



STUTTGART, GERMANY – MAY 14: Sasa Kalajdzic of VfB Stuttgart celebrates with the fans as they avoid the relegation play offs after their sides victory during the Bundesliga match between VfB Stuttgart and 1. FC Köln at Mercedes-Benz Arena on May 14, 2022 in Stuttgart, Germany. (Photo by Matthias Hangst/Getty Images)

crd

unicode

ယူနိုက်တက်ကွင်းလယ်လူဟောင်းက သူရဲ့စံပြကစားသမားတစ်ဦးဖြစ်ကြောင်းဖွင့်ဟဝန်ခံလာတဲ့ သရဲနီပစ်မှတ် Sasa Kalajdzic

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်တိုက်စစ်ကစားသမားဖြစ်သူ Sasa Kalajdzic က သူ့ရဲ့ အိုက်ဒေါဟာ မန်ယူအသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမားဟောင်း နီမန်ဂျာ မာတစ်ဖြစ်ကြောင်းနဲ့ သူ့ကို လူတွေက ဇလာတန် အီဘရာဟီမိုဗစ်၊ ပီတာ ခရောက်တို့နဲ့ နှိုင်းယှဉ်ပြီး ပြောဆိုကြကြောင်း ဆိုလာပါတယ်။ စတုဂတ်အသင်းရဲ့ အရပ် ၆ ပေ ၇ လက်မရှိတဲ့ Kalajdzic ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ခက်ခဲတဲ့ရာသီတစ်ခုကို ကြုံခဲ့ရပေမယ့်၊ မန်ယူအသင်းက ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။ ပုခုံးဒဏ်ရာပြဿနာဟာ သူ့ကို ရာသီဝက်လောက်အချိန်ကုန်ဆုံးစေခဲ့သလို၊ ကိုဗစ်ရောဂါနဲ့ ခြေသလုံးဒဏ်ရာတို့နဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ Kalajdzic က ပါဝင်ကစားခွင့်ရခဲ့တဲ့ ၁၅ ပွဲမှာ ၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ Kalajdzic ဟာ မန်ယူအသင်းနဲ့ မစိမ်းသူတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တည်းက မန်ယူအသင်းအကြောင်းကို လေ့လာခဲ့ပြီး၊ ကွင်းလယ်ခံစစ်ကစားသမားအဖြစ် ကစားစဉ်မှာ မာတစ်ကို အတုယူခဲ့ဖူးကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ခန္ဓာကိုယ်ကြောင့် လူတွေက သူ့ကို အီဘရာဟီမိုဗစ်နဲ့ နှိုင်းယှဉ်ကြကြောင်းနဲ့သူ့ရဲ့ အရပ်အမောင်းကြောင့် ပီတာ ခရောက်နဲ့ ဆင်တူတယ်ဆိုပြီး လူတွေရဲ့ ပြောဆိုခြင်းကို ခံရကြောင်း ဆိုလာပါတယ်။

“ လူတွေက ကျွန်တော့်ကို ဇလာတန် အီဘရာဟီမိုဗစ်၊ ပီတာ ခရောက်တို့နဲ့ နှိုင်းယှဉ်ပြီးတော့ ပြောကြတာကို ကြားဖူးပါတယ်၊ သူတို့က ကျွန်တော့်ကို ပိန်ရှည်ဖြစ်နေတဲ့ ဘယ်သူနဲ့မဆို နှိုင်းယှဉ်ခဲ့ကြတာပါ။ ကျွန်တော် လူငယ်ကစားသမားဘဝတုန်းက ” “ ကွင်းလယ်ခံစစ်အဖြစ် ကစားတော့ မန်ချက်စတာယူနိုက်တက်အသင်းက နီမန်ဂျာ မာတစ်လို့ရဲ့ ကစားပုံကို ကြည့်ပြီး အတုယူခဲ့ဖူးတယ်၊ သူက ကျွန်တော့်ရဲ့ အိုက်ဒေါလို့ အနည်းငယ်ပြောလို့ရပါတယ်။ သူက ဆားဘီးယားကစားသမားဖြစ်သလို၊ ကျွန်တော်ကလည်း ဆားဘီးယားသွေးအနည်းငယ် ပါပါတယ်။

ကျွန်တော့်ကိုယ်ကျွန်တော် သူနဲ့ နှိုင်းယှဉ်ဖို့ ” “ ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်မှာ နာမည်ပြောင်တွေအများကြီး ရှိပါတယ်၊ tall striker, lanky striker, big striker အစရှိသဖြင့်ပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ စိတ်ထဲမထားပါဘူး။ ကျွန်‌တော် အဲ့ဒီနာမည်တွေကို အရမ်းကြီးတော့လည်း မကြိုက်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ Sasa ပဲဖြစ်တာကြောင့်ပါ ” လို့ ပြောဆိုခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *