ယခုရာသီမွာပဲ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚႏိုင္ဖို႔ လိဂ္အေတြ႕အႀကဳံရင့္ၿပီး ယူ႐ို၁၀သန္းေလာက္နဲ႔ရမယ့္ တိုင္လီမန္းစ္ကို ေခၚယူ‌ေတာ့မယ့္ မန္ယူႏိုက္တက္

ယခုရာသီမွာပဲ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚႏိုင္ဖို႔ လိဂ္အေတြ႕အႀကဳံရင့္ၿပီး ယူ႐ို၁၀သန္းေလာက္နဲ႔ရမယ့္ တိုင္လီမန္းစ္ကို ေခၚယူ‌ေတာ့မယ့္ မန္ယူႏိုက္တက္
ယခုလအတြင္းမွာပဲ တတိယေျမာက္အားျဖည့္မႈအျဖစ္ လက္စတာၾကယ္ပြင့္ တိုင္လီမန္းစ္ကို ေဈး‌‌ေပါေပါနဲ႔ ေခၚယူႏိုင္ေတာ့မယ့္ မန္ယူႏိုက္တက္

မန္ခ်က္စတာ ယူႏိုက္တက္က ကြင္းလယ္ပိုင္းမွာ ဖာနန္ဒက္ ၊ အဲရစ္ဆင္ ၊ ကတ္စ္မဲ႐ိုး ၊ ဖရက္ဒ္ ၊ ေတာ္မီေနးနဲ႔ ဗန္ဒီဘိခ္တို႔ကို ပိုင္ဆိုင္ထားၿပီး လက္ရွိမွာ သူတို႔ရဲ႕ ကြင္းလယ္ပိုင္းဟာ ေတာင့္တင္းေနေပမယ့္ ဗန္ဒီဘိခ္ ဒဏ္ရာရသြားတာေၾကာင့္ ကစားကြက္ပိုင္း အေျပာင္းအလဲ လုပ္ဖို႔နဲ႔ ပြဲဆက္ မ်ားလာခ်ိန္မွာ အလွည့္က် ဝင္ေရာက္ ကစားေပးႏိုင္ဖို႔ ကြင္းလယ္လူ တဦး လိုအပ္ခ်က္ ရွိလာခဲ့ပါတယ္။

ဒါေၾကာင့္ပဲ မန္ခ်က္စတာ ယူႏိုက္တက္က ေဆာင္းေဈးကြက္ အတြင္း ပထမဦးဆုံး ေခၚယူမႈ အျဖစ္ ဘန္ေလရဲ႕ တိုက္စစ္မႉး ဗက္ေဟာ့စ္ကို ရာသီဝက္အငွားနဲ႔ ေခၚယူၿပီးေနာက္ ေျပာင္းေ႐ႊ႕ေၾကးနည္းနည္းနဲ႔ ေခၚယူႏိုင္မယ့္ ကြင္းလယ္လူ တဦးကို ထပ္မံ ေခၚယူဖို႔ စဥ္းစားေနတာ ျဖစ္ၿပီး လက္စတာ စီးတီးနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ တိုင္လီမန္းစ္ဟာ သူတို႔ရဲ႕ အဓိက ပစ္မွတ္ ကစားသမားေတြထဲက တဦးပါ။

အသက္ ၂၅ႏွစ္ အ႐ြယ္ ဘယ္လ္ဂ်ီယံ လက္ေ႐ြးစင္ ကြင္းလယ္လူ တိုင္လီမန္းစ္က လက္စတာ စီးတီးနဲ႔ စာခ်ဳပ္သက္တမ္း ၆လသာ က်န္ေတာ့သလို လက္စတာ စီးတီးနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ေတာ့ဖို႔ ဆုံးျဖတ္ထားတာေၾကာင့္ ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ အသင္းေျပာင္းႏိုင္မယ့္ ကစားသမား တဦး ျဖစ္ၿပီး လက္စတာ စီးတီးကေတာ့ အသင္းရဲ႕ အဓိက ကြင္းလယ္လူ တိုင္လီမန္းစ္ကို ရာသီကုန္ အထိ အသင္းမွာ ဆက္ထားဖို႔ စဥ္းစားထားေပမယ့္ ေဆာင္းေဈးကြက္ အတြင္းမွာ တိုင္လီမန္းစ္ အတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈ တရပ္ ေရာက္လာရင္လည္း ေရာင္းခ်ဖို႔ စဥ္းစားဖြယ္ ရွိပါတယ္။

နာမည္ႀကီး ဘယ္လ္ဂ်ီယံ သတင္းေထာက္ ဆာခ်ာ တာဗိုလာရီရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာ ယူႏိုက္တက္က ယခုလ အတြင္းမွာပဲ တိုင္လီမန္းစ္ကို အရ ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ယူႏိုက္တက္ရဲ႕ တာဝန္ရွိသူေတြက လက္စတာ စီးတီးထံ ဆက္သြယ္ကာ တိုင္လီမန္းစ္ရဲ႕ ေျပာင္းေ႐ႊ႕ေၾကး အတြက္ စုံစမ္းမႈေတြ ရွိခဲ့ေၾကာင္းနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္ဟာ တိုင္လီမန္းစ္ကို ေလွ်ာ့ေဈးနဲ႔ ေခၚယူႏိုင္မယ္လို႔ ယုံၾကည္ထားေၾကာင္း သိရပါတယ္။

လက္စတာ စီးတီးကေတာ့ သူတို႔နဲ႔ စာခ်ဳပ္သက္တမ္း ၆လသာ က်န္ေတာ့တဲ့ တိုင္လီမန္းစ္ အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၇သန္းနဲ႔ ၁၀သန္းၾကား ေတာင္းဆိုႏိုင္ပါတယ္။
crd

Unicode
ယခုရာသီမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ လိဂ်အတွေ့အကြုံရင့်ပြီး ယူရို၁၀သန်းလောက်နဲ့ရမယ့် တိုင်လီမန်းစ်ကို ခေါ်ယူ‌တော့မယ့် မန်ယူနိုက်တက်
ယခုလအတွင်းမှာပဲ တတိယမြောက်အားဖြည့်မှုအဖြစ် လက်စတာကြယ်ပွင့် တိုင်လီမန်းစ်ကို ဈေး‌‌ပေါပေါနဲ့ ခေါ်ယူနိုင်တော့မယ့် မန်ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ဖာနန်ဒက် ၊ အဲရစ်ဆင် ၊ ကတ်စ်မဲရိုး ၊ ဖရက်ဒ် ၊ တော်မီနေးနဲ့ ဗန်ဒီဘိခ်တို့ကို ပိုင်ဆိုင်ထားပြီး လက်ရှိမှာ သူတို့ရဲ့ ကွင်းလယ်ပိုင်းဟာ တောင့်တင်းနေပေမယ့် ဗန်ဒီဘိခ် ဒဏ်ရာရသွားတာကြောင့် ကစားကွက်ပိုင်း အပြောင်းအလဲ လုပ်ဖို့နဲ့ ပွဲဆက် များလာချိန်မှာ အလှည့်ကျ ဝင်ရောက် ကစားပေးနိုင်ဖို့ ကွင်းလယ်လူ တဦး လိုအပ်ချက် ရှိလာခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ဆောင်းဈေးကွက် အတွင်း ပထမဦးဆုံး ခေါ်ယူမှု အဖြစ် ဘန်လေရဲ့ တိုက်စစ်မှူး ဗက်ဟော့စ်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူပြီးနောက် ပြောင်းရွှေ့ကြေးနည်းနည်းနဲ့ ခေါ်ယူနိုင်မယ့် ကွင်းလယ်လူ တဦးကို ထပ်မံ ခေါ်ယူဖို့ စဉ်းစားနေတာ ဖြစ်ပြီး လက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တိုင်လီမန်းစ်ဟာ သူတို့ရဲ့ အဓိက ပစ်မှတ် ကစားသမားတွေထဲက တဦးပါ။

အသက် ၂၅နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ တိုင်လီမန်းစ်က လက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့သလို လက်စတာ စီးတီးနဲ့ စာချုပ်သစ် မချုပ်တော့ဖို့ ဆုံးဖြတ်ထားတာကြောင့် ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းနိုင်မယ့် ကစားသမား တဦး ဖြစ်ပြီး လက်စတာ စီးတီးကတော့ အသင်းရဲ့ အဓိက ကွင်းလယ်လူ တိုင်လီမန်းစ်ကို ရာသီကုန် အထိ အသင်းမှာ ဆက်ထားဖို့ စဉ်းစားထားပေမယ့် ဆောင်းဈေးကွက် အတွင်းမှာ တိုင်လီမန်းစ် အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင်လည်း ရောင်းချဖို့ စဉ်းစားဖွယ် ရှိပါတယ်။

နာမည်ကြီး ဘယ်လ်ဂျီယံ သတင်းထောက် ဆာချာ တာဗိုလာရီရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ယခုလ အတွင်းမှာပဲ တိုင်လီမန်းစ်ကို အရ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လက်စတာ စီးတီးထံ ဆက်သွယ်ကာ တိုင်လီမန်းစ်ရဲ့ ပြောင်းရွှေ့ကြေး အတွက် စုံစမ်းမှုတွေ ရှိခဲ့ကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ တိုင်လီမန်းစ်ကို လျှော့ဈေးနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။

လက်စတာ စီးတီးကတော့ သူတို့နဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့တဲ့ တိုင်လီမန်းစ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၇သန်းနဲ့ ၁၀သန်းကြား တောင်းဆိုနိုင်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *