ယူႏိုက္တက္မွာပဲ ကစားသမားဘဝကို အဆုံးသတ္သြားဖြယ္ရွိေၾကာင့္ ဖြင့္ဟဝန္ခံလာတဲ့ သရဲနီခံစစ္မႉး ဗာရန္း
|ယူႏိုက္တက္မွာပဲ ကစားသမားဘဝကို အဆုံးသတ္သြားဖြယ္ရွိေၾကာင့္ ဖြင့္ဟဝန္ခံလာတဲ့ သရဲနီခံစစ္မႉး ဗာရန္း
ပရီးမီးယားလိဂ္ နာမည္ႀကီးကလပ္ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ အဓိက ဗဟိုေနာက္ခံလူ တဦး ျဖစ္သူ ဗာရန္းက သူဟာ ကစားသမားဘဝကို လက္ရွိကလပ္ မန္ခ်က္စတာ ယူႏိုက္တက္မွာပဲ အဆုံးသတ္ဖြယ္ ရွိေနေၾကာင္း ယမန္ေန႔ညမွာ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ဖြင့္ဟ ေျပာဆိုသြားခဲ့ပါတယ္။ အသက္ ၂၉ႏွစ္ အ႐ြယ္ ျပင္သစ္ၾကယ္ပြင့္ ဗဟိုခံစစ္မႉး ဗာရန္းက ၂၀၂၁ ေႏြေဈးကြက္မွာ ရီးရဲလ္မက္ဒရစ္ ကေန မန္ခ်က္စတာ ယူႏိုက္တက္ထံ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၄၀သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူ ျဖစ္ၿပီး သူနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္တို႔ရဲ႕ ၾကားထဲမွာ ရွိေနတဲ့ စာခ်ဳပ္ဟာ လာမယ့္ ၂၀၂၅ခုႏွစ္ ဇြန္လ အထိ သက္တမ္း က်န္ေနပါေသးတယ္။
ဗာရန္းက လက္ရွိ ကမာၻ႔အေကာင္းဆုံး ဗဟိုခံစစ္မႉးေတြထဲက တဦး ျဖစ္သလို အသက္အ႐ြယ္နဲ႔ ေျခစြမ္းပိုင္းအရ အျမင့္ဆုံး အေနအထား တရပ္ကို ေရာက္ရွိေနေပမယ့္ ဗာရန္းဟာ ကလပ္အသင္း ျဖစ္တဲ့ မန္ခ်က္စတာ ယူႏိုက္တက္ အတြက္ အျပည့္အဝ အာ႐ုံစိုက္ခ်င္တာေၾကာင့္ လက္ေ႐ြးစင္ ကစားသမားဘဝ ကေန အနားယူခဲ့ပါတယ္။ ယမန္ေန႔ညမွာေတာ့ ဗာရန္းက သူ႔ရဲ႕ လက္ေ႐ြးစင္ ကစားသမားဘဝ ႏႈတ္ဆက္ပြဲကို ျပင္သစ္ႏိုင္ငံမွာ က်င္းပခဲ့ၿပီး အဆိုပါ ႏႈတ္ဆက္ပြဲမွာ ဗာရန္းက သူ႔ရဲ႕ ကစားသမား ဘဝမွာ ေနာက္ထပ္ အသင္းသစ္ တသင္းဆီ ေျပာင္းေ႐ႊ႕ေတာ့မွာ မဟုတ္ပဲ သူ ကစားခဲ့တဲ့ အသင္း ၃သင္း ျဖစ္တဲ့ လန္းစ္ ၊ ရီးရဲလ္မက္ဒရစ္နဲ႔ မန္ခ်က္စတာ ယူႏိုက္တက္တို႔ ၃သင္းထဲက တသင္းမွာပဲ ကစားသမားဘဝကို အဆုံးသတ္မယ္လို႔ ဆိုလာပါတယ္။
ဗာရန္းက – “ကြၽန္ေတာ္က ကစားသမားဘဝကို မက္ဒရစ္ (ဒါမွမဟုတ္) ယူႏိုက္တက္ (ဒါမွမဟုတ္) လန္းစ္မွာပဲ အဆုံးသတ္သြားမွာပါ။ ေနာက္ထပ္ အသင္းသစ္ တသင္းဆီ မေျပာင္းေတာ့ပါဘူး။ ကြၽန္ေတာ္က မက္ဒရစ္ဆီ ျပန္ဖို႔ ဆိုတာကလည္း မျဖစ္ႏိုင္သေလာက္ပါပဲ။ ဒီေတာ့ ကြၽန္ေတာ္က မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ လန္းစ္ ႏွစ္သင္းထဲက တသင္းမွာပဲ ကစားသမား ဘဝကို အဆုံးသတ္မွာပါ” လို႔ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့တာပါ။
ဗာရန္းက ယခုႏွစ္ ေဘာလုံးရာသီမွာေတာ့ လီဆန္ဒ႐ို မာတီနက္ဇ္နဲ႔ တြဲဖက္ကာ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ခံစစ္ေၾကာင္းကို အေကာင္းဆုံး ဦးေဆာင္ျပထားႏိုင္ၿပီး သူက ယူႏိုက္တက္ ကစားသမား ဘဝ ပထမဦးဆုံး ဆုဖလား အျဖစ္ ကာရာေဘာင္းဖလားကိုလည္း သိမ္းပိုက္ထားႏိုင္ပါေသးတယ္။
crd
unicode
ယူနိုက်တက်မှာပဲ ကစားသမားဘဝကို အဆုံးသတ်သွားဖွယ်ရှိကြောင့် ဖွင့်ဟဝန်ခံလာတဲ့ သရဲနီခံစစ်မှူး ဗာရန်း
ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဗဟိုနောက်ခံလူ တဦး ဖြစ်သူ ဗာရန်းက သူဟာ ကစားသမားဘဝကို လက်ရှိကလပ် မန်ချက်စတာ ယူနိုက်တက်မှာပဲ အဆုံးသတ်ဖွယ် ရှိနေကြောင်း ယမန်နေ့ညမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ အသက် ၂၉နှစ် အရွယ် ပြင်သစ်ကြယ်ပွင့် ဗဟိုခံစစ်မှူး ဗာရန်းက ၂၀၂၁ နွေဈေးကွက်မှာ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၅ခုနှစ် ဇွန်လ အထိ သက်တမ်း ကျန်နေပါသေးတယ်။
ဗာရန်းက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲက တဦး ဖြစ်သလို အသက်အရွယ်နဲ့ ခြေစွမ်းပိုင်းအရ အမြင့်ဆုံး အနေအထား တရပ်ကို ရောက်ရှိနေပေမယ့် ဗာရန်းဟာ ကလပ်အသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အတွက် အပြည့်အဝ အာရုံစိုက်ချင်တာကြောင့် လက်ရွေးစင် ကစားသမားဘဝ ကနေ အနားယူခဲ့ပါတယ်။ ယမန်နေ့ညမှာတော့ ဗာရန်းက သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝ နှုတ်ဆက်ပွဲကို ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့ပြီး အဆိုပါ နှုတ်ဆက်ပွဲမှာ ဗာရန်းက သူ့ရဲ့ ကစားသမား ဘဝမှာ နောက်ထပ် အသင်းသစ် တသင်းဆီ ပြောင်းရွှေ့တော့မှာ မဟုတ်ပဲ သူ ကစားခဲ့တဲ့ အသင်း ၃သင်း ဖြစ်တဲ့ လန်းစ် ၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ၃သင်းထဲက တသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်မယ်လို့ ဆိုလာပါတယ်။
ဗာရန်းက – “ကျွန်တော်က ကစားသမားဘဝကို မက်ဒရစ် (ဒါမှမဟုတ်) ယူနိုက်တက် (ဒါမှမဟုတ်) လန်းစ်မှာပဲ အဆုံးသတ်သွားမှာပါ။ နောက်ထပ် အသင်းသစ် တသင်းဆီ မပြောင်းတော့ပါဘူး။ ကျွန်တော်က မက်ဒရစ်ဆီ ပြန်ဖို့ ဆိုတာကလည်း မဖြစ်နိုင်သလောက်ပါပဲ။ ဒီတော့ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်နဲ့ လန်းစ် နှစ်သင်းထဲက တသင်းမှာပဲ ကစားသမား ဘဝကို အဆုံးသတ်မှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။
ဗာရန်းက ယခုနှစ် ဘောလုံးရာသီမှာတော့ လီဆန်ဒရို မာတီနက်ဇ်နဲ့ တွဲဖက်ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင်ပြထားနိုင်ပြီး သူက ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး ဆုဖလား အဖြစ် ကာရာဘောင်းဖလားကိုလည်း သိမ်းပိုက်ထားနိုင်ပါသေးတယ်။
crd