မားကပ္စ္ ရက္ရွ္ဖို႔ဒ္ အတြက္အႀကံညဏ္ေကာင္းေပးသြားခဲ့တဲ့ သရဲနီတိုက္စစ္မႉး ေဟာင္း လူးဝစ္ဆာဟာ

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ အတြက္အႀကံညဏ္ေကာင္းေပးသြားခဲ့တဲ့ သရဲနီတိုက္စစ္မႉး ေဟာင္း လူးဝစ္ဆာဟာ

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း လူးဝစ္ ဆာဟာ က မားကပ္ ရက္ဖိုဒ့္ အေနနဲ႔ စိတ္ကို ေအးေအး ထားကာ ကစားသင့္ေၾကာင္း အႀကံျပဳ ေျပာဆို သြားခဲ့ ပါတယ္ ။ရက္ဖိုဒ့္ ဟာ ဒီရာသီ အေစာပိုင္း ပြဲေတြကို ပုခုံး ဒဏ္ရာ ခြဲစိတ္ ကုသမႈေၾကာင့္ လြဲေခ်ာ္ ခဲ့ရၿပီး ျပန္ကစားရခ်ိန္ မွာေတာ့ အရင္လို ေျခစြမ္းေတြ ျပန္လည္ ရရွိေအာင္ ႐ုန္းကန္ ေနခဲ့ရ ပါတယ္ ။ေနာက္ပိုင္း ပြဲေတြမွာ ရက္ဖိုဒ့္ ဟာ စိတ္ပါ လက္ပါ မရွိတဲ့ ပုံစံမ်ိဳးနဲ႔ ကစားေနတယ္လို႔ ပရိသတ္ေတြ ၊ သုံးသပ္သူေတြ က ထင္ျမင္ လာခဲ့ၿပီး ေဝဖန္မႈေတြ ျပဳလုပ္ လာခဲ့ၾကပါတယ္ ။

 

အထူးသျဖင့္ ဗီလာ အသင္းကို ၁-၀ နဲ႔ အႏိုင္ ရခဲ့တဲ့ FA Cup ပြဲစဥ္ မွာ အသင္းေဖာ္ ဂရင္းဝုဒ္ ရဲ႕ ကန္ခ်က္ကို ဗီလာ ဂိုးသမား ကာကြယ္ အၿပီး ျပန္အံထြက္ လာတဲ့ ေဘာလုံးကို ရက္ဖိုဒ့္ က ရယူဖို႔ အားလုံး၀ မထုတ္ခဲ့တဲ့ ျဖစ္ရပ္ဟာ ေဝဖန္သူေတြ ရဲ႕ ေဒါသ ကို ပိုမို ႀကီးမား သြားေစခဲ့ ပါတယ္ ။ယူႏိုက္တက္ နဲ႔ အတူ ပရီးမီးယားလိဂ္ ဖလားကို ရယူခဲ့ဖူးတဲ့ ျပင္သစ္ တိုက္စစ္မႉးေဟာင္း လူးဝစ္ ဆာဟာ ကေတာ့ ရက္ဖိုဒ့္ အေနနဲ႔ လက္ရွိ အေျခအေနမွာ စိတ္ေအးေအး ထားၿပီး ဆက္ကစားဖို႔ လိုအပ္ေၾကာင္း အႀကံျပဳ ေျပာဆိုရင္း အဂၤလန္သား ဟာ အလားအလာေကာင္းေတြ ရွိတဲ့ ကစားသမား တေယာက္ ျဖစ္တယ္လို႔ ေျပာဆို သြားခဲ့ ပါတယ္ ။

“႐ုပ္ပိုင္း ဆိုင္ရာ အရဆိုရင္ေတာ့ သူ ( ရက္ဖိုဒ့္ ) ျပန္ေကာင္း ေနပါၿပီ ။ ဒါေပမယ့္ သူ႔ ၾကည့္ရတာ မိနစ္ အနည္းငယ္ ( ကစားေပးဖို႔ ) လိုအပ္ ေနသလို ပါပဲ ။ လက္ရွိ အေျခအေနေတြ အေပၚမွာ သူ႔ အေနနဲ႔ စိတ္ေအးေအး ထားၿပီး ကစားဖို႔ လိုအပ္တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္”“သူ႔ဘက္က ၾကည့္ရင္လည္း အေနအထားေတြက သူမ်ားေတြနဲ႔ ကြဲျပား ေနမွာပါ ။ အခု အသင္းမွာ နည္းျပ အေျပာင္းအလဲ ျဖစ္တယ္ ၊ ကစားပုံ ကစားကြက္ေတြ ဗ်ဴဟာေတြလည္း အေျပာင္းအလဲေတြ ျဖစ္ေန ပါတယ္ ။အသင္းသားတိုင္း အနည္းနဲ႔ အမ်ား ေျပာင္းလဲမႈေတြ ရွိၾကမွာပါ ။မားကပ္စ္ ( ရက္ဖိုဒ့္ ) ဟာ အလားအလာေကာင္းေတြ အမ်ားႀကီး ရွိတဲ့ ကစားသမားပါ ။ သူ႔ကို အားေပး ေထာက္ပံ့သင့္ပါတယ္” လို႔ ဆာဟာ က ေျပာဆို သြားခဲ့ ပါတယ္ ။

 

မားကပ္စ္ ( ရက္ဖိုဒ့္ ) ဟာ အလားအလာေကာင္းေတြ အမ်ားႀကီး ရွိတဲ့ ကစားသမားပါ ။ သူ႔ကို အားေပး ေထာက္ပံ့သင့္ပါတယ္” လို႔ ဆာဟာ က ေျပာဆို သြားခဲ့ ပါတယ္ ။ရက္ဖိုဒ့္ ကေတာ့ သူဟာ မန္ခ်က္စတာ ယူႏိုက္တက္ မွာ မေပ်ာ္မ႐ႊင္ ျဖစ္ေနတယ္ဆိုတဲ့ သတင္းကို ျငင္းဆို သြားခဲ့ၿပီး အသင္းအေပၚ ခ်စ္ျမတ္ႏိုး ေၾကာင္း ဗီလာ နဲ႔ ပြဲမတိုင္ခင္ တုန္းက ေျပာဆို သြားခဲ့ ပါတယ္ ။မန္ခ်က္စတာ ယူႏိုက္တက္ ဟာ လာမယ့္ ပိတ္ရက္ မွာေတာ့ အက္စတြန္ ဗီလာ အသင္းနဲ႔ တဖန္ ျပန္လည္ ကစားရမွာ ျဖစ္ၿပီး ဒီတႀကိမ္ မွာေတာ့ ဗီလာပါ့ခ္ ကို ပရီးမီးယားလိဂ္ ပြဲစဥ္ အျဖစ္ သြားေရာက္ ကစားရမွာပဲ ျဖစ္ ပါတယ္ ။
crd

unicode

မားကပ်စ် ရက်ရှ်ဖို့ဒ် အတွက်အကြံညဏ်ကောင်းပေးသွားခဲ့တဲ့ သရဲနီတိုက်စစ်မှူး ဟောင်း လူးဝစ်ဆာဟာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာ က မားကပ် ရက်ဖိုဒ့် အနေနဲ့ စိတ်ကို အေးအေး ထားကာ ကစားသင့်ကြောင်း အကြံပြု ပြောဆို သွားခဲ့ ပါတယ် ။ရက်ဖိုဒ့် ဟာ ဒီရာသီ အစောပိုင်း ပွဲတွေကို ပုခုံး ဒဏ်ရာ ခွဲစိတ် ကုသမှုကြောင့် လွဲချော် ခဲ့ရပြီး ပြန်ကစားရချိန် မှာတော့ အရင်လို ခြေစွမ်းတွေ ပြန်လည် ရရှိအောင် ရုန်းကန် နေခဲ့ရ ပါတယ် ။နောက်ပိုင်း ပွဲတွေမှာ ရက်ဖိုဒ့် ဟာ စိတ်ပါ လက်ပါ မရှိတဲ့ ပုံစံမျိုးနဲ့ ကစားနေတယ်လို့ ပရိသတ်တွေ ၊ သုံးသပ်သူတွေ က ထင်မြင် လာခဲ့ပြီး ဝေဖန်မှုတွေ ပြုလုပ် လာခဲ့ကြပါတယ် ။

အထူးသဖြင့် ဗီလာ အသင်းကို ၁-၀ နဲ့ အနိုင် ရခဲ့တဲ့ FA Cup ပွဲစဉ် မှာ အသင်းဖော် ဂရင်းဝုဒ် ရဲ့ ကန်ချက်ကို ဗီလာ ဂိုးသမား ကာကွယ် အပြီး ပြန်အံထွက် လာတဲ့ ဘောလုံးကို ရက်ဖိုဒ့် က ရယူဖို့ အားလုံး၀ မထုတ်ခဲ့တဲ့ ဖြစ်ရပ်ဟာ ဝေဖန်သူတွေ ရဲ့ ဒေါသ ကို ပိုမို ကြီးမား သွားစေခဲ့ ပါတယ် ။ယူနိုက်တက် နဲ့ အတူ ပရီးမီးယားလိဂ် ဖလားကို ရယူခဲ့ဖူးတဲ့ ပြင်သစ် တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာ ကတော့ ရက်ဖိုဒ့် အနေနဲ့ လက်ရှိ အခြေအနေမှာ စိတ်အေးအေး ထားပြီး ဆက်ကစားဖို့ လိုအပ်ကြောင်း အကြံပြု ပြောဆိုရင်း အင်္ဂလန်သား ဟာ အလားအလာကောင်းတွေ ရှိတဲ့ ကစားသမား တယောက် ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“ရုပ်ပိုင်း ဆိုင်ရာ အရဆိုရင်တော့ သူ ( ရက်ဖိုဒ့် ) ပြန်ကောင်း နေပါပြီ ။ ဒါပေမယ့် သူ့ ကြည့်ရတာ မိနစ် အနည်းငယ် ( ကစားပေးဖို့ ) လိုအပ် နေသလို ပါပဲ ။ လက်ရှိ အခြေအနေတွေ အပေါ်မှာ သူ့ အနေနဲ့ စိတ်အေးအေး ထားပြီး ကစားဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်”“သူ့ဘက်က ကြည့်ရင်လည်း အနေအထားတွေက သူများတွေနဲ့ ကွဲပြား နေမှာပါ ။ အခု အသင်းမှာ နည်းပြ အပြောင်းအလဲ ဖြစ်တယ် ၊ ကစားပုံ ကစားကွက်တွေ ဗျူဟာတွေလည်း အပြောင်းအလဲတွေ ဖြစ်နေ ပါတယ် ။အသင်းသားတိုင်း အနည်းနဲ့ အများ ပြောင်းလဲမှုတွေ ရှိကြမှာပါ ။မားကပ်စ် ( ရက်ဖိုဒ့် ) ဟာ အလားအလာကောင်းတွေ အများကြီး ရှိတဲ့ ကစားသမားပါ ။ သူ့ကို အားပေး ထောက်ပံ့သင့်ပါတယ်” လို့ ဆာဟာ က ပြောဆို သွားခဲ့ ပါတယ် ။

မားကပ်စ် ( ရက်ဖိုဒ့် ) ဟာ အလားအလာကောင်းတွေ အများကြီး ရှိတဲ့ ကစားသမားပါ ။ သူ့ကို အားပေး ထောက်ပံ့သင့်ပါတယ်” လို့ ဆာဟာ က ပြောဆို သွားခဲ့ ပါတယ် ။ရက်ဖိုဒ့် ကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် မှာ မပျော်မရွှင် ဖြစ်နေတယ်ဆိုတဲ့ သတင်းကို ငြင်းဆို သွားခဲ့ပြီး အသင်းအပေါ် ချစ်မြတ်နိုး ကြောင်း ဗီလာ နဲ့ ပွဲမတိုင်ခင် တုန်းက ပြောဆို သွားခဲ့ ပါတယ် ။မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ပိတ်ရက် မှာတော့ အက်စတွန် ဗီလာ အသင်းနဲ့ တဖန် ပြန်လည် ကစားရမှာ ဖြစ်ပြီး ဒီတကြိမ် မှာတော့ ဗီလာပါ့ခ် ကို ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် သွားရောက် ကစားရမှာပဲ ဖြစ် ပါတယ် ။
crd

Add a Comment

Your email address will not be published. Required fields are marked *