crd
unicode
မာတီနက်ဇ်က လက်ရှိပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးခံစစ်ကစားသမားပါလို့ဆိုလိုက်တဲ့ သရဲနီဂန္တဝင် ရီယိုဖာဒီနန်
လီဆန်ဒရို မာတီးနက်ဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက်အတွက် ခံစစ်ပိုင်းမှာ အံ့အားသင့်ဖွယ် စွမ်းဆောင်ပြထားနေပြီး တစ်ပတ်ပြီး တစ်ပတ် ပိုပိုကောင်းလာနေပါတယ်။ ရာသီ အစတုန်းက ဂျေမီ ကာရေဂါရဲ့ “ မားတီနက်က ပရီးမီးယားလိဂ်မှာ ကစားဖို့ အရပ်ပုလွန်းတယ်။”လို့ ပြောဆိုချက်က ပိုပိုပြီး ရှက်စရာကောင်းလာနေပါတယ်။ မာတီးနက်ဟာ ပြီးခဲ့တဲ့ အပတ် ခရစ္စတယ် ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ ပွဲစဥ်မှာလည်း ယူနိုက်တက် ပရိသတ်တွေ ရွေးချယ်တဲ့ အကောင်းဆုံး ကစားသမားဆု ရခဲ့ပါတယ်။
The Butcher လို့ ချစ်စနိုးအမည်ရထားတဲ့ နောက်ခံလူဟာ အိုးထရတ်ဖို့ဒ်ရဲ့ သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန်ကို သူ့ရဲ့ Five YouTube channel ကနေ လီဆန်ဒရို မာတီးနက်က ပရီးမီးယားလိဂ်ရဲ့ လက်ရှိ အကောင်းဆုံး ကစားသမားလားဆိုတာ မေးမြန်းခဲ့ပါတယ်။
ဖာဒီနန်က “ လက်ရှိ ခြေစွမ်းအရ တခြားငြင်းစရာ သိပ်မရှိဘူးလို့ထင်ပါတယ်။ ” အခုအချိန်မှာတော့ ဘယ်နေရာ ၊ ဘယ်သူကမှ မာတီနက်ဇ်အပေါ်ဝေဖန်သံတွေ အမှန်တကယ်မကြား တော့ပါဘူး။ “ သူက လွမ်းမိုးကစားနိုင်တယ် ၊ aggressive ဖြစ်တယ် ၊ ခေါင်းဆောင်နိုင်စွမ်းရှိတယ် ၊ အသင်းဖော်တွေနဲ့ ကောင်းကောင်း ဆက်သွယ်နိုင်စွမ်းရှိတယ်။ “ကျွန်တော် Lisandro Martínezကိုသဘောကျတဲ့အချက်က တစ်ခုခုဆိုရှေ့ကရောက်နေတော့တာပဲ ။ ကောင်းမွန်တဲ့ အရိမ်လက္ခဏာတွေ ပြသထားပြီး အရေးပါတဲ့ အခိုက်အတန့်တွေမှာလည်း သက်သေပြထားပြီးဖြစ်ပါတယ်။” သူရဲ့ခေါင်းဆောင်ကောင်းစိတ်ဓာတ်ကိုတွေ့ရပါတယ်။
ရာသီ အစတုန်းက ပြိုင်ဘက် တိုက်စစ်မှူးတွေဟာ မာတီးနက်ကို ဦးတည်ပစ်မှတ်ထားပြီး တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ကြပေမယ့် လက်ရှိမှာတော့ သူ့ကို ရင်ဆိုင်ရမှာတောင် ကြောက်ရွံ့နေကြပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူးတွေကို ကြည့်လိုက်မယ်ဆိုရင် ဒီရာသီမှာ ဗာဂျယ် ဗန်ဒိုက်က ခြေစွမ်းပဲ ပြသနိုင်သလို ရူဘင် ဒီယာ့စ်ကလည်း ဒဏ်ရာကြောင့် ပွဲကစားခွင့်တောင် သိပ်မရတော့ပါဘူး ။ အကောင်းဆုံး ခံစစ်မှူးလို့ သတ်မှတ်ဖို့ မာတီးနက်ကို မီဖို့ လိုသလိုတောင် ဖြစ်လာပါပြီ။ သူနဲ့ နီးစပ်တာဆိုလို့ အသင်းဖော် ရာဖာ ဗာရန်း တစ်ဦးပဲ မြင်မိပါတယ်။