crd
unicode
ယုံကြည်မှုပျောက်ဆုံးခဲ့တဲ့သရဲနီတွေကို ကာရင်တန်မှာရာဇသံပေးလိုက်တဲ့ နယ်သာလန်ဗျူဟာမှူးတန်ဟဂ်
သြဂုတ်လအတွင်း ဘရန့်ဖို့ဒ်ကို အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် နည်းပြ Erik Ten Hag က ပြတ်သားတဲ့ လုပ်ရပ်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ယူနိုက်တက်က အဲ့ဒီပွဲစဉ်မှာ ( ၄-၀ ) နဲ့ အရေးနိမ့်ခဲ့ပြီး ဂိုးတွေအားလုံးကို ပထမပိုင်းအတွင်းမှာပဲ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ တင်ဟာ့ခ်က ဒါဟာ ကစားသမားတွေ အားစိုက်ထုတ်မှု နည်းပါးလို့ ယခုလို ဖြစ်ရတာလို့ ယူဆခဲ့ပါတယ်။ ဒါကြောင့် နောက့်နေမှာတော့ ကစားသမားတွေကို ( ၁၃.၈ ) ကီလိုမီတာထိ ပြေးခိုင်းခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက် တနင်္ဂနွေနေ့တုန်းက မန်ချက်စတာ ဒါဘီမှာလည်း ပထမပိုင်းအတွင်း ( ၄ ) ဂိုး ခွင့်ပြုခဲ့ရပြီး ဒုတိယပိုင်းမှာ နောက်ထပ် ( ၂ ) ဂိုး ခွင့်ပြုခဲ့ရပါတယ်။ ဒါကြောင့် ကစားသမားတွေအနေနဲ့ ထပ်ပြေးရတော့မယ်ထင်တယ်လို့ စိုးရိမ်နေကြမှာ သေချာပါတယ်။ ဒါပေမယ့် တနင်္လာနေ့မှာတော့ အဲ့လို လုပ်ဖို့ မရှိပါဘူး။ လက်ရှိ ပွဲစဉ် ဇယားတွေက ကျပ်နေပြီး ယူနိုက်တက်အနေနဲ့ လာမယ့် ( ၇ ) ရက်အတွင်း ( ၂ ) ပွဲ ကစားရဖို့ ရှိနေပါတယ်။ တင်ဟာ့ခ်က သူ့အသင်းဟာ ရုပ်ပိုင်းဆိုင်ရာ ကြိုးစားအားထုတ်မှုနည်းခဲ့တာ မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ မှားယွင်းမှုတွေ ရှိခဲ့တာလို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
ဒီနေ့ပြုလုပ်ခဲ့တဲ့ အစည်းဝေးမှာ နည်းပြအဖွဲ့ဝင်၊ ကစားသမားတွေကြားမှာအချင်းချင်း လွတ်လပ်စွာပြောဆိုဆွေးနွေးခဲ့ကြတယ်လို့သိရပြီး တန်ဟတ်ကိုယ်တိုင်ကလဲ သူ့ရဲ့နည်းစနစ်နဲ့ပတ်သက်ပြီး criticise လုပ်နိုင်ကြောင်းကိုနည်းပြအဖွဲ့ဝင်တွေကို ပွင့်လင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။ နည်းပြ Erik Ten Hagက သူ့အနေနဲ့ အသင်းက ကစားသမားတွေကိုဘယ်သူက အသင်းမှာဆက်ရှိဖို့ထိုက်တန်တယ်ဆိုတာကို မဆုံးဖြတ်မချင်း စာချုပ်သစ်ချုပ်ဆိုတာတွေမပြုလုပ်ဖို့ ဘုတ်အဖွဲ့ကိုပြောကြားခဲ့ပါတယ်။ ဒါဟာမနေ့ကရှုံးပွဲအတွက် ချက်ချင်းဖြစ်လာတဲ့ နည်းပြရဲ့တုန့်ပြန်မှုမဟုတ်သော်လည်း အသင်းမှာ ဆက်ရှိဖို့ အမှန်တကယ်ထိုက်တန်တဲ့ ကစားသမားမျိုးကိုသာစာချုပ်သစ် ကမ်းလှမ်းတဲ့လမ်းစဉ်ကို ပြောင်းလဲရန် စတင်ကြိုးပမ်းမှုဖြစ်ပါတယ်။
Man United နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တစ်ခုက “ Erik Ten Hag ဟာသူ့အသင်းက ကစားသမားတွေကို သူတို့ကဘယ်လိုစိတ်ဓာတ်ရှိတဲ့သူတွေလဲ၊ သူတို့ဘာတွေတိုးတက်အောင်ကြိုးစားကြလဲ၊ ဘယ်လောက်အထိ တိုးတက်လာလဲ၊ သူတို့ ဖိအားတွေကို ဘယ်လိုရင်ဆိုင်လဲ၊ ဘယ်လိုကိုင်တွယ်လဲ၊ ဖိအားတွေဆီကရှောင်ထွက်မသွားဘဲ ဘယ်လိုကျော်ဖြတ်လဲ၊ မတူညီတဲ့စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်လဲ စတဲ့ တိုးတက်ပြောင်းလဲလာမှုအဆင့်ဆင့်ကိုစောင့်ကြည့်ဖို့စိတ်အားထက်သန်သူတစ်ယောက်ဖြစ်ပါတယ်။ “ လို့ဆိုထားပါတယ်။ Erik Ten Hag ဟာ သူ့အသင်းမှ ကစားသမားတွေကို စာချုပ်သစ်နဲ့ပတ်သတ်လာရင် သေချာပေါက်အပိုင်တွက်ထားပြီး Comfort Zone ထဲရောက်နေတာမျိုးကို သဘောမကျဘဲ ထိုက်တန်သူကိုသာ စာချုပ်သစ်ကမ်းလှမ်းတဲ့စနစ်ကို စတင်ပြောင်းလဲကျင့်သုံးဖို့ ဆန္ဒရှိနေပါတယ်။
Add a Comment
Your email address will not be published. Required fields are marked *