မာစီရယ္ကိုဘာေၾကာင့္ႀကိဳက္တာလဲဆိုတာရွင္းျပလာတဲ့ သရဲနီတိုက္စစ္မႉးေဟာင္း ဘာဘာေတာ့ဗ္
|မာစီရယ္ကိုဘာေၾကာင့္ႀကိဳက္တာလဲဆိုတာရွင္းျပလာတဲ့ သရဲနီတိုက္စစ္မႉးေဟာင္း ဘာဘာေတာ့ဗ္
မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္က သူ႔အေနနဲ႔ ဘာေၾကာင့္ အန္တိုနီ မာစိရယ္ကို ႀကိဳက္တာလဲဆိုတာ ရွင္းျပလာခဲ့ပါတယ္။ မာစီရယ္ဟာ နည္းျပ အဲရစ္ တန္ဟန႔္ မန္ယူအသင္းဆီကို ေရာက္လာၿပီးေနာက္ပိုင္းတည္းက ဒဏ္ရာသုံးႀကိမ္ရရွိထားၿပီျဖစ္ၿပီး၊ ထိုအေျခအေနေတြေၾကာင့္ပဲ ယခုႏွစ္ ကာတာကမာၻ႔ဖလားအတြက္ ျပင္သစ္လက္ေ႐ြးစင္အသင္းမွာ ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။
မာစီရယ္ဟာ ဒဏ္ရာေၾကာင့္ မၾကာခဏနားေနရေပမယ့္၊ ဒီရာသီမွာ ခုႏွစ္ပြဲဝင္ေရာက္ကစားၿပီး ေလးဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ႏွစ္ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။ မာစီရယ္နဲ႔ ဘာဘာေတာ့ဗ္တို႔အၾကား အသက္က ၁၅ ႏွစ္အထိ ကြာျခားေနေပမယ့္၊ သူတို႔ႏွစ္ဦးဟာ မိုနာကိုအသင္းအတြက္ ၂၅ ပြဲအတူတူ ကစားခဲ့ဖူးတာ ျဖစ္ပါတယ္။
ထို႔အတြက္ေၾကာင့္ ဘာဘာေတာ့ဗ္က “ လက္ရွိ မန္ယူအသင္းက ကစားသမားတစ္ခ်ိဳ႕ကို ကြၽန္ေတာ္ ႀကိဳက္ပါတယ္။ ဥပမာဆိုရင္ အန္တိုနီ မာစီရယ္ေပါ့၊ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္က သူနဲ႔ ကစားခဲ့ဖူးတာေၾကာင့္ပါ။ သူ ကစားတာကို ကြၽန္ေတာ္ ျမင္ခ်င္ပါတယ္၊ သူ ျမက္ခင္းစိမ္းေတြေပၚ ေရာက္လာၿပီး သူ လုပ္ျပႏိုင္တာေတြကို ျမင္ခ်င္တယ္။ သူ႔အေနနဲ႔ က်န္းမာႀကံ့ခိုင္ေနဖို႔ ေမွ်ာ္လင့္တယ္။ ဒါက ကစားသမားတိုင္းအတြက္ ေသခ်ာေပါက္ အေရးႀကီးပါတယ္။ သူ႔မွာ ေကာင္းမြန္တဲ့ ရာသီႀကိဳရွိခဲ့တယ္။
ခင္ဗ်ားက ေျခစြမ္းျပၿပီဆိုရင္၊ ယုံၾကည္မႈလည္း ရွိလာပါလိမ့္မယ္။ အဲ့ဒီမွာ ဒဏ္ရာရသြားၿပီဆိုရင္ ျပႆနာျဖစ္ႏိုင္ပါတယ္။ အဲ့ဒီအရာက ” “ ခင္ဗ်ားရဲ႕ ယုံၾကည္မႈ၊ ခင္ဗ်ားရဲ႕ အရွိန္ႏႈန္းေတြကို ရပ္တန႔္ေစပါတယ္။ ေနာက္ေတာ့ ႀကံ့ခိုင္မႈျပည့္ဝဖို႔အတြက္ အခ်ိန္ယူရမယ္၊ ၿပီးရင္ ေလ့က်င့္ေရးအစီစဥ္ေတြနဲ႔ ပြဲေတြမွာ ျပန္လည္ပူးေပါင္းႏိုင္ဖို႔ လိုတယ္။ “ တစ္ျခားကစားသမားေတြက ေဘာလုံးကစားေနရင္၊ ခင္ဗ်ားက သူတို႔ကို အမွီျပန္လိုက္ရတယ္။ တစ္ျခားကစားသမားေတြက အသင္းမွာ ပါဝင္ေနၾကတယ္။ အဲ့ဒါေၾကာင့္မလို႔ အေရးႀကီးဆုံးအရာက က်န္းမာႀကံ့ခိုင္ဖို႔ပဲလို႔ ကြၽန္ေတာ္ ေျပာတာပါ။ ႀကံ့ႀကံ့ခိုင္ေနပါ၊ ၿပီးေတာ့ ဉာဏ္ထက္ေနပါေစ ” လို႔ ေျပာဆိုခဲ့ပါတယ္။
crd
unicode
မာစီရယ်ကိုဘာကြောင့်ကြိုက်တာလဲဆိုတာရှင်းပြလာတဲ့ သရဲနီတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က သူ့အနေနဲ့ ဘာကြောင့် အန်တိုနီ မာစိရယ်ကို ကြိုက်တာလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ မာစီရယ်ဟာ နည်းပြ အဲရစ် တန်ဟန့် မန်ယူအသင်းဆီကို ရောက်လာပြီးနောက်ပိုင်းတည်းက ဒဏ်ရာသုံးကြိမ်ရရှိထားပြီဖြစ်ပြီး၊ ထိုအခြေအနေတွေကြောင့်ပဲ ယခုနှစ် ကာတာကမ္ဘာ့ဖလားအတွက် ပြင်သစ်လက်ရွေးစင်အသင်းမှာ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
မာစီရယ်ဟာ ဒဏ်ရာကြောင့် မကြာခဏနားနေရပေမယ့်၊ ဒီရာသီမှာ ခုနှစ်ပွဲဝင်ရောက်ကစားပြီး လေးဂိုးသွင်းယူကာ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ မာစီရယ်နဲ့ ဘာဘာတော့ဗ်တို့အကြား အသက်က ၁၅ နှစ်အထိ ကွာခြားနေပေမယ့်၊ သူတို့နှစ်ဦးဟာ မိုနာကိုအသင်းအတွက် ၂၅ ပွဲအတူတူ ကစားခဲ့ဖူးတာ ဖြစ်ပါတယ်။
ထို့အတွက်ကြောင့် ဘာဘာတော့ဗ်က “ လက်ရှိ မန်ယူအသင်းက ကစားသမားတစ်ချို့ကို ကျွန်တော် ကြိုက်ပါတယ်။ ဥပမာဆိုရင် အန်တိုနီ မာစီရယ်ပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က သူနဲ့ ကစားခဲ့ဖူးတာကြောင့်ပါ။ သူ ကစားတာကို ကျွန်တော် မြင်ချင်ပါတယ်၊ သူ မြက်ခင်းစိမ်းတွေပေါ် ရောက်လာပြီး သူ လုပ်ပြနိုင်တာတွေကို မြင်ချင်တယ်။ သူ့အနေနဲ့ ကျန်းမာကြံ့ခိုင်နေဖို့ မျှော်လင့်တယ်။ ဒါက ကစားသမားတိုင်းအတွက် သေချာပေါက် အရေးကြီးပါတယ်။ သူ့မှာ ကောင်းမွန်တဲ့ ရာသီကြိုရှိခဲ့တယ်။
ခင်ဗျားက ခြေစွမ်းပြပြီဆိုရင်၊ ယုံကြည်မှုလည်း ရှိလာပါလိမ့်မယ်။ အဲ့ဒီမှာ ဒဏ်ရာရသွားပြီဆိုရင် ပြဿနာဖြစ်နိုင်ပါတယ်။ အဲ့ဒီအရာက ” “ ခင်ဗျားရဲ့ ယုံကြည်မှု၊ ခင်ဗျားရဲ့ အရှိန်နှုန်းတွေကို ရပ်တန့်စေပါတယ်။ နောက်တော့ ကြံ့ခိုင်မှုပြည့်ဝဖို့အတွက် အချိန်ယူရမယ်၊ ပြီးရင် လေ့ကျင့်ရေးအစီစဉ်တွေနဲ့ ပွဲတွေမှာ ပြန်လည်ပူးပေါင်းနိုင်ဖို့ လိုတယ်။ “ တစ်ခြားကစားသမားတွေက ဘောလုံးကစားနေရင်၊ ခင်ဗျားက သူတို့ကို အမှီပြန်လိုက်ရတယ်။ တစ်ခြားကစားသမားတွေက အသင်းမှာ ပါဝင်နေကြတယ်။ အဲ့ဒါကြောင့်မလို့ အရေးကြီးဆုံးအရာက ကျန်းမာကြံ့ခိုင်ဖို့ပဲလို့ ကျွန်တော် ပြောတာပါ။ ကြံ့ကြံ့ခိုင်နေပါ၊ ပြီးတော့ ဉာဏ်ထက်နေပါစေ ” လို့ ပြောဆိုခဲ့ပါတယ်။