crd
unicode
ယူနိုက်တက်ရဲ့အမှတ်တံဆိပ်အတွက် လက်ကျန်ပွဲတိုင်းကို ဗိုလ်လုပွဲသဖွယ် တိုက်ပွဲဝင်သွားမယ်လို့ဆိုလိုက်တဲ့ သရဲနီခံစစ်မှူး မာတီနက်ဇ်
မန်ယူက နယူးကာဆယ်ကို ၂-၀ ဂိုးနဲ့ ရှုံးခဲ့တဲ့ တနင်္ဂနွေနေ့ ပွဲအပြီးမှာ နည်းပြ အဲရစ်တန်ဟတ်နဲ့ နည်းပြအဖွဲ့ဝင်တွေ တစ်ယောက်မှ မပါဘဲ ယူနိုက်တက် အသင်းသားတွေချည်း သီးသန့် စုဖွဲ့ပြီး စကားပြောခဲ့တဲ့အကြောင်းကို နောက် ခံလူ လီဆန်ဒရို မာတီနက်ဇ်က ဘရန်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ပြောပြပါတယ်။
စိန့်ဂျိမ်းပါ့ခ်မှာ ငှက်ကျားတွေကို ဒူးထောက်ခဲ့ရပြီးတဲ့နောက် မန်ယူ အသင်းသားတွေ အကုန်လုံး စုစုစည်းစည်းနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ကြတာ ကြောင့် ဘရန်ဖို့ဒ်နဲ့ပွဲမှာ ကစားပုံ တိုးတက်မှုရှိလာသလို ပေးဂိုးမရှိ နိုင်ပွဲတစ် ပွဲလည်း ရခဲ့ပြီး တစ်လကျော်ကင်းကွာနေတဲ့ ပရီးမီးယားလိဂ် နိုင်ပွဲကို ပြန်ပြီး ရခဲ့တာဖြစ်ပါတယ်။ ကာဆယ်ကို အရှက်တကွဲ ရှုံးပြီးတဲ့နောက် အဝတ်လဲခန်းထဲမှာ ယူနိုက်တက် ကစားသမားတွေချည်းပဲ သီးသန့် ပြောခဲ့တဲ့အကြောင်း ကို မာတီနက်ဇ်က အခုလို ပြောပါတယ်။
‘’အသင်းလိုက် စုဖွဲ့ပြီး စကားပြော ကြတာပါ။ အခုလိုမျိုး ကစားနေလို့ကတော့ မဖြစ်တော့ဘူးဆိုတာ ကျွန်တော် တို့ သိပါတယ်။ အထူးသဖြင့် အဲဒီလိုမျိုး ပွဲတွေမှာပေါ့လေ။ အစပိုင်းမှာ ကျွန် တော်ပြောခဲ့သလိုပဲ။ ပြိုင်ဘက်အသင်းထက် ပိုပြီး ကျွန်တော်တို့က တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ နိုင်ပွဲရလိုစိတ်ပြင်းထန်မှုနဲ့အတူ ကစားရမှာဖြစ်ပြီး စွမ်း အားကောင်းကောင်းနဲ့ ကစားရမှာပါ။ သိတယ်မဟုတ်လား။ နောက်ဆုံးကျတော့လည်း ကျွန်တော်တို့အသင်းက တကယ်ကောင်းတာပါပဲ။ ဒါကြောင့် အားလုံးဟာ ကစားပြဖို့အတွက် အဆင်သင့် ဖြစ်နေရပါမယ်’’ လို့ မာတီနက်ဇ် က ဘရန်ဖို့ဒ်နဲ့ ပွဲအပြီးမှာ နယူးကာဆယ်နဲ့ ပွဲကအကြောင်းကို ပြောသွားခဲ့တာပါ။
နောက်ပြီး နည်းပြအက်ဒီဟောင်းရဲ့ အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲမှာ သရဲနီ တွေဟာ စွမ်းဆောင်ရည်လျော့နေတယ်ဆိုတဲ့ အသင်းဖော်လုခ်ရှောရဲ့ စကားကိုလည်း အာဂျင်တီးနားသားက လက်သင့်ခံပါတယ်။ ‘’ကျွန်တော်က သူ့ကို လုံး၀ သဘောတူပါတယ်။ ဒီလိုပွဲမျိုးကို ရှုံးတာမျိုးဟာ ဘယ်လိုမှ မဖြစ် သင့်ပါဘူး။ အထူးသဖြင့် နယူးကာဆယ်လို အသင်းမျိုးပေါ့လေ။ အခုဆိုရင် ပွဲ တိုင်းဟာ ဗိုလ်လုပွဲတွေလို ဖြစ်နေပြီး နိုင်ပွဲရလိုမှုအပြည့်နဲ့ ကစားရမှာဖြစ်ပါတယ်။ နောက်ပြီး အဆင်သင့်ဖြစ်နေရမယ်။ ထက်မြက်နေရမယ်။ ၃ မှတ်ရဖို့ အတွက် တိုက်ပွဲ ဝင်ကို ဝင်နေရမယ်။ အဲဒီလိုမျိုး မလုပ်ဘူးဆိုရင်တော့ အသင်းကို မလေးမစား လုပ်တဲ့သဘောကို ပြနေတာပါပဲ။ ပွဲတိုင်းကို တိုက်ပွဲ ဝင်ဖို့ အဆင်သင့်ဖြစ်နေရမှာ ဖြစ်တယ်။ မန်ယူရဲ့ အမှတ်တံဆိပ်အတွက် တိုက်ပွဲဝင်နေတာမျိုး ဖြစ်ရမယ်’’ လို့ မာတီနက်ဇ်က လုခ်ရှောရဲ့ စကားကို ထောက်ခံပြီး ပြောသွားခဲ့ပါတယ်။
Add a Comment
Your email address will not be published. Required fields are marked *