crd
unicode
ယူနိုက်တက်ကိုမပြောင်းရွှေ့လာမီကတည်းက သရဲနီသွေးအပြည့်ပါကြောင်းပြသခဲ့တဲ့ ကတ်စ်မဲရိုး
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီအစမှာတုန်းက ဘရန့်ဖို့ဒ်အသင်းကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ကတ်စ်မဲရိုးဟာ မန်ယူအသင်းရဲ့ အခြေအနေဆိုးတွေကို ပြောင်းလဲပေးဖို့ စိတ်အားထက်သန်ခဲ့ပြီး၊ ပွဲပြီးပြီးချင်းမှာပဲ မန်ယူအသင်း ဒါရိုက်တာဆီ ဖုန်းဆက်ခဲ့ကာ သူ့ကို သံသယတွေပျောက်သွားအောင် လုပ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ နည်းပြ အဲရစ် တန်ဟန့်ရဲ့အသင်းဟာ ဒီရာသီရဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အဝေးကွင်းမှာ ဘရန့်ဖို့ဒ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ထိုအချိန်တုန်းက ကတ်စ်မဲရိုးဟာ မန်ယူအသင်းနဲ့ စာချုပ်မှာ လက်မှတ်မရေးထိုးရသေးတဲ့အချိန်ဖြစ်ပြီး၊ ပြိုင်ဘက်အသင်းတွေက အသက် ၃၀ ရှိပြီဖြစ်တဲ့ ကတ်စ်မဲရိုးအနေနဲ့ စိတ်ပြောင်းပြီး မန်ယူအသင်းကို လာမာမဟုတ်တော့ကြောင်း လှောင်ပြောင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လက်တွေ့မှာတော့ ကတ်စ်မဲရိုးရဲ့ တုံ့ပြန်ပုံဟာ ပြောင်းပြန်ဖြစ်ခဲ့ပြီး၊ The Mirror ရဲ့ ဖော်ပြချက်အရတော့ ကတ်စ်မဲရိုးဟာ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့အချိန်မှာ မန်ယူအသင်းရဲ့ ပွဲစဉ်တွေကို မက်ဒရစ်က သူ့ရဲ့နေအိမ်ကနေ စောင့်ကြည့်နေခဲ့တယ်လို့ သိရပါတယ်။
ပွဲအပြီးမှာပဲ ကတ်စ်မဲရိုးဟာ ချက်ချင်းပဲ သူ့ရဲ့ အပြောင်းအရွှေ့ကို ဦးဆောင်လုပ်ကိုင်နေတဲ့ ယူနိုက်တက်ဒါရိုက်တာ ဂျွန်မားတော့ဆီ ဖုန်းဆက်ခဲ့ပါတယ်။ ဒါပေမယ့် မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ သံသယဝင်နေပြီလို့ ပြောရမယ့်အစား၊ ကတ်စ်မဲရိုးဟာ သူ့အနေနဲ့ မန်ယူအသင်းကို ကူညီဖို့အတွက် စိတ်အားထက်သန်နေကြောင်းနဲ့ သူ့ကို အာမခံချက်ပေးတာလိုချင်ကြောင်း ပြောဆိုခဲ့ပါတယ်။
ကတ်စ်မဲရိုးဟာ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ ပထမဆုံးပွဲဦးထွက်ကို စတင်ဖို့အတွက် အချိန်ခြောက်ပတ်တောင် စောင့်ခဲ့ရပေမယ့်၊ ထိုအချိန်ကစတင်ပြီး ကောင်းမွန်တဲ့ခြေစွမ်းမျိုး ပြသထားခဲ့ကာ၊ အောက်တိုဘာလအတွက် မန်ယူအသင်းရဲ့ အကောင်းဆုံးကစားသမားဆုကိုပါ ရရှိထားခဲ့ပါတယ်။