ယူႏိုက္တက္ရဲ႕ ကြင္းလယ္လူ တုတ္ႀကီးကို ယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလအတြင္းမွာ ေခၚယူဖို႔ႀကိဳးစားေနတဲ့ နယူးကာဆယ္ယူႏိုက္တက္အသင္း
|ယူႏိုက္တက္ရဲ႕ ကြင္းလယ္လူ တုတ္ႀကီးကို ယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလအတြင္းမွာ ေခၚယူဖို႔ႀကိဳးစားေနတဲ့ နယူးကာဆယ္ယူႏိုက္တက္အသင္း
ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ယွဥ္ၿပိဳင္ေနရတဲ့ နယူးကာဆယ္အသင္းက ပုံမွန္ပြဲထြက္ခြင့္မရေတာ့တဲ့ ယူႏိုက္တက္ကြင္းလယ္လူကို ေခၚယူဖို႔ ႀကိဳးစားေန
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ စေကာ့တလန္ကြင္းလယ္လူ မက္တြန္မီေနးသည္ စက္တင္ဘာလကတည္းက ပရီးမီးယားလိဂ္ပြဲစဥ္မ်ားမွာ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ခြင့္ မရခဲ့ပါဘူး ။ ဒါဟာ ႏြေရာသီမွာ အဲရစ္ဆင္ႏွင့္ ကာစီမဲ႐ိုးတို႔ကို ေခၚယူထားခဲ့ေသာ အဲရစ္တန္ဟဂ္ေၾကာင့္ သူ႔ရဲ႕ပြဲထြက္ခြင့္ေနရာကို ဆုံးရႈံးခဲ့ရျခင္းျဖစ္သည္။
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ လိဂ္တြင္း ၿပိဳင္ဘက္အသင္းတစ္သင္းျဖစ္တဲ့ နယူးကာဆယ္ယူႏိုက္တက္အသင္းသည္ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ပြဲထြက္ခြင့္ေတြဆုံးရႈံးေနတဲ့ မက္တြန္မီေနးကို ယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလအတြင္းမွာ ေခၚယူႏိုင္မည့္ အေျခအေနမ်ိဳးမ်ားႏွင့္ပတ္သတ္ၿပီး ေစာင့္ၾကည့္ေနေၾကာင္း သတင္းမ်ားက ဆိုထားပါသည္။
ဂ်ာနယ္လစ္ Ben Jacobs ၏ ေျပာၾကားခ်က္အရ နယးကာဆယ္အသင္းသည္ သူရဲနီကြင္းလယ္လူကို စိတ္ဝင္စားေနေသာ္လည္း ယခုကာလအတြင္းမွာ ေခၚယူႏိုင္မည့္ အလားအလာအေပၚ နယူးကာဆယ္အသင္းက မေသခ်ာေၾကာင္း ဝန္ခံခဲ့သည္။ ကာဆယ္နည္းျပ Eddie Howe ဘက္မွ ယင္းစေကာ့တလန္ကြင္းလယ္လူကို ၎တို႔အသင္းထံ ယခုလအတြင္း ေခၚေဆာင္ရန္ စိတ္ဝင္စားေနေၾကာင္း The Mirrorမွ မၾကာေသးမီက ေဖာ္ျပထားခဲ့သည္။
ႏြေရာသီတြင္ အိုးထရက္ဖိုဒ့္ထံ Casemiro ေရာက္ရွိလာၿပီးေနာက္ McTominayသည္ အိုးလ္ထရက္ဖို႔ဒ္တြင္ သူ႔ရဲ႕အခန္းဂဏၭဟာ သိသိသာသာ က်ဆင္းသြားေစခဲ့သည္။ အသက္ 26 ႏွစ္အ႐ြယ္ရွိၿပီျဖစ္သည့္ အဆိုပါကစားသမားသည္ ယူႏိုက္တက္၏ အဖြင့္ ပရီးမီးယားလိဂ္ 7 ပြဲတြင္ 6 ပြဲ စတင္ကစားခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ပြဲထြက္စာရင္းတြင္ ပါဝင္ျခင္းမရွိေပ။ ကြင္းလယ္ကစားသမားသည္ 2017 ခုႏွစ္တြင္ သူ၏ပထမဆုံးပြဲဦးထြက္ကတည္းက သူရဲနီတို႔အတြက္ ပြဲ 190 ထိကစားထားသည္။
တြန္မီေနးကို နယူးကာဆယ္အသင္းက ေခၚယူဖို႔ ႀကိဳးပမ္းျခင္းႏွင့္ ပတ္သက္၍ သတင္းေထာက္ Jacobs က ” McTominay လိုမ်ိဳး တစ္ေယာက္ေယာက္က Eddie Howe ရဲ႕နည္းဗ်ဴဟာအတိုင္း လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေပါင္းထည့္ႏိုင္တဲ့အတြက္ ဒါဟာ ဆိုး႐ြားတဲ့ ေခၚယူမႈတစ္ခုလို႔ ကြၽန္ေတာ္ မထင္ပါဘူး။ အခု ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ရမွာပါ၊ 1) နယူးကာဆယ္ကို ေျပာင္းေ႐ႊ႕မလားဆိုတာ ေသခ်ာေပါက္ စိတ္ဝင္စားစရာ ရွိေနပါတယ္။ 2) အကယ္၍ မန္ခ်က္စတာယူႏိုက္တက္သည္ ေရာင္းထုတ္ရန္ အဆင္သင့္ျဖစ္ပါက၊ အေရးႀကီးသည့္အခ်က္မွာ ၎တို႔ႏွင့္ ယွဥ္ၿပိဳင္ေနေသာ ၿပိဳင္ဘက္ကို ေရာင္းခ်ရန္ အဆင္သင့္ျဖစ္ေနပါသလားဆိုတာပါ။ ”
ဒါေတြအားလုံးရဲ႕ အဓိကအခ်က္ကေတာ့ မက္တိုမီေနးဟာ နယူးကာဆယ္ ဒါမွမဟုတ္ ဘယ္ကလပ္ျဖစ္ျဖစ္ သူပြဲကစားခ်ိန္ရဖို႔ ထြက္ခြါရန္ လိုလားေနႏိုင္ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္ကေတာ့ သူ႔နားလည္မႈအရ သူ႔ကို တကယ္မေရာင္းခ်င္ပါဘူး၊ ဆိုလိုတာကေတာ့ နယူးကာဆယ္အသင္းက သူတို႔ၿပိဳင္ဘက္အသင္းျဖစ္တာေၾကာင့္ သူ႔ကိုစိတ္ဝင္စားတဲ့ တျခားအသင္းတစ္သင္းကိုသာ Erik ten Hag က ေရာင္းခ်ဖို႔ ဆုံးျဖတ္သြားႏိုင္ပါတယ္။ ဒါေပမယ့္ သူက ကစားသမားေတြ ဒီေလာက္အမ်ားႀကီး ထြက္သြားတာကို မလိုခ်င္ဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္။” ဟု ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါသည္။
crd
Unicode
ယူနိုက်တက်ရဲ့ ကွင်းလယ်လူ တုတ်ကြီးကို ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ ခေါ်ယူဖို့ကြိုးစားနေတဲ့ နယူးကာဆယ်ယူနိုက်တက်အသင်း
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယှဉ်ပြိုင်နေရတဲ့ နယူးကာဆယ်အသင်းက ပုံမှန်ပွဲထွက်ခွင့်မရတော့တဲ့ ယူနိုက်တက်ကွင်းလယ်လူကို ခေါ်ယူဖို့ ကြိုးစားနေ
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စကော့တလန်ကွင်းလယ်လူ မက်တွန်မီနေးသည် စက်တင်ဘာလကတည်းက ပရီးမီးယားလိဂ်ပွဲစဉ်များမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့် မရခဲ့ပါဘူး ။ ဒါဟာ နွရောသီမှာ အဲရစ်ဆင်နှင့် ကာစီမဲရိုးတို့ကို ခေါ်ယူထားခဲ့သော အဲရစ်တန်ဟဂ်ကြောင့် သူ့ရဲ့ပွဲထွက်ခွင့်နေရာကို ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လိဂ်တွင်း ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းသည် မန်ချက်စတာယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်တွေဆုံးရှုံးနေတဲ့ မက်တွန်မီနေးကို ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ ခေါ်ယူနိုင်မည့် အခြေအနေမျိုးများနှင့်ပတ်သတ်ပြီး စောင့်ကြည့်နေကြောင်း သတင်းများက ဆိုထားပါသည်။
ဂျာနယ်လစ် Ben Jacobs ၏ ပြောကြားချက်အရ နယးကာဆယ်အသင်းသည် သူရဲနီကွင်းလယ်လူကို စိတ်ဝင်စားနေသော်လည်း ယခုကာလအတွင်းမှာ ခေါ်ယူနိုင်မည့် အလားအလာအပေါ် နယူးကာဆယ်အသင်းက မသေချာကြောင်း ဝန်ခံခဲ့သည်။ ကာဆယ်နည်းပြ Eddie Howe ဘက်မှ ယင်းစကော့တလန်ကွင်းလယ်လူကို ၎င်းတို့အသင်းထံ ယခုလအတွင်း ခေါ်ဆောင်ရန် စိတ်ဝင်စားနေကြောင်း The Mirrorမှ မကြာသေးမီက ဖော်ပြထားခဲ့သည်။
နွရောသီတွင် အိုးထရက်ဖိုဒ့်ထံ Casemiro ရောက်ရှိလာပြီးနောက် McTominayသည် အိုးလ်ထရက်ဖို့ဒ်တွင် သူ့ရဲ့အခန်းဂဏ္ဌဟာ သိသိသာသာ ကျဆင်းသွားစေခဲ့သည်။ အသက် 26 နှစ်အရွယ်ရှိပြီဖြစ်သည့် အဆိုပါကစားသမားသည် ယူနိုက်တက်၏ အဖွင့် ပရီးမီးယားလိဂ် 7 ပွဲတွင် 6 ပွဲ စတင်ကစားခဲ့သော်လည်း နောက်ပိုင်းတွင် ပွဲထွက်စာရင်းတွင် ပါဝင်ခြင်းမရှိပေ။ ကွင်းလယ်ကစားသမားသည် 2017 ခုနှစ်တွင် သူ၏ပထမဆုံးပွဲဦးထွက်ကတည်းက သူရဲနီတို့အတွက် ပွဲ 190 ထိကစားထားသည်။
တွန်မီနေးကို နယူးကာဆယ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းခြင်းနှင့် ပတ်သက်၍ သတင်းထောက် Jacobs က ” McTominay လိုမျိုး တစ်ယောက်ယောက်က Eddie Howe ရဲ့နည်းဗျူဟာအတိုင်း လိုက်လျောညီထွေဖြစ်အောင် ပေါင်းထည့်နိုင်တဲ့အတွက် ဒါဟာ ဆိုးရွားတဲ့ ခေါ်ယူမှုတစ်ခုလို့ ကျွန်တော် မထင်ပါဘူး။ အခု ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ၊ 1) နယူးကာဆယ်ကို ပြောင်းရွှေ့မလားဆိုတာ သေချာပေါက် စိတ်ဝင်စားစရာ ရှိနေပါတယ်။ 2) အကယ်၍ မန်ချက်စတာယူနိုက်တက်သည် ရောင်းထုတ်ရန် အဆင်သင့်ဖြစ်ပါက၊ အရေးကြီးသည့်အချက်မှာ ၎င်းတို့နှင့် ယှဉ်ပြိုင်နေသော ပြိုင်ဘက်ကို ရောင်းချရန် အဆင်သင့်ဖြစ်နေပါသလားဆိုတာပါ။ ”
ဒါတွေအားလုံးရဲ့ အဓိကအချက်ကတော့ မက်တိုမီနေးဟာ နယူးကာဆယ် ဒါမှမဟုတ် ဘယ်ကလပ်ဖြစ်ဖြစ် သူပွဲကစားချိန်ရဖို့ ထွက်ခွါရန် လိုလားနေနိုင်ပေမယ့် မန်ချက်စတာယူနိုက်တက်ကတော့ သူ့နားလည်မှုအရ သူ့ကို တကယ်မရောင်းချင်ပါဘူး၊ ဆိုလိုတာကတော့ နယူးကာဆယ်အသင်းက သူတို့ပြိုင်ဘက်အသင်းဖြစ်တာကြောင့် သူ့ကိုစိတ်ဝင်စားတဲ့ တခြားအသင်းတစ်သင်းကိုသာ Erik ten Hag က ရောင်းချဖို့ ဆုံးဖြတ်သွားနိုင်ပါတယ်။ ဒါပေမယ့် သူက ကစားသမားတွေ ဒီလောက်အများကြီး ထွက်သွားတာကို မလိုချင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။” ဟု ထုတ်ဖော်ပြောကြားသွားခဲ့ပါသည်။
crd