crd
unicode
ယူနိုက်တက်ပစ်မှတ် ဟယ်ရီကိန်းအတွက် သရဲနီတစ်ဦးကို တိုက်ရိုက်အလဲအထပ် လုပ်သွားလိုနေတဲ့ စပါးအသင်း
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လာမယ့် ရာသီ မှာ အသင်း အတွက် ကမ္ဘာ့အဆင့် တိုက်စစ်မှုး တစ်ဦး ကို မဖြစ်မနေ ခေါ်ယူမည် ဖြစ်သည်။ အဆိုပါ တိုက်စစ် မှုး များ စာရင်း မှာ လက်ရှိအချိန် မှာ အကောင်းဆုံး တိုက်စစ်မှုးတွေအဖြစ် စာရင်းဝင်နေကြ တဲ့ ဗစ်တာအိုစီမန်၊ဟယ်ရီကိန်း၊ ဂွန်ကာလိုရာမိုစ့် တို့ အပြင် ဘရန့်ဖို့ဒ် အသင်း မှ တိုက်စစ် မှုး အိုင်ဗန်တိုနေး တို့ ကိုလဲ စောင့် ကြည့် လျက် ရှိ ပါ တယ်။
အဆိုပါ တိုက်စစ် မှုး များထဲ တွင် စပါး အသင်း မှ တိုက်စစ် မှုး ဟယ်ရီကိန်း ကတော့ လာမယ့် ရာသီ မှာ စပါးအသင်း မှ ထွက်ခွာရန် သေချာသလောက် ရှိနေတာလဲဖြစ်ပါတယ်။ စပါးအသင်း နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ အဆိုပါ ၂၉ နှစ်အရွယ် တိုက်စစ် မှုး အတွက် လာမယ့် ရာသီမှာ ခေါ်ယူ မည် ဆိုပါက ယူရို သန်း ၈၀ ဝန်းကျင် ကုန်ကျမည် ဖြစ်ပါတယ်။
သို့ပေမယ့် စပါး အသင်း က ပရီးမီးယား လိဂ် ကလပ် အသင်းများထံ မရောင်းချ လိုပဲ လာလီဂါ နဲ့ အီတလီ ကလပ် များသို့ သာရောင်းချ လိုနေပါ တယ်။ သို့ပေမယ့် လို့ ချွင်းချက် အနေဖြင့် ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ မာရှယ် နဲ့ သာ အပြောင်း အရွှေ့ အလဲ အထပ် သဘော မျိုး ပြုလုပ်ရမည် ဆိုပါက ၎င်းတို့ အနေဖြင့် လက်ခံ သွားရန် ရာနှုန်း ပြည့် နီးပါး ရှိနေတယ်လို့ သိရပါ တယ်။
စပါး အသင်း နည်းပြ ကွန်တီဟာ မာရှယ်ကို သဘောတွေ့ သူတစ်ဦး ဖြစ်ပြီး အကယ်၍ ဟယ်ရီ ကိန်းသာ ထွက်ခွာပါက လဲ မာရှယ် မှာ ပထမ ဦးစားပေး အစားထိုးပစ်မှတ် အဖြစ် သတ်မှတ်ထား တယ်လို့ သိရပါတယ်။ ယူနိုက်တက် တိုက်စစ်မှုး မာ ရှယ် ဟာ လက်ရှိအချိန်မှာ အသက် ၂၆ ဝန်းကျင် ရှိ နေပီ ဖြစ်ပြီး ဒီရာသီ မှာ ဒါဏ်ရာ ပြဿနာ များဖြင့် ရုန်းကန် နေရပေမယ့် ကစားခွင့် ရသည့် အချိန်တိုင်း သွင်းဂိုးနဲ့ ဖန်တီး မှု တွေ ရယူ ထားနိုင် တာလဲ ဖြစ်ပါ တယ်။