ယူႏိုက္တက္ရဲ႕ ေ႐ႊေရာင္ေန႔ရက္ေတြအတြက္ တန္ဟက္ဂ်္ကို ေက်းဇူးတင္စကားေျပာၾကားလိုက္တဲ့ သရဲနီအႀကီးစားဖန္ အူစိန္ေဘာ့
|ယူႏိုက္တက္ရဲ႕ ေ႐ႊေရာင္ေန႔ရက္ေတြအတြက္ တန္ဟက္ဂ်္ကို ေက်းဇူးတင္စကားေျပာၾကားလိုက္တဲ့ သရဲနီအႀကီးစားဖန္ အူစိန္ေဘာ့
မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေ႐ႊေရာင္ဖုံးလႊမ္းတဲ့ ေန႔ရက္ေတြဆီ ျပန္ယူေဆာင္လာေပးခဲ့တဲ့အတြက္ နည္းျပ အဲရစ္ တန္ဟန႔္ကို ေက်းဇူးတင္ေၾကာင္း ကမာၻ႔အေျပးအျမန္ဆုံးလူသား အူစိန္ေဘာ့က ေျပာဆိုခဲ့ပါတယ္။ အူစိန္ေဘာ့ဟာ ဖူလ္ဟမ္အသင္းကို ၃ ဂိုး- ၁ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားကြာတားဖိုင္နယ္ပြဲစဥ္ကို အိုးထရက္ဖို႔ဒ္မွာ လာေရာက္အားေပးခဲ့ၿပီးပြဲအၿပီးမွာ ေတြ႕ဆုံခဲ့တာ ျဖစ္ပါတယ္။
မန္ယူအသင္းဟာ နည္းျပ တန္ဟန႔္ရဲ႕ လက္ေအာက္မွာ ေျခာက္ႏွစ္တာဖလားလက္မဲ့အခ်ိန္ကာလကို အဆုံးသတ္ႏိုင္ခဲ့တာေၾကာင့္ မန္ယူအသင္းရဲ႕ အမာခံပရိသတ္ျဖစ္သူ မီတာ ၁၀၀၊ ၂၀၀ စံခ်ိန္ရွင္ အူစိန္ေဘာ့က အလြန္ေပ်ာ္႐ႊင္လ်က္ရွိတာ ျဖစ္ပါတယ္။ ” သူ႔ကို ကြၽန္ေတာ္ ပထမဆုံးေျပာလိုက္တာက ‘ ေက်းဇူးပါ ‘ ဆိုတဲ့ စကားျဖစ္တယ္ ” ” အဲ့ဒီမွာ သူက ‘ ဘာအတြက္ ေက်းဇူးတင္တာလဲ ‘ ဆိုၿပီး ျပန္ေျပာတယ္၊ ကြၽန္ေတာ္က ‘ ေ႐ႊေရာင္လႊမ္းတဲ့ ေန႔ရက္ေတြ ျပန္လည္ၿပီး ယူေဆာင္လာေပးခဲ့တာေၾကာင့္ပါ ‘ ဆိုၿပီး ေျပာခဲ့ပါတယ္။
ေႏြရာသီမွာ ဘယ္သူ႔ကို ေခၚမလဲကအစ ကြၽန္ေတာ္ ေမးခဲ့တယ္၊ အဲ့ဒီမွာ သူက ‘ ခင္ဗ်ားမွာ အႀကံဉာဏ္ေတြ ရွိသလား ‘ ဆိုၿပီး ျပန္ေမးခဲ့တယ္။ အဲ့ဒါက ႐ိုးရွင္းၿပီး ေပ်ာ္စရာေကာင္းတဲ့ ” စကားေျပာတာျဖစ္ခဲ့ပါတယ္။ အခု မန္ယူအသင္းကို ၾကည့္ရတာ ေကာင္းပါတယ္။ ဒီအသင္းက အတူတကြစည္းလုံးၾကတယ္။ သူတို႔က အတူတူအလုပ္လုပ္ေနၾကတာပါ၊ သူတို႔က ႀကိဳးႀကိဳးစားစားလုပ္ေနၾကၿပီးေတာ့၊ အခုဆိုရင္ ရည္႐ြယ္ခ်က္ကို ျမင္ႏိုင္ပါတယ္၊ သူတို႔ရဲ႕ ကစားပုံမွာ ဆုံးျဖတ္ခ်က္ကို ျမင္ႏိုင္တယ္။
သူ႔လုပ္ငန္းစဥ္ကို ကြၽန္ေတာ္ အရမ္းႀကိဳက္တယ္၊ သူက အမ်ားႀကီးပိုလုပ္ေပးလိမ့္အုန္းမယ္ဆိုတာ ေျပာႏိုင္တယ္။ အနာဂါတ္မွာ ဆုဖလားေတြအမ်ားႀကီး ကြၽန္ေတာ္တို႔ ရအုန္းမာပါ၊ ဒီ့အတြက္ ကြၽန္ေတာ္ စိတ္လႈက္ရွားပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ကစားသမားေတြကို ၾကည့္ရတာ အေတာ္ေလးေကာင္းတဲ့ ရာသီတစ္ခု ျဖစ္ပါတယ္။ ကစားသမားတိုင္းက တိုးတက္ေနၾကၿပီးေတာ့၊ ပိုေကာင္းလာၾကတယ္ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။
crd
unicode
ယူနိုက်တက်ရဲ့ ရွှေရောင်နေ့ရက်တွေအတွက် တန်ဟက်ဂျ်ကို ကျေးဇူးတင်စကားပြောကြားလိုက်တဲ့ သရဲနီအကြီးစားဖန် အူစိန်ဘော့
မန်ချက်စတာယူနိုက်တက်အသင်းကို ရွှေရောင်ဖုံးလွှမ်းတဲ့ နေ့ရက်တွေဆီ ပြန်ယူဆောင်လာပေးခဲ့တဲ့အတွက် နည်းပြ အဲရစ် တန်ဟန့်ကို ကျေးဇူးတင်ကြောင်း ကမ္ဘာ့အပြေးအမြန်ဆုံးလူသား အူစိန်ဘော့က ပြောဆိုခဲ့ပါတယ်။ အူစိန်ဘော့ဟာ ဖူလ်ဟမ်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဥ်ကို အိုးထရက်ဖို့ဒ်မှာ လာရောက်အားပေးခဲ့ပြီးပွဲအပြီးမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ နည်းပြ တန်ဟန့်ရဲ့ လက်အောက်မှာ ခြောက်နှစ်တာဖလားလက်မဲ့အချိန်ကာလကို အဆုံးသတ်နိုင်ခဲ့တာကြောင့် မန်ယူအသင်းရဲ့ အမာခံပရိသတ်ဖြစ်သူ မီတာ ၁၀၀၊ ၂၀၀ စံချိန်ရှင် အူစိန်ဘော့က အလွန်ပျော်ရွှင်လျက်ရှိတာ ဖြစ်ပါတယ်။ ” သူ့ကို ကျွန်တော် ပထမဆုံးပြောလိုက်တာက ‘ ကျေးဇူးပါ ‘ ဆိုတဲ့ စကားဖြစ်တယ် ” ” အဲ့ဒီမှာ သူက ‘ ဘာအတွက် ကျေးဇူးတင်တာလဲ ‘ ဆိုပြီး ပြန်ပြောတယ်၊ ကျွန်တော်က ‘ ရွှေရောင်လွှမ်းတဲ့ နေ့ရက်တွေ ပြန်လည်ပြီး ယူဆောင်လာပေးခဲ့တာကြောင့်ပါ ‘ ဆိုပြီး ပြောခဲ့ပါတယ်။
နွေရာသီမှာ ဘယ်သူ့ကို ခေါ်မလဲကအစ ကျွန်တော် မေးခဲ့တယ်၊ အဲ့ဒီမှာ သူက ‘ ခင်ဗျားမှာ အကြံဉာဏ်တွေ ရှိသလား ‘ ဆိုပြီး ပြန်မေးခဲ့တယ်။ အဲ့ဒါက ရိုးရှင်းပြီး ပျော်စရာကောင်းတဲ့ ” စကားပြောတာဖြစ်ခဲ့ပါတယ်။ အခု မန်ယူအသင်းကို ကြည့်ရတာ ကောင်းပါတယ်။ ဒီအသင်းက အတူတကွစည်းလုံးကြတယ်။ သူတို့က အတူတူအလုပ်လုပ်နေကြတာပါ၊ သူတို့က ကြိုးကြိုးစားစားလုပ်နေကြပြီးတော့၊ အခုဆိုရင် ရည်ရွယ်ချက်ကို မြင်နိုင်ပါတယ်၊ သူတို့ရဲ့ ကစားပုံမှာ ဆုံးဖြတ်ချက်ကို မြင်နိုင်တယ်။
သူ့လုပ်ငန်းစဥ်ကို ကျွန်တော် အရမ်းကြိုက်တယ်၊ သူက အများကြီးပိုလုပ်ပေးလိမ့်အုန်းမယ်ဆိုတာ ပြောနိုင်တယ်။ အနာဂါတ်မှာ ဆုဖလားတွေအများကြီး ကျွန်တော်တို့ ရအုန်းမာပါ၊ ဒီ့အတွက် ကျွန်တော် စိတ်လှုက်ရှားပါတယ်။ ကျွန်တော်တို့ရဲ့ ကစားသမားတွေကို ကြည့်ရတာ အတော်လေးကောင်းတဲ့ ရာသီတစ်ခု ဖြစ်ပါတယ်။ ကစားသမားတိုင်းက တိုးတက်နေကြပြီးတော့၊ ပိုကောင်းလာကြတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။
crd