ယူႏိုက္တက္ဆီ ေငြမက္လို႔သာ ေျပာင္းလာတာလို႔ ဆိုခဲ့တဲ့ ေဝဖန္မႈေတြ ပါးစပ္ေပါက္ေတြကို ေျခစြမ္းေတြ ၊ ျပင္းပ်တဲ့ စိတ္ဓာတ္ေတြနဲ႔ ပိတ္ပစ္လိုက္တဲ့ ကတ္စ္မဲ႐ိုး

ယူႏိုက္တက္ဆီ ေငြမက္လို႔သာ ေျပာင္းလာတာလို႔ ဆိုခဲ့တဲ့ ေဝဖန္မႈေတြ ပါးစပ္ေပါက္ေတြကို ေျခစြမ္းေတြ ၊ ျပင္းပ်တဲ့ စိတ္ဓာတ္ေတြနဲ႔ ပိတ္ပစ္လိုက္တဲ့ ကတ္စ္မဲ႐ိုး
မန္ခ်က္စတာ ယူႏိုက္တက္ဆီ ေငြမက္လို႔သာ ေျပာင္းလာတာဆိုတဲ့ ေဝဖန္မႈေတြကို မွားေၾကာင္း ‌ေျခစြမ္းေတြ ရာႏႈန္းျပည့္ေပးဆပ္မႈေတြနဲ႔ သက္ေသျပလိုက္တဲ့ ကတ္စ္မဲ႐ိုး

အသက္ ၃၀ အ႐ြယ္ ဘရာဇီးလ္ ကြင္းလယ္ခံစစ္ ကစားသမား ကတ္စ္မဲ႐ိုးက ယခုႏွစ္ ေဘာလုံးရာသီ အစကမွ ရီးရဲလ္မက္ဒရစ္လို ေအာင္ျမင္ေနတဲ့ အသင္း ကေန မန္ခ်က္စတာ ယူႏိုက္တက္လို ႐ုန္းကန္ေနရတဲ့ အသင္းဆီ ေျပာင္းေ႐ႊ႕လာခဲ့သူ ျဖစ္ၿပီး မန္ခ်က္စတာ ယူႏိုက္တက္က သူ႔အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၇၀သန္း ဝန္းက်င္ အထိ ေပးေခ်ခဲ့ရပါတယ္။

ကတ္စ္မဲ႐ိုးက ရီးရဲလ္မက္ဒရစ္မွာ အေရးပါတဲ့ ကစားသမား တဦး ျဖစ္ေနတာေၾကာင့္ ရီးရဲလ္ကို စြန႔္ခြာၿပီး မန္ခ်က္စတာ ယူႏိုက္တက္ဆီ ေျပာင္းေ႐ႊ႕ခဲ့တဲ့ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ကို ဘယ္သူမွ နားမလည္ၾကပဲ ကတ္ကာရီႏို အပါအဝင္ ေဘာလုံးေရးရာ သုံးသပ္သူ အမ်ားစုက ကတ္စ္မဲ႐ိုးဟာ မန္ခ်က္စတာ ယူႏိုက္တက္ဆီ ေငြမက္လို႔သာ ေျပာင္းလာတာ ျဖစ္ေၾကာင္း သုံးသပ္ ေဝဖန္ခဲ့ၾကပါတယ္။

ဒါေပမယ့္ ကတ္စ္မဲ႐ိုးက သူဟာ ေငြေၾကး တခုထဲ အတြက္ မန္ခ်က္စတာ ယူႏိုက္တက္ဆီ ေျပာင္းလာတာ မဟုတ္ေၾကာင္းကို သူ႔ရဲ႕ ေျခစြမ္းေတြ ၊ ျပင္းပ်တဲ့ စိတ္ဓာတ္ေတြနဲ႔အတူ သက္ေသျပခဲ့ၿပီး ကတ္စ္မဲ႐ိုးက မန္ခ်က္စတာ ယူႏိုက္တက္ အတြက္ ၿပိဳင္ပြဲစုံမွာ ၂၃ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၂ဂိုး သြင္းယူထားႏိုင္သလို ဂိုးဖန္တီးမႈ ၂ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ကတ္စ္မဲ႐ိုးက မန္ခ်က္စတာ ယူႏိုက္တက္ အတြက္ ရာႏႈန္းျပည့္ ေပးဆပ္ ကစားေနသလို သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္ပဲ မန္ခ်က္စတာ ယူႏိုက္တက္က ရလဒ္ေကာင္းေတြကို ဆက္တိုက္ ရယူထားႏိုင္ၿပီး ကတ္ကာရီႏိုက စြမ္းေဆာင္ရည္ပိုင္း တိုးတက္လာတဲ့ မန္ခ်က္စတာ ယူႏိုက္တက္ကို ၾကည့္ရင္း ကတ္စ္မဲ႐ိုးနဲ႔ ပတ္သတ္ၿပီး သူ႔ရဲ႕ အျမင္ေတြ မွားခဲ့ေၾကာင္း ဝန္ခံသြားခဲ့ပါတယ္။

ကတ္ကာရီႏိုက – “ကတ္စ္မဲ႐ိုးက ဆုဖလားေတြ အမ်ားႀကီး ရခဲ့တဲ့သူပါ။ ဒါေၾကာင့္ ကြၽန္ေတာ္က သူဟာ ေငြေၾကးေၾကာင့္ ယူႏိုက္တက္ဆီ ေျပာင္းခဲ့တာလို႔ ထင္ခဲ့မိပါတယ္။ အခုေတာ့ ကြၽန္ေတာ္က ကိုယ္ေျပာခဲ့တဲ့ စကားေတြ အတြက္ ႐ိုးသားတဲ့ ရွင္းျပမႈ တခုကို လုပ္ခ်င္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ အျမင္ေတြ မွားယြင္းခဲ့ပါတယ္။ ကြၽန္ေတာ္က သူဟာ ကစားသမားေကာင္း တေယာက္ ဆိုတာ သိပါတယ္။ သူက အရမ္းေကာင္းတဲ့ ကစားသမား တေယာက္ ျဖစ္ေနလို႔လည္း ရီးရဲလ္မက္ဒရစ္လို အသင္းမ်ိဳးမွာ ကာလရွည္ ပြဲထြက္ခြင့္ ရခဲ့တာေပါ့။

ဒါေပမယ့္ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္က အေတာ္ေလးကို ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္ တခုပါ။ သူက မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ကြင္းလယ္ကို အလုံးစုံ ေျပာင္းလဲသြားေစခဲ့ပါတယ္။ သူ႔ေၾကာင့္ပဲ အဲရစ္ဆင္က လြတ္လြတ္လပ္လပ္ ကစားခြင့္ ရေနသလို ဖာနန္ဒက္ကလည္း မန္ခ်က္စတာ ယူႏိုက္တက္ဆီ စေရာက္တုန္းက ျပသခဲ့တဲ့ ေျခစြမ္းမ်ိဳး ျပန္ရေနပါၿပီ” လို႔ သူ႔ရဲ႕ အမွားကို ကိုယ္တိုင္ ဝန္ခံသြားခဲ့တာပါ။
crd

Unicode
ယူနိုက်တက်ဆီ ငွေမက်လို့သာ ပြောင်းလာတာလို့ ဆိုခဲ့တဲ့ ဝေဖန်မှုတွေ ပါးစပ်ပေါက်တွေကို ခြေစွမ်းတွေ ၊ ပြင်းပျတဲ့ စိတ်ဓာတ်တွေနဲ့ ပိတ်ပစ်လိုက်တဲ့ ကတ်စ်မဲရိုး
မန်ချက်စတာ ယူနိုက်တက်ဆီ ငွေမက်လို့သာ ပြောင်းလာတာဆိုတဲ့ ဝေဖန်မှုတွေကို မှားကြောင်း ‌ခြေစွမ်းတွေ ရာနှုန်းပြည့်ပေးဆပ်မှုတွေနဲ့ သက်သေပြလိုက်တဲ့ ကတ်စ်မဲရိုး

အသက် ၃၀ အရွယ် ဘရာဇီးလ် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ယခုနှစ် ဘောလုံးရာသီ အစကမှ ရီးရဲလ်မက်ဒရစ်လို အောင်မြင်နေတဲ့ အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်လို ရုန်းကန်နေရတဲ့ အသင်းဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင် အထိ ပေးချေခဲ့ရပါတယ်။

ကတ်စ်မဲရိုးက ရီးရဲလ်မက်ဒရစ်မှာ အရေးပါတဲ့ ကစားသမား တဦး ဖြစ်နေတာကြောင့် ရီးရဲလ်ကို စွန့်ခွာပြီး မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူမှ နားမလည်ကြပဲ ကတ်ကာရီနို အပါအဝင် ဘောလုံးရေးရာ သုံးသပ်သူ အများစုက ကတ်စ်မဲရိုးဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ငွေမက်လို့သာ ပြောင်းလာတာ ဖြစ်ကြောင်း သုံးသပ် ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမယ့် ကတ်စ်မဲရိုးက သူဟာ ငွေကြေး တခုထဲ အတွက် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာတာ မဟုတ်ကြောင်းကို သူ့ရဲ့ ခြေစွမ်းတွေ ၊ ပြင်းပျတဲ့ စိတ်ဓာတ်တွေနဲ့အတူ သက်သေပြခဲ့ပြီး ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက် အတွက် ရာနှုန်းပြည့် ပေးဆပ် ကစားနေသလို သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ရလဒ်ကောင်းတွေကို ဆက်တိုက် ရယူထားနိုင်ပြီး ကတ်ကာရီနိုက စွမ်းဆောင်ရည်ပိုင်း တိုးတက်လာတဲ့ မန်ချက်စတာ ယူနိုက်တက်ကို ကြည့်ရင်း ကတ်စ်မဲရိုးနဲ့ ပတ်သတ်ပြီး သူ့ရဲ့ အမြင်တွေ မှားခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ကတ်ကာရီနိုက – “ကတ်စ်မဲရိုးက ဆုဖလားတွေ အများကြီး ရခဲ့တဲ့သူပါ။ ဒါကြောင့် ကျွန်တော်က သူဟာ ငွေကြေးကြောင့် ယူနိုက်တက်ဆီ ပြောင်းခဲ့တာလို့ ထင်ခဲ့မိပါတယ်။ အခုတော့ ကျွန်တော်က ကိုယ်ပြောခဲ့တဲ့ စကားတွေ အတွက် ရိုးသားတဲ့ ရှင်းပြမှု တခုကို လုပ်ချင်ပါတယ်။ ကျွန်တော့်ရဲ့ အမြင်တွေ မှားယွင်းခဲ့ပါတယ်။ ကျွန်တော်က သူဟာ ကစားသမားကောင်း တယောက် ဆိုတာ သိပါတယ်။ သူက အရမ်းကောင်းတဲ့ ကစားသမား တယောက် ဖြစ်နေလို့လည်း ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးမှာ ကာလရှည် ပွဲထွက်ခွင့် ရခဲ့တာပေါ့။

ဒါပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်က အတော်လေးကို ကြီးမားတဲ့ ဆုံးဖြတ်ချက် တခုပါ။ သူက မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကို အလုံးစုံ ပြောင်းလဲသွားစေခဲ့ပါတယ်။ သူ့ကြောင့်ပဲ အဲရစ်ဆင်က လွတ်လွတ်လပ်လပ် ကစားခွင့် ရနေသလို ဖာနန်ဒက်ကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ စရောက်တုန်းက ပြသခဲ့တဲ့ ခြေစွမ်းမျိုး ပြန်ရနေပါပြီ” လို့ သူ့ရဲ့ အမှားကို ကိုယ်တိုင် ဝန်ခံသွားခဲ့တာပါ။
crd

Add a Comment

Your email address will not be published. Required fields are marked *