ယူႏိုက္တက္က ကေလးေတြအႏိုင္က်င့္တာခံခဲ့ရတဲ့အေၾကာင္း ျပန္ေျပာင္းေျပာဆိုလာတဲ့ အီတလီဂႏၲဝင္ ဂိုးသမားႀကီး ဘူဖြန္

ယူႏိုက္တက္က ကေလးေတြအႏိုင္က်င့္တာခံခဲ့ရတဲ့အေၾကာင္း ျပန္ေျပာင္းေျပာဆိုလာတဲ့ အီတလီဂႏၲဝင္ ဂိုးသမားႀကီး ဘူဖြန္

ဂ်ဴဗင္တပ္နဲ႔ အီတလီ လက္ေ႐ြးစင္ အသင္းတို႔ရဲ႕ ဂႏၲဝင္ ဂိုးသမားႀကီးျဖစ္တဲ့ ဂ်ီယန္လြီဂီ ဘူဖြန္က သူ႔ကို ဝမ္းနည္း ပူးေဆြးမႈ အေပးဆုံးအသင္းအျဖစ္ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းကို ေ႐ြးခ်ယ္သြားခဲ့လိုက္ပါတယ္ ။ အခုလို ေ႐ြးခ်ယ္လိုက္ရျခင္းရဲ႕ အေၾကာင္းအရင္းကေတာ့ သူ႔ရဲ႕ PSG ကစားသမား ဘဝေၾကာင့္ပဲ ျဖစ္ခဲ့ရပါတယ္ ။

 

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ 2019 တုန္းက PSG အသင္းနဲ႔ အိုးလ္ ထရပ္ဖို႔ဒ္ မွာ ရင္ဆိုင္ ကစားခဲ့ၿပီး 0 – 2 ရလဒ္ နဲ႔ ခ်န္ပီယံလိဂ္ ပထမ အေက်ာ့ကို စိတ္ပ်က္ဖြယ္ ရႈံးနိမ့္ခဲ့ရပါတယ္ ။ အဆိုပါ ရလဒ္ေၾကာင့္ ယူႏိုက္တက္တို႔ ခ်န္ပီယံလိဂ္ 16 သင္း ရႈံးထြက္ အဆင့္မွ လွည့္ျပန္ရလိမ့္မယ္လို႔ ထင္ေၾကးေပးခံခဲ့ရပါတယ္ ။ ဒါေပမဲ့ လက္ေတြ႕မွာေတာ့ ယူႏိုက္တက္ တို႔ဟာ ဒုတိယ အေက်ာ့မွာ ပါ့စ္ ဒက္စ္ ပရင့္စ္ ကြင္းထဲ စူပါစတားေတြနဲ႔ ဖြဲ႕စည္းထားတဲ့ PSG အသင္းကို 1 – 3 ဆိုတဲ့ ရလဒ္ နဲ႔ အႏိုင္္ ကစားၿပီး ကြာတား ဖိုင္နယ္ အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္ ။ ဒီပြဲက PSG အတြက္ေရာ ဘူဖြန္ အတြက္ပါ စိတ္ပ်က္စရာ ျဖစ္ခဲ့ရပါတယ္ ။

 

အဆိုပါ ပြဲစဥ္မွာေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ အသင္္းရဲ႕ တိုက္စစ္မႉး ျဖစ္သူ ႐ိုမီလူ လူကာကူ က ႏွစ္ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္ ။ အျခားတဖက္မွာေတာ့ PSG အသင္းမွ ဟြမ္ ဘားနက္စ္ က တစ္ဂိုး ျပန္သြင္းခဲ့ပါတယ္ ။ ဒါေပမဲ့ နာက်င္ အခ်ိန္ပို မိနစ္မွာ ကင္ပန္ဘီ ေၾကာင့္ ရရွိခဲ့တဲ့ ပင္နယ္တီကို ရပ္ရွ္ဖို႔ က ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ပါတယ္ ။ အဆိုပါ ရလဒ္ေၾကာင့္ ယူႏိုက္တက္ တို႔ ႏွစ္ေက်ာ့ေပါင္း 3 – 3 ၊ အေဝးဂိုး စည္းမ်ဥ္း နဲ႔ ကြာတား ဖိုင္နယ္ အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ၿပီး PSG အတြက္ တစ္ရာသီမွ် ကစားေပးခဲ့ရၿပီး ခ်န္ပီယံလိဂ္ ဖလား ဆြတ္ခူးႏိုင္ဖို႔ စိတ္္အား ထက္သန္လြန္းေနခဲ့တဲ့ ဘူဖြန္ က ၿပိဳင္ပြဲမွ ထြက္ခြာခဲ့ရတဲ့ အခိုက္အတန္႔ကို အမွတ္ရဆဲ ျဖစ္ေနခဲ့တာပဲ ျဖစ္ပါတယ္ ။

 

” ကြၽန္ေတာ္တို႔ အခြင့္အေရးကို လႊင့္ပစ္ခဲ့လိုက္ၾကတာပါ ။ သူတို႔ ပဲရစ္ ကို လာၿပီး ကေလးေတြနဲ႔ ကစားခဲ့ၾကတာပါ ။ သူတို႔ အသင္းမွာ ဒီဂီယာ ၊ လူကာကူ နဲ႔ ရပ္ရွ္ဖို႔ တို႔ ပါဝင္ခဲ့ၾကပါတယ္ ။ ဒါေပမဲ့ က်န္ရစ္တဲ့ ပြဲထြက္ ကစားသမားေတြ အမ်ားစု ကေတာ့ လူငယ္ေတြခ်ည္းပဲ ျဖစ္ခဲ့ၾကရပါတယ္ ” ” ကြၽန္ေတာ္တို႔ အရႈပ္ထုပ္ ဖန္တီးခဲ့ၾကပါတယ္ ။ အဲ့တာက စိတ္ပိုင္းဆိုင္ရာ ရႈပ္ေထြးမႈပါ ။ ဒါဟာ ကြၽန္ေတာ္ ရဲ႕ ကစားသမား ဘဝ အႀကီးမားဆုံးေသာ ဝမ္းနည္း ပူေဆြး စရာ ပြဲစဥ္ ျဖစ္ေကာင္း ျဖစ္ေနပါလိမ့္မယ္ ။ ကြၽန္ေတာ္တို႔ အရမ္းကို ေတာင့္တင္းတဲ့ အစုအဖြဲ႕တစ္ခုပဲ ျဖစ္ခဲ့ၾကရပါတယ္ ။ တကယ့္ကို Mega team ေပါ့ဗ်ာ ” လို႔ ဘူဖြန္ က ေျပာခဲ့လိုက္တာပဲ ျဖစ္ပါတယ္ ။
crd

unicode

ယူနိုက်တက်က ကလေးတွေအနိုင်ကျင့်တာခံခဲ့ရတဲ့အကြောင်း ပြန်ပြောင်းပြောဆိုလာတဲ့ အီတလီဂန္တဝင် ဂိုးသမားကြီး ဘူဖွန်

ဂျူဗင်တပ်နဲ့ အီတလီ လက်ရွေးစင် အသင်းတို့ရဲ့ ဂန္တဝင် ဂိုးသမားကြီးဖြစ်တဲ့ ဂျီယန်လွီဂီ ဘူဖွန်က သူ့ကို ဝမ်းနည်း ပူးဆွေးမှု အပေးဆုံးအသင်းအဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းကို ရွေးချယ်သွားခဲ့လိုက်ပါတယ် ။ အခုလို ရွေးချယ်လိုက်ရခြင်းရဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ PSG ကစားသမား ဘဝကြောင့်ပဲ ဖြစ်ခဲ့ရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2019 တုန်းက PSG အသင်းနဲ့ အိုးလ် ထရပ်ဖို့ဒ် မှာ ရင်ဆိုင် ကစားခဲ့ပြီး 0 – 2 ရလဒ် နဲ့ ချန်ပီယံလိဂ် ပထမ အကျော့ကို စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ရပါတယ် ။ အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက်တို့ ချန်ပီယံလိဂ် 16 သင်း ရှုံးထွက် အဆင့်မှ လှည့်ပြန်ရလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ် ။ ဒါပေမဲ့ လက်တွေ့မှာတော့ ယူနိုက်တက် တို့ဟာ ဒုတိယ အကျော့မှာ ပါ့စ် ဒက်စ် ပရင့်စ် ကွင်းထဲ စူပါစတားတွေနဲ့ ဖွဲ့စည်းထားတဲ့ PSG အသင်းကို 1 – 3 ဆိုတဲ့ ရလဒ် နဲ့ အနိုင်် ကစားပြီး ကွာတား ဖိုင်နယ် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီပွဲက PSG အတွက်ရော ဘူဖွန် အတွက်ပါ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။

အဆိုပါ ပွဲစဥ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ တိုက်စစ်မှူး ဖြစ်သူ ရိုမီလူ လူကာကူ က နှစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။ အခြားတဖက်မှာတော့ PSG အသင်းမှ ဟွမ် ဘားနက်စ် က တစ်ဂိုး ပြန်သွင်းခဲ့ပါတယ် ။ ဒါပေမဲ့ နာကျင် အချိန်ပို မိနစ်မှာ ကင်ပန်ဘီ ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ရပ်ရှ်ဖို့ က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ် ။ အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက် တို့ နှစ်ကျော့ပေါင်း 3 – 3 ၊ အဝေးဂိုး စည်းမျဥ်း နဲ့ ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး PSG အတွက် တစ်ရာသီမျှ ကစားပေးခဲ့ရပြီး ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ဖို့ စိတ််အား ထက်သန်လွန်းနေခဲ့တဲ့ ဘူဖွန် က ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတဲ့ အခိုက်အတန့်ကို အမှတ်ရဆဲ ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ် ။

” ကျွန်တော်တို့ အခွင့်အရေးကို လွှင့်ပစ်ခဲ့လိုက်ကြတာပါ ။ သူတို့ ပဲရစ် ကို လာပြီး ကလေးတွေနဲ့ ကစားခဲ့ကြတာပါ ။ သူတို့ အသင်းမှာ ဒီဂီယာ ၊ လူကာကူ နဲ့ ရပ်ရှ်ဖို့ တို့ ပါဝင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ကျန်ရစ်တဲ့ ပွဲထွက် ကစားသမားတွေ အများစု ကတော့ လူငယ်တွေချည်းပဲ ဖြစ်ခဲ့ကြရပါတယ် ” ” ကျွန်တော်တို့ အရှုပ်ထုပ် ဖန်တီးခဲ့ကြပါတယ် ။ အဲ့တာက စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုပါ ။ ဒါဟာ ကျွန်တော် ရဲ့ ကစားသမား ဘဝ အကြီးမားဆုံးသော ဝမ်းနည်း ပူဆွေး စရာ ပွဲစဥ် ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ် ။ ကျွန်တော်တို့ အရမ်းကို တောင့်တင်းတဲ့ အစုအဖွဲ့တစ်ခုပဲ ဖြစ်ခဲ့ကြရပါတယ် ။ တကယ့်ကို Mega team ပေါ့ဗျာ ” လို့ ဘူဖွန် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။
crd

Add a Comment

Your email address will not be published. Required fields are marked *