



crd

unicode

ယူနိုက်တက်ရဲ့အားနည်းချက်ကို ထောက်ပြလိုက်တဲ့ ကီဗင်ဒီဘရိုင်းနား

မန်စီးတီးကွင်းလယ်လူ ဒီဘရန်းနားက မန်ယူသည် ရန်းနစ်စိတ်ကြိုက်ဖြစ်သော အမြန်နှုန်းမြင့် ပြိုင်ဘက်ကို ဖိအားပေးသည့် ကစားဟန်ကို လိုက်ကစားရန် ကြံ့ခိုင်မှုပြည့်ဝခြင်းမရှိဟု ဝေဖန်ပြောဆိုလိုက်သည်။ မန်ယူသည် ဂွာဒီယိုလာ၏အသင်းနှင့် သက်လုံခြင်းမယှဉ်နိုင်ဟု ဒီဘရန်းနားက ဝေဖန်လိုက်ခြင်းဖြစ်သည်။ထိုပွဲတွင် ဒီဘရန်းနားက နှစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပြီး မန်စီးတီးက ၄-၁ ဖြင့် အနိုင်ရရှိကာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းရန် နီးစပ်သွားပြီဖြစ်သည်။

မန်စီးတီးသည် ဒုတိယနေရာမှ လီဗာပူးထက် ၆ မှတ်သာနေပြီး လီဗာပူးက ပွဲကျန်တစ်ပွဲ ကစားရန်ရှိသည်။ယာယီမန်နေဂျာရန်းနစ်သည် မန်ယူကို စတင်တာဝန်ယူပြီးနောက် လီဗာပူးနှင့် မန်စီးတီးတို့ကဲ့သို့ ပြိုင်ဘက်ကို မြန်နှုန်းမြင့်ဖိအားပေးသည့် ပုံစံဖြင့် ကစားရန် ကြိုးစားခဲ့သည်။ သို့ရာတွင် မန်ယူသည် ထိုသို့ကစားရန်လိုအပ်သည့် ခွန်အားနှင့် ကြံ့ခိုင်မှု လိုအပ်သဖြင့် မိနစ် ၉၀ လုံး ရန်းနစ်လိုချင်သကဲ့သို့ ကစားနိုင်မှု မရှိခြင်းဖြစ်ကြောင်း ဒီဘရန်းနားက ပြောဆိုလိုက်သည်။

ဒီဘရန်းနားက “ပြင်းပြင်းထန်ထန် ဖိအားပေးကစားဟန်က ကစားရတာ ခက်ခဲတတ်ပါတယ်။ မန်ယူက လိုအပ်သလို လိုက်မကစားနိုင်သေးတာဖြစ်မယ်။ တစ်သင်းလုံးအနေနဲ့ ဒီကစားဟန်ကို မိနစ် ၉၀ လုံးလုံး ကစားနိုင်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ ပွဲရဲ့နောက်ဆုံး ၁၀ မိနစ်ကို အရန်ခုံကနေ ကျွန်တော်ကြည့်တဲ့အခါ သူတို့လိုက်မကစားနိုင်တော့တာ တွေ့ရပါတယ်။ ဒါကြောင့် နေရာလွတ်တွေ ပိုများလာတာ တွေ့ခဲ့ရပါတယ်။

သူတို့က ပွဲကို လက်လျှော့လိုက်တာ မဟုတ်ပါဘူး။ သူတို့ကြိုးစားနေပေမယ့် ခက်ခဲနေတာပါ။ မန်ယူက ပွဲအစမှာ ဖိအားပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းလာခဲ့ပြီး နေရာလွတ်တွေကို ပိုပြီးရှာတွေ့လာခဲ့ပါတယ်”ဟု ပြောဆိုခဲ့သည်။မန်စီးတီးသည် ဧပြီလ ၁၀ ရက်နေ့တွင် လီဗာပူးနှင့် အီတီဟက်၌ ကစားရန်ရှိပြီး ထိုပွဲသည် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးသွားဖွယ်ရှိသည်။

Add a Comment

Your email address will not be published. Required fields are marked *