ယူႏိုက္တက္မွာ ကစားခ်င္လြန္းလို႔ ေျပာင္းေ႐ြ႕ခြင့္ရဖို႔ သူကိုယ္တိုင္ေအးဂ်င့္လုပ္ေနတဲ့ နယ္သာလန္လက္ေ႐ြးစင္ တိုက္စစ္မႉး ဗက္ေဟာ့စ္
|ယူႏိုက္တက္မွာ ကစားခ်င္လြန္းလို႔ ေျပာင္းေ႐ြ႕ခြင့္ရဖို႔ သူကိုယ္တိုင္ေအးဂ်င့္လုပ္ေနတဲ့ နယ္သာလန္လက္ေ႐ြးစင္ တိုက္စစ္မႉး ဗက္ေဟာ့စ္
တန္ဟက္ဂ္ရဲ႕ ေဟာ္လန္ရီေဗာ္လူးရွင္းမွာ ပါဝင္ကစားရဖို႔ စိတ္ျပင္းျပေနလို႔ သူကိုယ္တိုင္ ဘက္ဆစ္တပ္ ၊ ဘန္ေလတို႔နဲ႔ ညႇိႏႈိင္းေနတဲ့ တိုက္စစ္မႉး ဗက္ေဟာ့စ္
ခ်န္ပီယံရွစ္ကလပ္ ဘန္ေလ ကေန တူရကီ နာမည္ႀကီးကလပ္ ဘက္ဆစ္တပ္ဆီ တရာသီအငွားနဲ႔ သြားေရာက္ ကစားေနတဲ့ ဗက္ေဟာ့စ္က ယခု အေျပာင္းအေ႐ႊ႕ အတြင္းမွာ မန္ခ်က္စတာ ယူႏိုက္တက္ဆီ အငွားနဲ႔ ေျပာင္းေ႐ႊ႕ႏိုင္ဖို႔ သူကိုယ္တိုင္ ဘန္ေလ ၊ ဘက္ဆစ္တပ္တို႔ရဲ႕ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံကာ ညႇိႏႈိင္းမႈေတြ ျပဳလုပ္ေနေၾကာင္း ယုံၾကည္ စိတ္ခ်ရတဲ့ သတင္းရင္းျမစ္ေတြက ေဖာ္ျပသြားၾကပါတယ္။
အသက္ ၃၀ အ႐ြယ္ နယ္သာလန္ လက္ေ႐ြးစင္ တိုက္စစ္မႉး ဗက္ေဟာ့စ္က ယခုႏွစ္ ေဘာလုံးရာသီမွာ တူရကီ နာမည္ႀကီးကလပ္ ဘက္ဆစ္တပ္နဲ႔အတူ ေျခစြမ္းေကာင္းေတြ ျပသထားႏိုင္တဲ့ တိုက္စစ္မႉး ျဖစ္ၿပီး သူက ဘက္ဆစ္တပ္ အတြက္ ၿပိဳင္ပြဲစုံမွာ ၁၈ပြဲ ပါဝင္ ကစားထားရာ သြင္းဂိုး ၉ဂိုး သြင္းယူထားႏိုင္ကာ ဂိုးဖန္တီးမႈ ၄ႀကိမ္ ျပဳလုပ္ထားႏိုင္သူပါ။တဖက္မွာေတာ့ မန္ခ်က္စတာ ယူႏိုက္တက္က ယခု ေဆာင္းေဈးကြက္ အတြင္းမွာ သူတို႔ရဲ႕ တိုက္စစ္ျပႆနာကို ေျဖရွင္းဖို႔ ေရတိုေျဖရွင္းနည္း အျဖစ္ နံပါတ္၉ တိုက္စစ္မႉး တဦးကို အငွားနဲ႔ ေခၚယူဖို႔ ဆုံးျဖတ္ထားၿပီး မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ နည္းျပျဖစ္သူ အဲရစ္ တန္ဟက္ဂ္က သူနဲ႔ တႏိုင္ငံထဲသား ဗက္ေဟာ့စ္ကို ေခၚယူခ်င္ေနပါတယ္။
ဗက္ေဟာ့စ္ကလည္း သူ႔ရဲ႕ ကစားသမား ဘဝမွာ ရွားရွားပါးပါး ရလာတဲ့ မန္ခ်က္စတာ ယူႏိုက္တက္ဆီ ေျပာင္းေ႐ႊ႕ခြင့္ကို လက္လႊတ္မခံလိုပဲ တန္ဟက္ဂ္နဲ႔ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ကမ္းလွမ္းမႈကို ရလာတဲ့ အခ်ိန္မွာ ခ်က္ခ်င္းဆိုသလို ဘန္ေလရဲ႕ တာဝန္ရွိသူေတြထံ ဆက္သြယ္ကာ သူ႔ကို အသင္းေျပာင္းႏိုင္ေအာင္ ကူညီေပးဖို႔ ေျပာၾကားခဲ့ေၾကာင္း ယုံၾကည္ စိတ္ခ်ရတဲ့ သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုက ဆိုပါတယ္။ဒါ့အျပင္ ဗက္ေဟာ့စ္က ဘက္ဆစ္တပ္အတြက္ ေနာက္ဆုံး ကစားေပးထားတဲ့ ဘက္ဆစ္တပ္ ၂-၁ ကာဆင္ပါဆာ ပြဲစဥ္မွာ ဂိုးသြင္းယူၿပီးေနာက္ ဘက္ဆစ္တပ္ရဲ႕ ပရိသတ္ေတြကို ႏႈတ္ဆက္ခဲ့ၿပီး ယေန႔မနက္ အေစာပိုင္းမွာလည္း ဗက္ေဟာ့စ္က ဘက္ဆစ္တပ္ရဲ႕ ဥကၠဌထံ သူကိုယ္တိုင္ ဆက္သြယ္ကာ သူ႔ကို အသင္းေျပာင္းခြင့္ ေပးဖို႔ ေတာင္းခံခဲ့ေၾကာင္း တူရကီ အေျခစိုက္ နာမည္ႀကီး သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။
ဘက္ဆစ္တပ္ကေတာ့ သူတို႔ဆီ အငွားနဲ႔ လာေရာက္ ကစားေနတဲ့ ဗက္ေဟာ့စ္ကို လိုခ်င္ရင္ ေလ်ာ္ေၾကးေပးရမယ္လို႔ တရားဝင္ အသိေပးထားၿပီး မန္ခ်က္စတာ ယူႏိုက္တက္ကေတာ့ ဗက္ေဟာ့စ္ အတြက္ အငွားေၾကး ယူ႐ို ၂သန္း ဝန္းက်င္ သုံးစြဲဖို႔ အဆင္သင့္ ရွိေနတာေၾကာင့္ ဘန္ေလက ဘက္ဆစ္တပ္နဲ႔ မန္ခ်က္စတာ ယူႏိုက္တက္တို႔ ၾကားထဲမွာ ဗက္ေဟာ့စ္ အတြက္ ၾကားဝင္ ညႇိႏႈိင္းေပးေနကာ မၾကာခင္မွာပဲ ဗက္ေဟာ့စ္ဟာ မန္ခ်က္စတာ ယူႏိုက္တက္ဆီ ေျပာင္းေ႐ႊ႕ႏိုင္ဖို႔ ရွိေနေၾကာင္း သိရပါတယ္။crd
Unicode
ယူနိုက်တက်မှာ ကစားချင်လွန်းလို့ ပြောင်းရွေ့ခွင့်ရဖို့ သူကိုယ်တိုင်အေးဂျင့်လုပ်နေတဲ့ နယ်သာလန်လက်ရွေးစင် တိုက်စစ်မှူး ဗက်ဟော့စ်
တန်ဟက်ဂ်ရဲ့ ဟော်လန်ရီဗော်လူးရှင်းမှာ ပါဝင်ကစားရဖို့ စိတ်ပြင်းပြနေလို့ သူကိုယ်တိုင် ဘက်ဆစ်တပ် ၊ ဘန်လေတို့နဲ့ ညှိနှိုင်းနေတဲ့ တိုက်စစ်မှူး ဗက်ဟော့စ်
ချန်ပီယံရှစ်ကလပ် ဘန်လေ ကနေ တူရကီ နာမည်ကြီးကလပ် ဘက်ဆစ်တပ်ဆီ တရာသီအငှားနဲ့ သွားရောက် ကစားနေတဲ့ ဗက်ဟော့စ်က ယခု အပြောင်းအရွှေ့ အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ဆီ အငှားနဲ့ ပြောင်းရွှေ့နိုင်ဖို့ သူကိုယ်တိုင် ဘန်လေ ၊ ဘက်ဆစ်တပ်တို့ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ညှိနှိုင်းမှုတွေ ပြုလုပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။
အသက် ၃၀ အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဗက်ဟော့စ်က ယခုနှစ် ဘောလုံးရာသီမှာ တူရကီ နာမည်ကြီးကလပ် ဘက်ဆစ်တပ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ တိုက်စစ်မှူး ဖြစ်ပြီး သူက ဘက်ဆစ်တပ် အတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၉ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်သူပါ။တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က ယခု ဆောင်းဈေးကွက် အတွင်းမှာ သူတို့ရဲ့ တိုက်စစ်ပြဿနာကို ဖြေရှင်းဖို့ ရေတိုဖြေရှင်းနည်း အဖြစ် နံပါတ်၉ တိုက်စစ်မှူး တဦးကို အငှားနဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူနဲ့ တနိုင်ငံထဲသား ဗက်ဟော့စ်ကို ခေါ်ယူချင်နေပါတယ်။
ဗက်ဟော့စ်ကလည်း သူ့ရဲ့ ကစားသမား ဘဝမှာ ရှားရှားပါးပါး ရလာတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခွင့်ကို လက်လွှတ်မခံလိုပဲ တန်ဟက်ဂ်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ရလာတဲ့ အချိန်မှာ ချက်ချင်းဆိုသလို ဘန်လေရဲ့ တာဝန်ရှိသူတွေထံ ဆက်သွယ်ကာ သူ့ကို အသင်းပြောင်းနိုင်အောင် ကူညီပေးဖို့ ပြောကြားခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။ဒါ့အပြင် ဗက်ဟော့စ်က ဘက်ဆစ်တပ်အတွက် နောက်ဆုံး ကစားပေးထားတဲ့ ဘက်ဆစ်တပ် ၂-၁ ကာဆင်ပါဆာ ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် ဘက်ဆစ်တပ်ရဲ့ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပြီး ယနေ့မနက် အစောပိုင်းမှာလည်း ဗက်ဟော့စ်က ဘက်ဆစ်တပ်ရဲ့ ဥက္ကဌထံ သူကိုယ်တိုင် ဆက်သွယ်ကာ သူ့ကို အသင်းပြောင်းခွင့် ပေးဖို့ တောင်းခံခဲ့ကြောင်း တူရကီ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
ဘက်ဆစ်တပ်ကတော့ သူတို့ဆီ အငှားနဲ့ လာရောက် ကစားနေတဲ့ ဗက်ဟော့စ်ကို လိုချင်ရင် လျော်ကြေးပေးရမယ်လို့ တရားဝင် အသိပေးထားပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ဗက်ဟော့စ် အတွက် အငှားကြေး ယူရို ၂သန်း ဝန်းကျင် သုံးစွဲဖို့ အဆင်သင့် ရှိနေတာကြောင့် ဘန်လေက ဘက်ဆစ်တပ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကြားထဲမှာ ဗက်ဟော့စ် အတွက် ကြားဝင် ညှိနှိုင်းပေးနေကာ မကြာခင်မှာပဲ ဗက်ဟော့စ်ဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့နိုင်ဖို့ ရှိနေကြောင်း သိရပါတယ်။crd