crd
unicode
ယူ၂၁ အသင်းအတွက် EFL ဖလားစဥ်ပွဲမှာအသည်းခွဲဂိုးနှင့်နိုင်ပွဲရယူပေးခဲ့တဲ့ လူငယ်ကြယ်ပွင့် ဂါနာချို
မနေ့ညက ကစားခဲ့တဲ့ United U21 အသင်းနဲ့ Barrow အသင်းတို့ရဲ့ EFL ဖလားပွဲစဥ်မှာ 2-1 ရလဒ်ထွက်ပေါ်ခဲ့ပြီး ဂါနာချိုက ဟူနိုက်တက် U21အသင်းအတွက် နောက်ကျ အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီနေ့ပွဲစဥ်ဟာ စိုစွတ်နေတဲ့ Barrow အသင်းရဲ့အိမ်ကွင်းမှာ ကစားခဲ့ကြတာဖြစ်ပြီး ရာသီဥတု မကောင်းခဲ့ပေမဲ့ အလားအလာရှိတဲ့ Red Devils လူငယ်တော်တော်များများဟာ အဖိုးတန်အတွေ့အကြုံတွေကို ရရှိခဲ့ကြပါတယ်။
ယူနိုက်တက်လူငယ်အသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ချာလီ မက်နေးလ်က ပွဲအစမှာပဲ ဘာရိုးဂိုးသမားရဲ့ ပင်နယ်တီဧရိယာထဲ ပြစ်ဒဏ်ဘော ကျူးလွန်မှုကနေ ပင်နယ်တီရယူနိုင်ခဲ့ပြီး သူကိုယ်တိုင်ပဲ အဆုံးသတ်ခဲ့ပါတယ်။ ဒါကြောင့် ပထမပိုင်းမှာ ( ၁-၀ ) ရလာဒ်နဲ့ ဦး‌ေဆာင်ထားခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဘာရိုးအသင်းက ချေပဂိုး ရရှိသွားခဲ့ပြီး ‌နာက်ခံလူ Tyler Fredricson က ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာဖြစ်ပါတယ်။
ပွဲက သရေနဲ့ အဆုံးသတ်ဖို့ နီးစပ်ခဲ့ပေမယ့် ဂါနာချိုက အချိန်ပိုမှာ ယူနိုက်တက်အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီနေ့ပွဲမှာ စီနီယာအသင်းနဲ့ မစိမ်းတဲ့ ပယ်လီစထရီ ၊ ဆာဗေ့ ၊ ဇီးဒန်းအစ်ဘယ်၊ ဘစ်ရှော့ တို့ပါ ပါ၀င်ကစားပေးခဲ့ကြပြီး နည်းပြတန်ဟက်အတွက် ရွေးချယ်စရာများလာအောင် ကြိုးစားကစားပေးခဲ့ကြပါတယ်။
ဇီဒန်းအစ်ဘယ်၊ ပီလီစထရီနဲ့ ဂါနာချို တို့ပွဲထွက်ခဲ့တာကြောင့် သူတို့ ၃ ဦးအနေနဲ့ ဒီအပတ် အိုမိုနီးယားနဲ့ကစားရမယ့် ယူရိုပါလိဂ် ပွဲစဥ်မှာ ပွဲထွက်ခွင့်ရဖို့ အလားအလာနည်းသွားပါပြီ။ မနေ့ညက ကစားခဲ့တဲ့ Barrow နဲ့ပွဲမှ တောင်ပံကစားသမား Alejandro Garnacho ၏ ကိန်းဂဏန်းအချက်အလက်များ – အမြင့်ဘောယှဉ်လုရာတွင်အောင်မြင်မှု – 100% / ဘောလုံးပေးပို့ရာတွင်တိကျမှု – 89% / ဘောလုံးထိချက်စုစုပေါင်း – 56 ကြိမ် / တစ်ဦးချင်းကျော်ဖြတ်ရာတွင်အောင်မြင်မှု – 3/5 / ဂိုးပေါက်တည့်မှု – 2 ကြိမ်
Add a Comment
Your email address will not be published. Required fields are marked *