ယူႏိုက္တက္ရဲ႕ ဂိုးေပါက္မွာ နံပါတ္တစ္ေနရာအတြက္ တိုက္ပြဲဝင္ၾကမယ့္ ဒီဂီယာ ႏွင့္ ဟင္ဒါဆန္တို႔ရဲ႕ ကံၾကမၼာကို အဆုံးအျဖတ္ေပးမယ့္ ကိန္းဂဏန္းမ်ား

ယူႏိုက္တက္ရဲ႕ ဂိုးေပါက္မွာ နံပါတ္တစ္ေနရာအတြက္ တိုက္ပြဲဝင္ၾကမယ့္ ဒီဂီယာ ႏွင့္ ဟင္ဒါဆန္တို႔ရဲ႕ ကံၾကမၼာကို အဆုံးအျဖတ္ေပးမယ့္ ကိန္းဂဏန္းမ်ား

ဒီႏွစ္အေျပာင္းအေ႐ြ႕ေဈးကြက္မွာ ယူနိက္တက္အတြက္ အႀကီးအက်ယ္ေခါင္းခဲစရာ ျပႆနာေတြထဲက တစ္ခုျဖစ္တဲ့ ဂိုးသမားျပႆနာနဲ႔ပက္သက္ၿပီး ဒီကေန႔မနက္မွာေတာ့ သတင္းထူးလာပါတယ္။အိုေလ ဂန္းနား ဆိုးရွားအေနနဲ႔ လာမယ့္ ေဘာလုံးရာသီမွာ ေဒးဗစ္ ဒီဂီယာ ႏွင့္ ဒီး ဟင္ဒါဆန္တို႔ၾကား ေ႐ြးခ်ယ္မႈျပဳလုပ္ရဖို႔ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ ဟင္ဒါဆန္က (၁,၁၂၅ ) မိနစ္ ကစားခဲ့ၿပီး ဒီဂီယာက ( ၂,၂၉၅ ) မိနစ္ ပါဝင္ခြင့္ရခဲ့ပါတယ္။
ယူနိက္တက္က တရားဝင္ထုတ္ျပန္လိုက္တာမဟုတ္ေပမယ့္ အေျပာင္းအေ႐ြ႕သတင္းေတြမွာ နာမည္ႀကီးသတင္းေထာက္တစ္ဦးျဖစ္တဲ့Rudy Galettiကေတာ့ ယူနိက္တက္ဟာ ေဒးဗစ္ဒီဂီယာကို ရဲ႕ကံၾကမၼာကို ဒီႏွစ္မွာ အဌားထြက္ကစားေစလိမ့္မယ္လို႔ေရးသားခဲ့ပါတယ္။

သို႔ေသာ္ ဒီဂီယာကေတာ့ သူ႔ရဲ႕ ျမင့္မားတဲ့လစာေၾကာင့္ အသင္းမွာပဲဆက္ရွိေနခ်င္ၿပီး နံပါတ္တစ္ေနရာေရာက္ေအာင္ျပန္ႀကိဳးစားမယ္လို႔ေတာ့ ေျပာၾကားထားပါတယ္။
ယူနိက္တက္ဘက္က ခိုင္မာတဲ့ သတင္းရင္းျမစ္တစ္ဦးရဲ႕ ေျပာဆိုခ်က္အရ ယူနိက္တက္ဟာ အသင္းရဲ႕ေဈးအႀကီးဆုံးကစားသမားကို အဌားထြက္ကစားေစေတာ့မယ္လို႔ဆုံးျဖတ္ထားေၾကာင္းသိရပါတယ္။ၿပီးခဲ့တဲ့ ရာသီမွာ မန္ခ်က္စတာယူနိက္တက္အသင္းဟာ ဒီဂီယာကို နံပါတ္တစ္ဂိုးသမားကေန ဟန္ဒါဆန္နဲ႔ အေျပာင္းအလဲ လုပ္ခဲ့ပါတယ္။

ဒီဂီယာဟာ အသင္းမွာ လခအမ်ားဆုံးရေနတဲ့ကစားသမားျဖစ္ၿပီး ယူ႐ိုပါလိဂ္ဖိုင္နယ္မွာ ပယ္နတီတစ္လုံးမွမဝင္တဲ့အျပင္ လြဲေခ်ာ္ခဲ့လို႔ ေဝဖန္မႈေတာ္ေတာ္ေလးခံခဲ့ရပါတယ္။
တစ္ဖက္မွာလည္း ယူနိက္တက္အသင္းရဲ႕ စိတ္ဓါတ္ျပင္းတဲ့ ဂိုးသမားဟန္ဒါဆန္က ဒီႏွစ္မွာ နံပါတ္တစ္ေနရာကို မရဘူးဆိုရင္ အသင္းကထြက္သြားမယ္လို႔ ေျပာၾကားထားတဲ့အတြက္ ဒီဂီယာအတြက္ ယူႏိုက္တက္တို႔ ေ႐ြးခ်ယ္စရာသိပ္မရွိပါဘူး။

Rudy Galettiေရးသားထားကေတာ့ ယူနိက္တက္အသင္းဟာ ဒီဂီယာရဲ႕မ်ားျပားတဲ့လစာေငြေၾကာင့္လည္း ဒီလိုဆုံးျဖတ္မႈျဖစ္လာေစတယ္လို႔ဆိုပါတယ္.ဒီဂီယာဟာ အိုးထရက္ဖို႔ကေန လာလီဂါအသင္းေတြျဖစ္တဲ့ ဗန္လန္စီယာနဲ႔ဗီလာရီးရဲလ္အသင္းတို႔ကိုသြားႏိုင္ေခ်မ်ားတယ္လို႔ဆိုပါတယ္။ အဲ့ဒီအသင္းေတြက ဒီဂီယာကို စိတ္ဝင္စားေနၾကပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကေတာ့ ဟန္ဒါဆန္ကစားခြင့္ရတဲ့အခ်ိန္နဲ႔ ဒီဂီယာႏႈိင္းယွဥ္ခ်က္မွာ ဟန္ဒါဆန္ကပရီးမီးယားလိဂ္မွာ ၇၆ရာခိုင္ႏႈန္းအထိ ဂိုးေပါက္ကာကြယ္ထားႏိုင္ၿပီး ဒီဂီယာကေတာ့ ၆၇ရာခိုင္ႏႈန္းျဖစ္ပါတယ္။
သူတို႔ ( ၂ ) ဦးၾကားမွာ ပြဲကစားခ်ိန္ ကြာဟမႈ ႀကီးမားေနေပမယ့္ ဟင္ဒါဆန္ရဲ႕ ပါဝင္မႈက သုံးသပ္ခ်က္ထုတ္ဖို႔အတြက္ လုံေလာက္မႈရွိတယ္လို႔ ယူဆမိပါတယ္။ေနာက္ၿပီး စာရင္းအခ်က္အလက္ေတြအရ သူကစားခ်ိန္မွာ မန္ခ်က္စတာ ယူႏိုက္တက္က ပိုၿပီးေအာင္ျမင္မႈရွိခဲ့တာ ေတြ႕ရပါတယ္။

ေဘာလုံးေဒတာ ဝက္ဆိုဒ္တစ္ခုျဖစ္တဲ့ FBRef အရ ယူႏိုက္တက္အသင္းဟာ ဟင္ဒါဆန္ မိနစ္ ( ၃၀ ) အထက္ႏွင့္အထက္ ကစားခဲ့တဲ့ပြဲစဥ္ေတြမွာ ပ်မ္းမွ် ( ၂.၄၆ ) မွတ္ရယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ ေဒးဗစ္ ဒီဂီယာ ကစားခ်ိန္မွာေတာ့ တစ္ပြဲ ပ်မ္းမွ် ( ၁.၇၃ ) မွတ္သာ ရရွိခဲ့ပါတယ္။ဒီဂီယာ ပြဲထြက္ကစားခဲ့တဲ့ ( ၂၆ ) ပြဲမွာ ယူႏိုက္တက္က ( ၁၂ ) ပြဲ အႏိုင္ရခဲ့ပါတယ္။ဟင္ဒါဆန္ ကစားခဲ့တဲ့ ( ၁၂ ) ပြဲမွာေတာ့ ယူႏိုက္တက္က ( ၉ ) ပြဲထိ အႏိုင္ရရွိခဲ့ပါတယ္။ဒါေၾကာင့္ ယူႏိုက္တက္က ဟင္ဒါဆန္ ကစားတဲ့ ပြဲစဥ္ေတြမွာ ပိုၿပီး ရလာဒ္ေကာင္းေတြ ပိုင္ဆိုင္ခဲ့တာ ထင္ရွားပါတယ္။

ေနာက္ၿပီး ပြဲအေရအတြက္ ေလ်ာ့နည္းခဲ့ေပမယ့္ ဟင္ဒါဆန္ က ၿပိဳင္ပြဲစုံ clean sheets ( ၁၃ ) ႀကိမ္ ရယူႏိုင္ခဲ့ၿပီး ဒီဂီယာကေတာ့ ( ၁၂ ) ႀကိမ္သာ ပိုင္ဆိုင္ခဲ့ပါတယ္။ဒါ့အျပင္ ဟင္ဒါဆန္ က ဒီဂီယာ ထက္ပိုၿပီး တက္ႂကြမႈရွိတာလည္းေတြ႕ရပါတယ္။
အဂၤလန္လက္ေ႐ြးစင္က ပရီးမီးယားလိဂ္ ( ၁၂ ) ပြဲမွာ ျဖတ္တင္‌ေဘာ ( ၉ ) ႀကိမ္ကို တားဆီးႏိုင္ခဲ့ၿပီး ဒီဂီယာကေတာ့ ( ၂၆ ) ပြဲမွာ ( ၉ ) ႀကိမ္သာ ႀကိဳတင္ ျဖတ္ေတာက္ႏိုင္ခဲ့ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ယူနိက္တက္အတြက္က ေ႐ြးခ်ယ္စရာသိပ္မရွိလို႔ ၂ေယာက္ထဲကတစ္ေယာက္ေသခ်ာေ႐ြးရေတာ့မွာျဖစ္ပါတယ္။ ယူနိက္တက္မွာ ဒီေႏြမွာအသစ္ေရာက္လာတဲ့တြမ္ဟန္တန္ကလည္းရွိေနေသးပါတယ္။ မန္ဖန္ေတြေရာဘယ္လိုထင္လဲ ဒီဂီယာကို အဌားခ်သင့္တယ္ထင္လား?
crd

Unicode
ယူနိုက်တက်ရဲ့ ဂိုးပေါက်မှာ နံပါတ်တစ်နေရာအတွက် တိုက်ပွဲဝင်ကြမယ့် ဒီဂီယာ နှင့် ဟင်ဒါဆန်တို့ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် ကိန်းဂဏန်းများ

ဒီနှစ်အပြောင်းအရွေ့ဈေးကွက်မှာ ယူနိက်တက်အတွက် အကြီးအကျယ်ခေါင်းခဲစရာ ပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ ဂိုးသမားပြဿနာနဲ့ပက်သက်ပြီး ဒီကနေ့မနက်မှာတော့ သတင်းထူးလာပါတယ်။အိုလေ ဂန်းနား ဆိုးရှားအနေနဲ့ လာမယ့် ဘောလုံးရာသီမှာ ဒေးဗစ် ဒီဂီယာ နှင့် ဒီး ဟင်ဒါဆန်တို့ကြား ရွေးချယ်မှုပြုလုပ်ရဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ဟင်ဒါဆန်က (၁,၁၂၅ ) မိနစ် ကစားခဲ့ပြီး ဒီဂီယာက ( ၂,၂၉၅ ) မိနစ် ပါဝင်ခွင့်ရခဲ့ပါတယ်။
ယူနိက်တက်က တရားဝင်ထုတ်ပြန်လိုက်တာမဟုတ်ပေမယ့် အပြောင်းအရွေ့သတင်းတွေမှာ နာမည်ကြီးသတင်းထောက်တစ်ဦးဖြစ်တဲ့Rudy Galettiကတော့ ယူနိက်တက်ဟာ ဒေးဗစ်ဒီဂီယာကို ရဲ့ကံကြမ္မာကို ဒီနှစ်မှာ အဌားထွက်ကစားစေလိမ့်မယ်လို့ရေးသားခဲ့ပါတယ်။

သို့သော် ဒီဂီယာကတော့ သူ့ရဲ့ မြင့်မားတဲ့လစာကြောင့် အသင်းမှာပဲဆက်ရှိနေချင်ပြီး နံပါတ်တစ်နေရာရောက်အောင်ပြန်ကြိုးစားမယ်လို့တော့ ပြောကြားထားပါတယ်။

ယူနိက်တက်ဘက်က ခိုင်မာတဲ့ သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောဆိုချက်အရ ယူနိက်တက်ဟာ အသင်းရဲ့ဈေးအကြီးဆုံးကစားသမားကို အဌားထွက်ကစားစေတော့မယ်လို့ဆုံးဖြတ်ထားကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ ရာသီမှာ မန်ချက်စတာယူနိက်တက်အသင်းဟာ ဒီဂီယာကို နံပါတ်တစ်ဂိုးသမားကနေ ဟန်ဒါဆန်နဲ့ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။

ဒီဂီယာဟာ အသင်းမှာ လခအများဆုံးရနေတဲ့ကစားသမားဖြစ်ပြီး ယူရိုပါလိဂ်ဖိုင်နယ်မှာ ပယ်နတီတစ်လုံးမှမဝင်တဲ့အပြင် လွဲချော်ခဲ့လို့ ဝေဖန်မှုတော်တော်လေးခံခဲ့ရပါတယ်။

တစ်ဖက်မှာလည်း ယူနိက်တက်အသင်းရဲ့ စိတ်ဓါတ်ပြင်းတဲ့ ဂိုးသမားဟန်ဒါဆန်က ဒီနှစ်မှာ နံပါတ်တစ်နေရာကို မရဘူးဆိုရင် အသင်းကထွက်သွားမယ်လို့ ပြောကြားထားတဲ့အတွက် ဒီဂီယာအတွက် ယူနိုက်တက်တို့ ရွေးချယ်စရာသိပ်မရှိပါဘူး။

Rudy Galettiရေးသားထားကတော့ ယူနိက်တက်အသင်းဟာ ဒီဂီယာရဲ့များပြားတဲ့လစာငွေကြောင့်လည်း ဒီလိုဆုံးဖြတ်မှုဖြစ်လာစေတယ်လို့ဆိုပါတယ်.ဒီဂီယာဟာ အိုးထရက်ဖို့ကနေ လာလီဂါအသင်းတွေဖြစ်တဲ့ ဗန်လန်စီယာနဲ့ဗီလာရီးရဲလ်အသင်းတို့ကိုသွားနိုင်ချေများတယ်လို့ဆိုပါတယ်။ အဲ့ဒီအသင်းတွေက ဒီဂီယာကို စိတ်ဝင်စားနေကြပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ ဟန်ဒါဆန်ကစားခွင့်ရတဲ့အချိန်နဲ့ ဒီဂီယာနှိုင်းယှဉ်ချက်မှာ ဟန်ဒါဆန်ကပရီးမီးယားလိဂ်မှာ ၇၆ရာခိုင်နှုန်းအထိ ဂိုးပေါက်ကာကွယ်ထားနိုင်ပြီး ဒီဂီယာကတော့ ၆၇ရာခိုင်နှုန်းဖြစ်ပါတယ်။

သူတို့ ( ၂ ) ဦးကြားမှာ ပွဲကစားချိန် ကွာဟမှု ကြီးမားနေပေမယ့် ဟင်ဒါဆန်ရဲ့ ပါဝင်မှုက သုံးသပ်ချက်ထုတ်ဖို့အတွက် လုံလောက်မှုရှိတယ်လို့ ယူဆမိပါတယ်။နောက်ပြီး စာရင်းအချက်အလက်တွေအရ သူကစားချိန်မှာ မန်ချက်စတာ ယူနိုက်တက်က ပိုပြီးအောင်မြင်မှုရှိခဲ့တာ တွေ့ရပါတယ်။

ဘောလုံးဒေတာ ဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ FBRef အရ ယူနိုက်တက်အသင်းဟာ ဟင်ဒါဆန် မိနစ် ( ၃၀ ) အထက်နှင့်အထက် ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ပျမ်းမျှ ( ၂.၄၆ ) မှတ်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒေးဗစ် ဒီဂီယာ ကစားချိန်မှာတော့ တစ်ပွဲ ပျမ်းမျှ ( ၁.၇၃ ) မှတ်သာ ရရှိခဲ့ပါတယ်။ဒီဂီယာ ပွဲထွက်ကစားခဲ့တဲ့ ( ၂၆ ) ပွဲမှာ ယူနိုက်တက်က ( ၁၂ ) ပွဲ အနိုင်ရခဲ့ပါတယ်။ဟင်ဒါဆန် ကစားခဲ့တဲ့ ( ၁၂ ) ပွဲမှာတော့ ယူနိုက်တက်က ( ၉ ) ပွဲထိ အနိုင်ရရှိခဲ့ပါတယ်။ဒါကြောင့် ယူနိုက်တက်က ဟင်ဒါဆန် ကစားတဲ့ ပွဲစဉ်တွေမှာ ပိုပြီး ရလာဒ်ကောင်းတွေ ပိုင်ဆိုင်ခဲ့တာ ထင်ရှားပါတယ်။

နောက်ပြီး ပွဲအရေအတွက် လျော့နည်းခဲ့ပေမယ့် ဟင်ဒါဆန် က ပြိုင်ပွဲစုံ clean sheets ( ၁၃ ) ကြိမ် ရယူနိုင်ခဲ့ပြီး ဒီဂီယာကတော့ ( ၁၂ ) ကြိမ်သာ ပိုင်ဆိုင်ခဲ့ပါတယ်။ဒါ့အပြင် ဟင်ဒါဆန် က ဒီဂီယာ ထက်ပိုပြီး တက်ကြွမှုရှိတာလည်းတွေ့ရပါတယ်။

အင်္ဂလန်လက်ရွေးစင်က ပရီးမီးယားလိဂ် ( ၁၂ ) ပွဲမှာ ဖြတ်တင်‌ဘော ( ၉ ) ကြိမ်ကို တားဆီးနိုင်ခဲ့ပြီး ဒီဂီယာကတော့ ( ၂၆ ) ပွဲမှာ ( ၉ ) ကြိမ်သာ ကြိုတင် ဖြတ်တောက်နိုင်ခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ယူနိက်တက်အတွက်က ရွေးချယ်စရာသိပ်မရှိလို့ ၂ယောက်ထဲကတစ်ယောက်သေချာရွေးရတော့မှာဖြစ်ပါတယ်။ ယူနိက်တက်မှာ ဒီနွေမှာအသစ်ရောက်လာတဲ့တွမ်ဟန်တန်ကလည်းရှိနေသေးပါတယ်။ မန်ဖန်တွေရောဘယ်လိုထင်လဲ ဒီဂီယာကို အဌားချသင့်တယ်ထင်လား?

crd

Add a Comment

Your email address will not be published. Required fields are marked *