ယူႏိုက္တက္က ေခၚမယ္တကဲကဲလုပ္ေနခ်ိန္ ပရီးမီးယားလိဂ္မွာကစားခ်င္ေၾကာင္း ေပၚတင္ႀကီးထုတ္ေျပာလိုက္တဲ့ သရဲနီပစ္မွတ္ အိုဆီမင္
|ယူႏိုက္တက္က ေခၚမယ္တကဲကဲလုပ္ေနခ်ိန္ ပရီးမီးယားလိဂ္မွာကစားခ်င္ေၾကာင္း ေပၚတင္ႀကီးထုတ္ေျပာလိုက္တဲ့ သရဲနီပစ္မွတ္ အိုဆီမင္
နာပိုလီတိုက္စစ္မႉး ဗစ္တာအိုဆီမင္က လက္ရွိအခ်ိန္မွာ စီးရီးေအကလပ္အတြက္ အျပည့္အ၀ အာ႐ုံစိုက္ထားေပမဲ့လည္း တစ္ေန႔မွာေတာ့ ကမာၻေပၚက ဆြဲေဆာင္မႈအရွိဆုံးလို႔ ေျပာေနၾကတဲ့ ပရီးမီးယားလိဂ္ကို ေျပာင္းၿပီး ကစား ခ်င္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္ အိုဆီမင္ဟာ ဒီ ရာသီမွာ ေနပယ္ကလပ္နဲ႔အတူ လွ်ပ္စီးလိုျမန္တဲ့ အရွိန္အဟုန္မ်ိဳးနဲ႔ တိုးတက္ေနတဲ့ ကစားသမားျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ ထိပ္သီး မန္ယူက တစ္ခ်က္ကေလးမွ အလြတ္မေပးဘဲ ေစာင့္ၾကည့္တာခံေနရတဲ့ ကစားသမားပါ။ ေနာက္ၿပီး နာပိုလီအတြက္ စီးရီးေအ ၂၁ ပြဲမွာ ၁၉ ဂိုးအထိ သြင္း ေပးထားတာေၾကာင့္ ဥေရာပ ထိပ္သီးအသင္းႀကီး ေတာ္ေတာ္မ်ားမ်ားက လည္း သေဘာက်ေနၾကပါတယ္။
နည္းျပ အဲရစ္တန္ဟတ္ရဲ႕ မန္ယူကေတာ့ အိုဆီမင္နဲ႔ ပတ္သက္လို႔ ကြင္းဆင္းေလ့လာမႈေတြ လုပ္ေနၿပီး လက္ေတြ႕က်က်ကို ခ်ဥ္းကပ္ေနတဲ့အျပင္ လာမယ့္ ေႏြရာသီေဈးကြက္မွာ အိုးလ္ထရက္ဖို႔ဒ္ ဆီ အေရာက္ေခၚႏိုင္ဖို႔အတြက္ ႀကိဳးစားေနပါတယ္။ တစ္ဖက္မွာ ႏိုင္ဂ်ီးရီး ယား လက္ေ႐ြးစင္ကလည္း ပရီးမီးယားလိဂ္ကို လာခ်င္တယ္လို႔ ေျပာလိုက္ၿပီ ျဖစ္ပါတယ္။
‘’ကမာၻေပၚက အေကာင္းဆုံး လိဂ္ၿပိဳင္ပြဲႀကီး ၅ ခုမွ ကစားခြင့္ရတယ္ဆိုတဲ့ စိတ္ခံစားမႈမ်ိဳးက
ကြၽန္ေတာ့္အတြက္ အံ့ၾသစရာ ေကာင္း ေလာက္ေအာင္ကို ျဖစ္မွာပါ။ ကမာၻေပၚမွာရွိတဲ့ လူေတာ္ေတာ္မ်ားမ်ားကေတာ့ ပရီးမီးယားလိဂ္ဟာ ဆြဲေဆာင္မႈ အရွိဆုံးနဲ႔ အေတာင့္တင္းဆုံးလို႔ ယူဆၾကပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ကလည္း လက္ရွိမွာေတာ့ ကမာၻေပၚက အေကာင္းဆုံး လိဂ္ၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ စီးရီးေအမွာ ကစားေနတာပါ။
ပရီးမီးယားလိဂ္မွာ ကစားခြင့္ရဖို႔ဆိုတဲ့ ကြၽန္ေတာ့္ရဲ႕ အိပ္မက္ေတြ အေကာင္အထည္ေပၚလာေအာင္ေတာ့ ေန႔တိုင္းလိုလို ႀကိဳးစားေနပါတယ္။ ဒါေပမဲ့ ကြၽန္ ေတာ္ေျပာခဲ့သလိုပဲေပါ့။ ဒါက ေရရွည္လုပ္ငန္းစဥ္ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဒီလို အရွိန္အဟုန္ေကာင္းကိုပဲ ဆက္ထိန္းဖို႔ ႀကိဳးစားေနၿပီး ေကာင္း ေကာင္း ဆက္လုပ္ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္’’ လို႔ အိုဆီမင္က ႏိုင္ငံျခားသတင္းမီဒီယာအစည္းအ႐ုံး (အီတလီ) က ေပးတဲ့ အေကာင္းဆုံး ႏိုင္ငံျခား သား ကစားသမားဆုကို ရယူႏိုင္ခဲ့ၿပီးတဲ့ေနာက္မွာ ေျပာခဲ့တာျဖစ္ပါတယ္။
ေနာက္ ၿပီး Sky Sport သတင္းဝက္ဘ္ဆိုက္ရဲ႕ ေဖာ္ျပခ်က္အရ မန္ယူဟာ စပါး တိုက္စစ္မႉး ဟယ္ရီကိန္းကို ပစ္မွတ္ထားေနတာမ်ိဳး ရွိေပမဲ့လည္း အဓိက ဦးစားေပး ပစ္မွတ္ကေတာ့ အိုဆီမင္ျဖစ္ၿပီး လာမယ့္ ေႏြရာသီမွာ ေပါင္သန္း ၁၀၀ ေက်ာ္သုံးၿပီး ေခၚမွာျဖစ္တယ္လို႔ သိရပါတယ္။
crd
unicode
ယူနိုက်တက်က ခေါ်မယ်တကဲကဲလုပ်နေချိန် ပရီးမီးယားလိဂ်မှာကစားချင်ကြောင်း ပေါ်တင်ကြီးထုတ်ပြောလိုက်တဲ့ သရဲနီပစ်မှတ် အိုဆီမင်
နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမင်က လက်ရှိအချိန်မှာ စီးရီးအေကလပ်အတွက် အပြည့်အ၀ အာရုံစိုက်ထားပေမဲ့လည်း တစ်နေ့မှာတော့ ကမ္ဘာပေါ်က ဆွဲဆောင်မှုအရှိဆုံးလို့ ပြောနေကြတဲ့ ပရီးမီးယားလိဂ်ကို ပြောင်းပြီး ကစား ချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ် အိုဆီမင်ဟာ ဒီ ရာသီမှာ နေပယ်ကလပ်နဲ့အတူ လျှပ်စီးလိုမြန်တဲ့ အရှိန်အဟုန်မျိုးနဲ့ တိုးတက်နေတဲ့ ကစားသမားဖြစ်တာကြောင့် ပရီးမီးယားလိဂ် ထိပ်သီး မန်ယူက တစ်ချက်ကလေးမှ အလွတ်မပေးဘဲ စောင့်ကြည့်တာခံနေရတဲ့ ကစားသမားပါ။ နောက်ပြီး နာပိုလီအတွက် စီးရီးအေ ၂၁ ပွဲမှာ ၁၉ ဂိုးအထိ သွင်း ပေးထားတာကြောင့် ဥရောပ ထိပ်သီးအသင်းကြီး တော်တော်များများက လည်း သဘောကျနေကြပါတယ်။
နည်းပြ အဲရစ်တန်ဟတ်ရဲ့ မန်ယူကတော့ အိုဆီမင်နဲ့ ပတ်သက်လို့ ကွင်းဆင်းလေ့လာမှုတွေ လုပ်နေပြီး လက်တွေ့ကျကျကို ချဉ်းကပ်နေတဲ့အပြင် လာမယ့် နွေရာသီဈေးကွက်မှာ အိုးလ်ထရက်ဖို့ဒ် ဆီ အရောက်ခေါ်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ တစ်ဖက်မှာ နိုင်ဂျီးရီး ယား လက်ရွေးစင်ကလည်း ပရီးမီးယားလိဂ်ကို လာချင်တယ်လို့ ပြောလိုက်ပြီ ဖြစ်ပါတယ်။
‘’ကမ္ဘာပေါ်က အကောင်းဆုံး လိဂ်ပြိုင်ပွဲကြီး ၅ ခုမှ ကစားခွင့်ရတယ်ဆိုတဲ့ စိတ်ခံစားမှုမျိုးက
ကျွန်တော့်အတွက် အံ့သြစရာ ကောင်း လောက်အောင်ကို ဖြစ်မှာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ လူတော်တော်များများကတော့ ပရီးမီးယားလိဂ်ဟာ ဆွဲဆောင်မှု အရှိဆုံးနဲ့ အတောင့်တင်းဆုံးလို့ ယူဆကြပါတယ်။ ဒါပေမဲ့ ကျွန်တော်ကလည်း လက်ရှိမှာတော့ ကမ္ဘာပေါ်က အကောင်းဆုံး လိဂ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ စီးရီးအေမှာ ကစားနေတာပါ။
ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့ဆိုတဲ့ ကျွန်တော့်ရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာအောင်တော့ နေ့တိုင်းလိုလို ကြိုးစားနေပါတယ်။ ဒါပေမဲ့ ကျွန် တော်ပြောခဲ့သလိုပဲပေါ့။ ဒါက ရေရှည်လုပ်ငန်းစဉ်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီလို အရှိန်အဟုန်ကောင်းကိုပဲ ဆက်ထိန်းဖို့ ကြိုးစားနေပြီး ကောင်း ကောင်း ဆက်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်’’ လို့ အိုဆီမင်က နိုင်ငံခြားသတင်းမီဒီယာအစည်းအရုံး (အီတလီ) က ပေးတဲ့ အကောင်းဆုံး နိုင်ငံခြား သား ကစားသမားဆုကို ရယူနိုင်ခဲ့ပြီးတဲ့နောက်မှာ ပြောခဲ့တာဖြစ်ပါတယ်။
နောက် ပြီး Sky Sport သတင်းဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ မန်ယူဟာ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို ပစ်မှတ်ထားနေတာမျိုး ရှိပေမဲ့လည်း အဓိက ဦးစားပေး ပစ်မှတ်ကတော့ အိုဆီမင်ဖြစ်ပြီး လာမယ့် နွေရာသီမှာ ပေါင်သန်း ၁၀၀ ကျော်သုံးပြီး ခေါ်မှာဖြစ်တယ်လို့ သိရပါတယ်။