ယူႏိုက္တက္မွာ ဆရာေဟာင္း တန္ဟက္ဂ်္နဲ႔လက္တြဲခြင့္ရဖို႔ စိတ္အားထက္သန္ေနတဲ့ စြယ္စုံရ ေအဂ်က္စ္ၾကယ္ပြင့္ကစားသမား ကူဒက္စ္

ေအဂ်က္စ္အသင္းရဲ႕ ဂါနာ ကြင္းလယ္ကစားသမား မိုဟာမက္ကူဒက္စ္က သူရဲ႕ ဆရာသမားေဟာင္း အဲရစ္တန္ဟက္ဂ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ လက္တြဲရရွိႏိုင္ဖို႔ ေမွ်ာ္လင့္လ်က္ ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ အသက္(၂၂)ႏွစ္သာ ရွိေသးတဲ့ ဂါနာ လက္ေ႐ြးစင္ ကစားသမား ကူဒက္စ္ကို ေအဂ်က္စ္နည္းျပေဟာင္း တန္ဟက္ဂ္က ဒိန္းမတ္ကလပ္ ေနာ့ဂ်ယ္လန္းအသင္းကေန ေခၚယူခဲ့တာျဖစ္ၿပီး မယုံႏိုင္ေလာက္စရာ အလားအလာေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ ကစားသမားလို႔ပါ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။

ကြင္းလယ္တိုက္စစ္ ေနရာအျပင္ ကြင္းလယ္ဗဟိုနဲ႔ လိုအပ္ရင္ တိုက္စစ္ေနရာအထိပါ ကစားတတ္သူ ကူဒက္စ္ဟာ ဒီရာသီမွာေတာ့ ေအဂ်က္စ္အသင္းအတြက္ ၿပိဳင္ပြဲစုံ (၃၂)ပြဲ ပါဝင္ကစားထားခဲ့ၿပီး (၁၆)ဂိုး သြင္းယူထားသလို (၃)ဂိုးလည္း ဖန္တီးႏိုင္ခဲ့ပါတယ္။ ကူဒက္စ္ဟာ ၿပီးခဲ့တဲ့ ၂၀၂၂ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း ဂါနာအတြက္ ေျခစြမ္းေတြ ျပသသြားခဲ့သလို ေတာင္ကိုရီးယားနဲ႔ပြဲမွာလည္း သြင္းဂိုးေတြ သြင္းယူႏိုင္ခဲ့ပါတယ္။ လက္ရွိရာသီမွာလည္း ေျခစြမ္းပိုင္း ပိုမို ထက္ျမက္လာခဲ့တဲ့ ကူဒက္စ္ကို ဥေရာပ ကလပ္အသင္းေတြနဲ႔ ပရီးမီးယားလိဂ္အသင္းေတြက စိတ္ဝင္စားလာခဲ့ၿပီး ကူဒက္စ္ ဆရာေဟာင္း ကိုင္တြယ္ေနတဲ့ မန္ယူႏိုက္တက္အသင္းပါ ကူဒက္စ္ကို ေစာင့္ၾကည့္လာခဲ့ပါတယ္။

တန္ဟက္ဂ္အေနနဲ႔ ေအဂ်က္စ္ကေန ယူႏိုက္တက္အသင္းဆီ ေျပာင္းေ႐ႊ႕ ကိုင္တြယ္စဥ္က အသင္းက အန္တိုနီနဲ႔ လီဆန္ဒ႐ိုမာတီနက္ဇ္တို႔ကို တစ္ပါတည္း ေခၚေဆာင္သြားခဲ့တာျဖစ္လို႔ ကူဒက္စ္ကလည္း သူ႔ကိုပါ ယူႏိုက္တက္ဆီ ေခၚေဆာင္ဖို႔နဲ႔ ဆရာေဟာင္းနဲ႔ ျပန္လည္ လက္တြဲဖို႔ ေမွ်ာ္လင့္လာခဲ့တာ ျဖစ္ပါတယ္။

ေအဂ်က္စ္အသင္းက ဒီရာသီမွာ ကူဒက္စ္ကို RW CF AM မတူညီတဲ့ ေနရာအစုံမွာ အသုံးျပဳေစခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ CF အျဖစ္ အသုံးျပဳခဲ့တဲ့ ပြဲစဥ္တိုင္းလိုလို သြင္းဂိုး ရယူႏိုင္ခဲ့သလို ေနာက္ပိုင္းပြဲေတြမွာ RW ေျပာင္းကစားေတာ့လည္း ဂိုးေတြ ထပ္မံ သြင္းယူလာႏိုင္ခဲ့ပါတယ္။နည္းျပတန္ဟတ္က ကစားသမားရဲအရည္ခ်င္းနဲ႔ပတ္သက္ၿပီးမီးယားလိဂ္မွာကစားႏိုင္ဖို႔အဆင္ေျပႏိုင္ေၾကာင္းအျပည့္အဝယုံၾကည္လွ်က္ရွိေၾကာင့္သိရပါတယ္။ ဒါေၾကာင့္ ဒီလို ေနရာစုံ ကစားႏိုင္တဲ့ ကူဒက္စ္ကို တန္ဟက္ဂ္က လာမဲ့ေႏြမွာ ယူႏိုက္တက္ဆီ ေခၚေဆာင္သြားႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရပါမယ္။
crd

unicode

ယူနိုက်တက်မှာ ဆရာဟောင်း တန်ဟက်ဂျ်နဲ့လက်တွဲခွင့်ရဖို့ စိတ်အားထက်သန်နေတဲ့ စွယ်စုံရ အေဂျက်စ်ကြယ်ပွင့်ကစားသမား ကူဒက်စ်

အေဂျက်စ်အသင်းရဲ့ ဂါနာ ကွင်းလယ်ကစားသမား မိုဟာမက်ကူဒက်စ်က သူရဲ့ ဆရာသမားဟောင်း အဲရစ်တန်ဟက်ဂ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ လက်တွဲရရှိနိုင်ဖို့ မျှော်လင့်လျက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အသက်(၂၂)နှစ်သာ ရှိသေးတဲ့ ဂါနာ လက်ရွေးစင် ကစားသမား ကူဒက်စ်ကို အေဂျက်စ်နည်းပြဟောင်း တန်ဟက်ဂ်က ဒိန်းမတ်ကလပ် နော့ဂျယ်လန်းအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး မယုံနိုင်လောက်စရာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားလို့ပါ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ကွင်းလယ်တိုက်စစ် နေရာအပြင် ကွင်းလယ်ဗဟိုနဲ့ လိုအပ်ရင် တိုက်စစ်နေရာအထိပါ ကစားတတ်သူ ကူဒက်စ်ဟာ ဒီရာသီမှာတော့ အေဂျက်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၂)ပွဲ ပါဝင်ကစားထားခဲ့ပြီး (၁၆)ဂိုး သွင်းယူထားသလို (၃)ဂိုးလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ကူဒက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဂါနာအတွက် ခြေစွမ်းတွေ ပြသသွားခဲ့သလို တောင်ကိုရီးယားနဲ့ပွဲမှာလည်း သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိရာသီမှာလည်း ခြေစွမ်းပိုင်း ပိုမို ထက်မြက်လာခဲ့တဲ့ ကူဒက်စ်ကို ဥရောပ ကလပ်အသင်းတွေနဲ့ ပရီးမီးယားလိဂ်အသင်းတွေက စိတ်ဝင်စားလာခဲ့ပြီး ကူဒက်စ် ဆရာဟောင်း ကိုင်တွယ်နေတဲ့ မန်ယူနိုက်တက်အသင်းပါ ကူဒက်စ်ကို စောင့်ကြည့်လာခဲ့ပါတယ်။

တန်ဟက်ဂ်အနေနဲ့ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ ကိုင်တွယ်စဉ်က အသင်းက အန်တိုနီနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ကို တစ်ပါတည်း ခေါ်ဆောင်သွားခဲ့တာဖြစ်လို့ ကူဒက်စ်ကလည်း သူ့ကိုပါ ယူနိုက်တက်ဆီ ခေါ်ဆောင်ဖို့နဲ့ ဆရာဟောင်းနဲ့ ပြန်လည် လက်တွဲဖို့ မျှော်လင့်လာခဲ့တာ ဖြစ်ပါတယ်။

အေဂျက်စ်အသင်းက ဒီရာသီမှာ ကူဒက်စ်ကို RW CF AM မတူညီတဲ့ နေရာအစုံမှာ အသုံးပြုစေခဲ့ပြီး ချန်ပီယံလိဂ်မှာ CF အဖြစ် အသုံးပြုခဲ့တဲ့ ပွဲစဉ်တိုင်းလိုလို သွင်းဂိုး ရယူနိုင်ခဲ့သလို နောက်ပိုင်းပွဲတွေမှာ RW ပြောင်းကစားတော့လည်း ဂိုးတွေ ထပ်မံ သွင်းယူလာနိုင်ခဲ့ပါတယ်။နည်းပြတန်ဟတ်က ကစားသမားရဲအရည်ချင်းနဲ့ပတ်သက်ပြီးမီးယားလိဂ်မှာကစားနိုင်ဖို့အဆင်ပြေနိုင်ကြောင်းအပြည့်အဝယုံကြည်လျှက်ရှိကြောင့်သိရပါတယ်။ ဒါကြောင့် ဒီလို နေရာစုံ ကစားနိုင်တဲ့ ကူဒက်စ်ကို တန်ဟက်ဂ်က လာမဲ့နွေမှာ ယူနိုက်တက်ဆီ ခေါ်ဆောင်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Add a Comment

Your email address will not be published. Required fields are marked *