crd
unicode
ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေတဲ့ အဖိုးတန်စိန်ပွင့်ကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ အင်္ဂလန်ဂျာနယ်လစ်
ဂျာနယ်လစ် Pete O’Rourke ကတော့ မက်အာရွန် ဟာမန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ယူနိုက်တက်နည်းပြတန်ဟက်အနေနဲ့ ဒါလော့ကို ပြိုင်ဆိုင်မှုပေးနိုင်ရန်အတွက် ညာနောက်ခံလူသစ်တစ်ဦးကို ရှာဖွေနေပါတယ်။ အင်္ဂလန်သား မက်အာရွန် ဟာ နောက်ကျမှ နောဝှစ်ချ်စီးတီးအတွက် ချီးကျူး စရာကောင်းစွာ စွမ်းဆောင်နိုင်ခဲ့သဖြင့် ယူနိုက်တက်အသင်းရဲ့ ဖြစ်နိုင်ချေရှိသော ပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။
Give Me Sport နှင့် စကားပြောရာတွင် O’Rourke က အာရွန် သည် ဥရောပရှိ ကလပ်အချို့တွင် အထင်ကြီးလေးစားမှုများ ရရှိနေသည်မှာ အတော်လေး ကြာနေပြီဖြစ်ပါတယ်။ “သေချာတာကတော့ မက်အာရွန် ဟာ အရမ်းကောင်းတဲ့ ကစားသမားဖြစ်ပြီး ဥရောပတလွှားက ထိပ်တန်းကလပ်များစွာက သူ့ကိုခေါ်ယူဖို့အတွက်စောင့်ကြည့်ပစ်မှတ်ထားနေတာ ကြာပါပြီ။ မန်ချက်စတာယူနိုက်တက်အသင်းက ညာနောက်ခံလူကစားသမားသစ်ကိုခေါ်ယူဖို့ လုပ်ဆောင်မယ်ဆိုရင် မက်အာရွန် ဟာ သူတို့ရဲ့ဆန္ဒစာရင်းမှာ ထိပ်ဆုံးကပါဝင်နေမှာ သေချာပါတယ်” ဟု O’Rourke က ပြောကြားခဲ့ပါတယ်။
“မက်အာရွန်က အောင်မြင်မှုရဖို့အတွက် ဆာလောင်နေတဲ့ ကစားသမားတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်၊ ပြီးတော့ မန်ချက်စတာယူနိုက်တက်ကို သွားဖို့ အခွင့်အရေးက သူအရမ်းစိတ်ဝင်စားမယ့် အရာတစ်ခုလို့ ကျွန်တော်ယုံကြည်ပါတယ်။” မက်အာရွန် သည် ယခုရာသီတွင်နော်ဝှစ်ခ်ျ အတွက် 22 ပွဲ ကစားထားပြီး 1 ဂိုး သွင်းယူထားပါတယ်။
Add a Comment
Your email address will not be published. Required fields are marked *