ယူနိုက်တက်တို့ နှစ်ရှည် ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းသွားမယ့် အသင်းရဲ့ အဓိကအရေးပါဆုံး သရဲနီတစ်ဦး
crd
unicode
ယူနိုက်တက်တို့ နှစ်ရှည် ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းသွားမယ့် ရဲ့ အဓိကအရေးပါဆုံး သရဲနီတစ်ဦး
မန်ယူနိုက်တဒ် အသင်းဟာ သူတို့ရဲ့ အရေးပါတဲ့ ကစားသမား တစ်ယောက်ဖြစ်သလို ဝါရင့်ဂိုးသမားလည်း ဖြစ်တဲ့ ဒဟေးယား ကို အသင်းမှာ ကာလရှည်ကြာ ဆက်ထိန်းထားဖို့ ကြိုးစားနေပါတယ်။ ယခုရာသီမှာ အသင်းရဲ့ကယ်တင်ရှင်အဖြစ် လက်စွမ်း ပြနေသလို ဒီရာသီ ပျမ်းမျှ ကာကွယ်နှုန်း (၃.၈) နဲ့ လိဂ်မှာ ကာကွယ်မှု့အများဆုံး ဖြစ်နေတဲ့ ဒဟေးယား အတွက် အသင်းဖက်က စာချူပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ကစားသမားဖက်ကတော့ ရာသီကုန်အထိ စောင့်ကြည့်သွားနိုင်တဲ့ အနေထား ရှိပါတယ်။ပြီးခဲ့တဲ့ ရာသီက လက်စွမ်းကျဆင်းခဲ့တာကြောင့် ဒဟေးယား အနေနဲ့ ရုန်းကန်ခဲ့ရသလို ဟန်ဒါဆင် ရဲ့ နေရာလုတိုက်ပွဲမှာ ရှုံးလုဆဲဆဲ အနေထားထိ ဖြစ်ခဲ့ပေမယ့် ယခုရာသီမှာတော့ ဘယ်သူကျား၊ဘယ်သူကဖားဆိုတာ ကွဲကွဲပြားပြား သိသွားရပြီ လည်းဖြစ်ပါတယ်။
ယူနိုက်တဒ် အနေနဲ့ ဒဟေးယားကို တစ်ပတ်လုပ်ခ ပေါင် (၃၇၅၀၀၀) နဲ့ ငါးနှစ်စာချုပ် ကို ၂၀၁၈ မှာ ချုပိဆိုခဲ့ပြီး ၂၀၂၃ ဇွန်လမှာ သူ့ရဲ့ စာချုပ်က ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒဟေးယား ကလက်ရှိ အသက် (၃၁)နှစ်သာ ရှိသေးပြီး စာချုပ်ပြည့်မယ့်နှစ်မှာ (၃၂) နှစ်သာ ရှိဦးမှာ ဖြစ်တာကြောင့် ယူနိုက်တဒ် အနေနဲ့ ဝါရင့် ကစားသမား ဖြစ်လာမယ့် အဓိကဂိုးသမားကြီးကို ဆက်လက်ထိန်းထားနိုင်ဖို့ ကြိုးပမ်းလာတာပါ။ဂိုးသမားတွေက အသက် (၃၀) အထက်မှ ပိုပြီးလက်စွမ်းထက်လာတာကို ယူနိုက်တဒ်ရဲ့ ရှမိုက်ကယ်၊ဗန်ဒါးဆားရ်တို့က သက်သေပြထားပြီး ဖြစ်လို့ ဒဟေးယား လို အသင်းကို (၁၈) နှစ်သားထဲက ရောက်ရှိနေသူအတွက် ပြသနာမရှိပဲ သူ့ရဲ့လက်စွမ်းကို ကာလရှည်ကြာထိန်းသိမ်းထားနိုင်မယ်လို့ အသင်းဖက်က ယုံကြည်နေပါတယ်။
ဒဟေးယား ကိုသာ စာချုပ်သစ် ချူပ်ဆိုမယ်ဆိုရင် ဟန်ဒါဆင် က အပြီးထွက်ခွါနိုင်ချေ ရှိပါတယ်။ယူနိုက်တဒ် ရဲ့ ပေါ်လစီ အရ အသက် (၃၀) အထက် ကစားသမားတွေအပေါ် စာချုပ်သက်တမ်း (၁+၁)နှစ် ထက် ပိုမတိုးတဲ့ အစဉ်လာရှိပေမယ့် အသင်းမှာ နှစ်ရှည်နေထိုင်ခဲ့သလို အဓိက ကစားသမားလည်း ဖြစ်လို့ ဒဟေးယားကိူတော့ (၃+၁) နှစ် စာချုပ်ကို ကမ်းလှမ်းဖွယ်ရှိပါတယ်။ လက်ရှိ ရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင်(၃၇၅၀၀၀) ကိုတော့ ပေးချေမှာလားဆိုတာ မသေချာသေးပေမယ့် ရာသီကုန်အထိ လက်စွမ်းပြနေမယ်ဆိုရင်တော့ လက်ရှိ ရထားတဲ့ လစာကိုသာပေးချေသွားဖွယ်ရှိပါတယ်။
ဟန်ဒါဆင် က တစ်ပတ် လုပ်ခ ပေါင်(၁၃၀၀၀၀) ရရှိထားပြီး ပြည်တွင်းကလပ်တွေထံ ရောင်းချမယ်ဆိုရင် ပေါင်သန်း(၅၀) ဝန်းကျင် တန်ကြေး ရနိုင်လို့ လာမယ့်နွေမှာ ရောင်းချသွားဖွယ် ရှိပါတယ်။ ရန်းနဂ် က လူငယ်ဂိုးသမား တစ်ဦးလည်း ရှာဖွေနေပြီး ဒဟေးယား နဲ့ ဟီတန် ကို ဖိအားပေးနိုင်မယ့် ကစားသမား တစ်ယောက် ဟန်ဒါဆင်အစား ခေါ်ယူဖို့ စတင်ပြင်ဆင်နေတာလို့သိရပါတယ်။
Add a Comment
Your email address will not be published. Required fields are marked *