



crd

unicode

ယူနိုက်တက်တိုက်စစ်ပိုင်းအတွက် အိုစီမင် ဘာတွေယူဆောင်လာပေးမလဲဆိုတာ ပြောပြလာတဲ့ သရဲနီဟောင်း အီဂါလို

တိုက်စစ်မှူးရှာပုံတော်ဖွင့်နေတဲ့ ယူနိုက်တက်အသင်းအတွက် အသင်းရဲ့တိုက်စစ်မှူးဟောင်းဖြစ်သူ အီဂါလိုက ထိပ်တနိးပစ်မှတ်တစ်ခုဖြစ်တဲ့ တိုက်စစ်မှူးအိုစီမန်နဲ့ပတ်သတ်ပြီးပြောပြလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ နွေရာသီမှာခေါ်ယူဖို့ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား ဗစ်တာအိုဆင်မန်ကို အဓိကပစ်မှတ်အဖြစ်သတ်မှတ်ထားပြီး ကစားသမားကိုယ်တိုင်ကလဲ ပရီးမီးယားလိဂ်မှာ ပါဝင်ကစားချင်ကြောင်း ဝန်ခံထားတာဖြစ်ပါတယ်။

တိုက်စစ်မှူးအိုစီမန်နဲ့ပတ်သတ်ပြီး အီဂါလိုက” အကယ်လို့ အိုစီမန်သာ ယူနိုက်တက်ကိုရောက်ရင် ရပ်ရှ်ဖို့ဒ် နဲ့ အိုစီမန်တို့ရဲ့ တိုက်စစ်တွဲလုံးဟာ ပြိုင်ဘက်နောက် တန်းတွေအတွက် ထိန်းချုပ်ရခက်တဲ့ တိုက်စစ်ဖြစ်သွား မှာပါ။ သူတို့က လျှင်မြန်ပြီး ဂိုးသွင်းနိုင်ကြတဲ့ကစားသမားတွေပါ။ ကျွန်တော်ထင်တာတော့ အိုစမန်သာ အသင်းပြောင်းရင် ယူနိုက်တက်နဲ့ပဲ သင့်လျော်တယ် လို့ ကျွန်တော်က ယူဆမိပါတယ်။

အိုစမန်က ပြိုင်ဘက်တွေကို အနားမပေးဘဲ တောက်လျှောက် ဒုက္ခပေးတက်တဲ့ ကစားသမားပါ။သူက ယှဥ်လုရမယ့်ဘောလုံးတိုင်းကို လုယူတက်ပါတယ်။ ဒီ အကြောင်းအရင်းတွေကြောင့်ပဲ သူက ယူနိုက်တက် အတွက် သင့်လျော်တဲ့ ကစားသမားမျိုးပါ။ ပြောရရင် သူ့ပုံစံက ယူနိုက်တက်မှာ အခုကစားနေတဲ့ မာတီနက်ဇ်လိုပါပဲ ဘောလုံးလုတာတော့။

အိုဆင်မန်သာ အသင်းပြောင်းဖို့ဘာလုပ်သင့်လဲလို့ ကျွန်တော့်ကိုမေးလာခဲ့ရင် ကျွန်တော်ကတော့ ယူနိုက်တက်ကို ပဲပြောင်းဖို့ တိုက်တွန်းမှာပါ။ ဘာလို့လဲဆိုရင် ယူနိုက်တက်က ကျွန်တော့်အတွက် အကြီးမားဆုံး ကလပ်ဖြစ် နေလို့ပါ”လို့ဆိုသွားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *