ေယာက္အျဖစ္ ရွိေနဆဲပါ။ဒါက ကြၽန္ေတာ္တို႔ တစ္သင္းလုံးကို တိုးတက္ေစမယ့္ အရာပါ။ေရာ္နယ္ဒိုတစ္ေယာက္တည္းသာမက ကြၽန္ေတာ္တို႔အားလုံးဟာ ကမာၻေပၚက ၿပိဳင္ဆိုင္မႈအျပင္းဆုံး လိဂ္မွာ ကစားေနၾကတာပါ။အဲ့ေတာ့ကစားသမားတိုင္းက ကစားကြက္အခင္းအက်င္းတြက္ အေရးပါပါတယ္။ မေန႔က ေရာ္နယ္ဒိုဆီက ကြၽန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ရတဲ့ အရာေတြက အသင္းတစ္သင္းမွာ သူလုပ္ျပႏိုင္တာထက္ ပိုတယ္ဆိုတာပါပဲ။တစ္ျခားကစားသမားေတြလည္း သူ႔လိုျဖစ္ေနဖို႔ လိုပါတယ္။

 

ကမ္းလွမ္းပုံခ်င္းအတူတူမွာ ခ်ဲလ္ဆီးကိုက် ျငင္းၿပီး ဘာေၾကာင့္ ယူႏိုက္တက္ကို လက္ခံခဲ့ရလဲဆိုတာကို ရန္းနစ္ဂ္က အခုလိုပဲ ရွင္းျပခဲ့ပါတယ္။ ရန္းနစ္ဂ္က “အဲ့ဒီအခ်ိန္တုန္းက ခ်ဲလ္ဆီးက က်ေနာ့္ဆီ ဆက္သြယ္ခဲ့ၿပီး (၄) လေလာက္ပဲ အသင္းကို ကိုင္တြယ္ဖို႔ ေျပာပါတယ္။ အဲ့ဒီထက္ မပိုပါဘူး”“အခု က်ေနာ္က (၆) လခြဲ စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး အဲ့ဒီေနာက္မွာ အတိုင္ပင္ခံရာထူးနဲ႔ ေနာက္ထပ္ (၂) ႏွစ္ ဆက္ရွိေနမွာပါ။ ေနာက္ၿပီး ယူႏိုက္တက္လို အသင္းမ်ိဳးက ခင္ဗ်ားကို ကမ္းလွမ္းလာရင္ ခင္ဗ်ားအတြက္ ဒါကို ပယ္ခ်ဖို႔ မျဖစ္ႏိုင္ပါဘူး” လို႔ ေျပာၾကားသြားခဲ့ပါတယ္။ရန္းနစ္ဂ္ဟာ ယူႏိုက္တက္နည္းျပဘဝ ပထမဆုံးပြဲအျဖစ္ ဒီဇင္ဘာ (၅) မွာ ကစားမယ့္ ခရစၥတယ္ပဲေလ့စ္နဲ႔ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲကို စတင္ ကိုင္တြယ္သြားမွာလည္းျဖစ္ပါတယ္။
crd

unicode

ယူနိုက်တက်လိုအသင်းမျိုးကကမ်းလှမ်းလာမှုကိုပယ်ချဖို့မဖြစ်နိုင်ဘူးဆိုတဲ့နည်းပြရန်းနစ်ရဲ့ သတင်းစားရှင်းလင်းပွဲမှ အဓိကအချက်၃ချက်

Ideaအသစ်တွေနဲ့ ပေါင်းစပ်ခြင်းက မလွယ်ကူခြင်း

လက်ရှိယူနိုက်တက်အသင်းမှာ ငယ်ရွယ်ပြီး ပင်ကိုယ်စွမ်းရည်ရှိတဲ့ကစားသမားတွေ အများကြီးရှိသလို အတွေ့ကြုံများတဲ့ ကစားသမားတွေလည်း လုံလုံလောင်လောက်ရှိတယ်လို့ ကျွန်တော်ထင်တယ်။ဒါပေမယ့် ကျွန်တော့်ရဲ့ အဓိကပစ်မှတ်က နောက်လာမယ့် ၂ရက် နဲ့ ၂ပတ်လောက်အတွင်းမှာ အသင်းကို ဟန်ချက်ညီအောင် လုပ်ဆောင်သွားဖို့ပါပဲ။ကျွန်တော့်ရဲ့ ချဥ်းကပ်ပုံတွေက အသင်းကို ဟန်ချက်ညီဖို့နဲ့ ပွဲတစ်ပွဲအပေါ်မှာ ကောင်းကောင်းထိန်းချုပ်နိုင်ဖို့ဖြစ်ပါတယ်။ မနေ့က အာဆင်နယ်နဲ့ ပွဲက ပရိတ်သတ်တွေအတွက် စိတ်လှုပ်ရှားစရာကောင်းခဲ့တယ်။ဒါပေမယ့် ကျွန်တော်လို အနာဂတ်အတွက်ကို အစီစဥ်တကျလုပ်တဲ့ နည်းပြအတွက် ဒီလိုပွဲမျိုးမဟုတ်ဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်က ပြိုင်ဘက်အသင်းကို ပေးဂိုးအနည်းဆုံးဖြစ်ချင်တာ။ပြီးတော့ ပွဲကိုလည်း ကိုယ့်အသင်းကပဲ ထိန်းချုပ်ထားချင်တာ။ခရစ်စတယ်ပဲလေ့အသင်းနဲ့ ပွဲမတိုင် ကျွန်တော့်မှာ အသင်းနဲ့ လေ့ကျင့်ဖို့အချိန် တစ်ရက်ပဲရမယ်။အဲ့ဒိတစ်ရက်တာ လေ့ကျင့်ရေးအစီစဥ်က မင်းလိုချင်တဲ့ ပုံစံမျိုးတော့ အလုံးစုံပြောင်းလဲနိုင်ဦးမှာမဟုတ်ဘူး။ဒါပေမယ့် ကျွန်တော့်အနေနဲ့ ကစားသမားတွေကို မိတ်ဆက်မယ်၊သူတို့နဲ့စကားပြောမယ်၊ပြီးတော့ သူတို့ကိုလည်း ကျွန်တော်လိုချင်တဲ့ပုံစံ ပွဲတစ်ပွဲအပေါ်ဘယ်လို ချဥ်းကပ်ချင်သလဲဆိုတာကို သိအောင်လုပ်မယ်။တစ်ကယ်တော့ ရာသီဝက်မှာ အသင်းကိုစကိုင်ရတာ လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး။ဒါပေမယ့် ခင်များအနေနဲ့ (၁)ရက် (၂)ရက် သို့ (၁)ပတ် (၂)ပတ်အတွင်း ပြောင်းလဲလို့ မရတဲ့အရာကို သိဖို့ ကျွန်တော့်မှာ အတွေ့ကြုံကောင်းကောင်းရှိပါတယ်။အခုပရီးမီးယားလိဂ်မှာ ရှိနေကြတဲ့ အခြားဂျာမန် နည်းပြတွေလည်း ဒီလိုအတွေ့အကြုံတွေ ရှိပြီးသားပါ။ မနက်ဖြန်ဆိုရင်တောင်(ယနေ့) ကျွန်တော်အနေနဲ့ မနေ့က Arsenal နဲ့ပွဲမှာ ကစားခဲ့ကြတဲ့ ကစားသမားတွေကို အတင်းအကြပ်လေ့ကျင့်စေတာမျိုး လုပ်လို့ မရသေးဘူး။ဘာလို့လဲဆိုတော့ လာမယ့် Crystal Palaceနဲ့ ပွဲစဥ်အတွက် သူတို့မှာ လုံလောက်တဲ့ အားအင်ရှိဖို့နဲ့ လန်းဆန်းနေဖို့ ကျွန်တော်က လုပ်ပေးရမှာပါ။ကျွန်တော့်အနေနဲ့ သူတို့ကို ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေကို တကယ်ကို လုပ်ပေးလို့ မရသေးဘူး။အဲ့တော့ သူတို့ကို ကူညီဖို့ တစ်ခုတည်းသော နည်းလမ်းက စိတ်ပိုင်းဆိုင်ရာအတွက် ခွန်အားတွေပေးဖို့ပါပဲ။

အသင်းရဲ့ သမိုင်းကြောင်းကို လေးစားသောအားဖြင့် ယူနိုက်တက် ဗီဇ(DNA)ကို ပြန်လည်ဖော်ထုတ်ရန်

Sir Alex ယူနိုက်တက်မှာ ၂၇နှစ်ကြာ အလုပ်လုပ်ပြီးတော့ များစွာသော ဆုဖလားတွေကို ရယူပေးခဲ့တယ်။ ဒါဟာ နှစ်ပေါင်းကြာမြင့်စွာ လုပ်ခဲ့တဲ့ နည်းပြအတွက် ပြိုင်ဘက်ကင်းပါပဲ။ယခုလို နည်းပေါင်းအကြာကြီးအောင်မြင်ခဲ့တဲ့ အသင်းဟာ လမ်းအသစ်ဖောက်ချင်တာ(အောင်မြင်မှုတွေထပ်ယူလိုခြင်း)ဟာ ကျွန်တော့်အနေနဲ့ အထူးဆန်းကြီးတော့ မဟုတ်ပါဘူး။ယူနိုက်တက်မှာ Sir Alex ထွက်သွားပြီးနောက်ပိုင်း နည်းပြ (၅)ယောက် သို့ (၆)ယောက်လောက်ပြောင်းလဲပြီး အုပ်ချုပ်မှုအပိုင်းတွေ အများကြီး ပြောင်းလဲခဲ့ပြီးပြီ။ဒါကြောင့် United DNA(ယူနိုက်တက်ဗီဇ)ပါတဲ့ ကစားသမားတွေ ခေါ်ယူခြင်း၊ခေါ်ယူလိုက်တဲ့ ကစားသမားကို တိုးတက်အောင်လုပ်ခြင်း၊ကစားသမားတွေကို ထိန်းသိမ်းခြင်းတွေက အသင်းအတွက် ခက်ခဲနေခဲ့တာပါ။ကျွန်တော့်အနေနဲ့ DNA ဆိုတာကလည်း မော်ဒန်ဘောလုံးလောက အတွက် အရေးကြီးနေသေးတယ်လို့ ထင်တယ်။အဲ့တော့ ယူနိုက်တက်မှာ အပြောင်းလဲတွေများစွာ ရှိခဲ့တယ်ဆိုတာ ကျွန်တော်အနေနဲ့ အထူးအဆန်းကြီးမဟုတ်ပါဘူး။ အနာဂတ်မှာ ကျွန်တော်တို့အတွက် ရွေးချယ်စရာတွေအများကြီးရှိတယ်လို့ ထင်တယ်။ကျွန်တော်အပါဝင်၊ဘုတ်အဖွဲ့ဝင်တွေရောပေါ့။ဘာပဲဖြစ်ဖြစ်အနာဂတ်မှာ တိုးတက်လာဖို့ အရေးကြီးပါတယ်။အဲ့တော့ အုပ်ချုပ်မှု/စီစဥ်မှု အပိုင်းမှာ အရင်ကလို အပြောင်းလဲတွေအများကြီး လုပ်သွားတော့မှာ မဟုတ်ပါဘူး။ အသင်းရဲ့ အမွေနှစ်က ပြိုင်ဘက်ကင်းပါပဲ။ဒီလို သမိုင်းကြောင်းနဲ့ DNA ရှိတဲ့ အသင်းမျိုးက အများကြီး မရှိပါဘူး။ဒါဟာ အမွေနှစ်သာမက ဒီအသင်းအတွက် အလုပ်လုပ်ပေးနေကြတဲ့ လူတိုင်းအတွက် ကျေနပ်စရာတွေပါ။အဲ့တော့ ကျွန်တော်တို့ အနေနဲ့ ဒီအမွေနှစ်တွေကို ထိန်းသိမ်းပြီး ယူနိုက်တက် DNA(ဗီဇ)ကို ပြန်လည် တူးဖော်ရပါမယ်။

မိမိအနေနဲ့ ရော်နယ်ဒိုကို သဘောကျခြင်း

ရော်နယ်ဒိုက မတူညီတဲ့အရာတွေကို လွယ်လွယ်လေးလုပ်ပြနိုင်သေးတဲ့ ကစားသမားတသ်ယောက်အဖြစ် ရှိနေဆဲပါ။ဒါက ကျွန်တော်တို့ တစ်သင်းလုံးကို တိုးတက်စေမယ့် အရာပါ။ရော်နယ်ဒိုတစ်ယောက်တည်းသာမက ကျွန်တော်တို့အားလုံးဟာ ကမ္ဘာပေါ်က ပြိုင်ဆိုင်မှုအပြင်းဆုံး လိဂ်မှာ ကစားနေကြတာပါ။အဲ့တော့ကစားသမားတိုင်းက ကစားကွက်အခင်းအကျင်းတွက် အရေးပါပါတယ်။ မနေ့က ရော်နယ်ဒိုဆီက ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ အရာတွေက အသင်းတစ်သင်းမှာ သူလုပ်ပြနိုင်တာထက် ပိုတယ်ဆိုတာပါပဲ။တစ်ခြားကစားသမားတွေလည်း သူ့လိုဖြစ်နေဖို့ လိုပါတယ်။

ကမ်းလှမ်းပုံချင်းအတူတူမှာ ချဲလ်ဆီးကိုကျ ငြင်းပြီး ဘာကြောင့် ယူနိုက်တက်ကို လက်ခံခဲ့ရလဲဆိုတာကို ရန်းနစ်ဂ်က အခုလိုပဲ ရှင်းပြခဲ့ပါတယ်။ ရန်းနစ်ဂ်က “အဲ့ဒီအချိန်တုန်းက ချဲလ်ဆီးက ကျနော့်ဆီ ဆက်သွယ်ခဲ့ပြီး (၄) လလောက်ပဲ အသင်းကို ကိုင်တွယ်ဖို့ ပြောပါတယ်။ အဲ့ဒီထက် မပိုပါဘူး”“အခု ကျနော်က (၆) လခွဲ စာချုပ်ချုပ်ဆိုထားပြီး အဲ့ဒီနောက်မှာ အတိုင်ပင်ခံရာထူးနဲ့ နောက်ထပ် (၂) နှစ် ဆက်ရှိနေမှာပါ။ နောက်ပြီး ယူနိုက်တက်လို အသင်းမျိုးက ခင်ဗျားကို ကမ်းလှမ်းလာရင် ခင်ဗျားအတွက် ဒါကို ပယ်ချဖို့ မဖြစ်နိုင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ရန်းနစ်ဂ်ဟာ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးပွဲအဖြစ် ဒီဇင်ဘာ (၅) မှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲကို စတင် ကိုင်တွယ်သွားမှာလည်းဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *