



crd

unicode

ယူနိုက်တက်က သူ့ကိုဘာကြောင့်လိုအပ်နေသလဲဆိုတာကို ပြသခဲ့တဲ့ ဂတ်ပို

စိတ်လှုပ်ရှားစရာအကောင်းဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲကြီဂရဲ့ အုပ်စုအဖွင့်ပွဲစဥ်တွေကိုတော့ စတင်ယှဥ်ပြိုင်နေကြပြီ ဖြစ်ပါတယ်။ အုပ်စု(က)ရဲ့ နယ်သာလန်အသင်းနဲ့ ဆီနီဂေါအသင်းတို့ရဲ့ ပွဲစဥ်ကတော့ အကောင်းဆုံး ပွဲတစ်ပွဲလို့ ပြောရမှာပါ။ နည်းစနစ်ကောင်းကောင်းနဲ့ ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းထားတဲ့ ဆီနီဂေါအသင်းနဲ့ ထိပ်တန်းကစားသမားတွေ အများစုပါဝင်နေတဲ့ နယ်သာလန်အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုပါပဲ။ ၎င်းပွဲစဥ်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမား တိုက်စစ်မှုးဂတ်ပိုလည်း ပါဝင်လာခဲ့ပါတယ်။

နယ်သာလန်တိုက်စစ်မှုး ဂတ်ပိုဟာ ၎င်းပွဲစဥ်မှာ နည်းပြကြီး ဗန်ဟားရဲ့ ၃-၄-၁-၂ အခင်းအကျင်းရဲ့ ‌Attacking Midfielderအဖြစ် ပါဝင်ကစားခဲ့တာပါ။ တိုက်စစ်မှုး (၂)ဦးနဲ့ အတက်အဆင်း ကောင်းကောင်းလုပ်ပြီး (၂-၁)၊ (၁-၂) position changing နဲ့ အထောင်တိုက်စစ်မှုးအဖြစ် အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ၎င်းပွဲစဥ်မှာ ဘောလုံးထိချက် ၃၆ကြိမ်ရှိခဲ့ပြီး၊ တိကျတဲ့ဖြတ်တင်ဘော ၄ကြိမ်နဲ့ Key pass ၃ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာပါ။

တစ်ဖက်က ကျစ်လစ်ပြီး မာမာထန်ထန် ကစားတဲ့ ဆီနီဂေါအသင်းကို ဂတ်ပိုကိုယ်တိုင် အဖွင့်ဂိုး သွင်းယူပြီး ပွဲရဲ့အခြေအနေကို ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအတွင်း ယူနိုက်တက်ကို ရောက်ရှိဖို့ နီးစပ်ခဲ့တဲ့ ဂတ်ပိုက ဒီဂျောင်ရဲ့ လှပတဲ့ ဖန်တီးပေးမှုကို နောက်ပြန် ခေါင်းတိုက်ပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ၎င်းသွင်းဂိုးကို သွင်းယူခဲ့ပြီးနောက်မှာတော့ တိုက်စစ်မှုး ဂတ်ပိုဟာ လက်ရှိဘောလုံးရာသီမှာ ပြိုင်ပွဲစုံ (၃၃)ဂိုးအထိ ဂိုးပါဝင်ပတ်သက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဂတ်ပိုရဲ့ စွမ်းဆောင်ရည်တွေကတော့ ဥရောပထိပ်တန်းလိဂ်တွေမှာ အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ တိုက်စစ်မှုးအဖြစ် ရပ်တည်နေခဲ့တာပါ။ မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့လည်း လာမယ့်ဇန်နဝါရီမှာ နယ်သာလန်တိုက်စစ်မှုးကို ခေါ်ယူနိုင်မလား စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ ဂတ်ပိုကိုသာ ခေါ်ယူနိင်ခဲ့မယ်ဆိုရင်ကတော့ ယူနိုက်တက်အသင်းရဲ့ ဂိုးပေါက်တွေ့ဖို့ ရုန်းကန်နေရတဲ့ ပြဿနာကို ကောင်းကောင်းဖြေရှင်းနိုင်ဖို့တော့ ရှိနေတာပါ။

Add a Comment

Your email address will not be published. Required fields are marked *