မဟာၿပိဳင္ဘက္ အာဆင္နယ္နဲ႔ ေရကုန္ေရခန္းႀကဳံးရမယ့္ Big Match ပြဲမွာ မထင္မွတ္ဘဲ လြဲေခ်ာ္ႏိုင္ေခ် ရွိေနတဲ့ ယူႏိုက္တက္ကြင္းလယ္လူ ၂ဦး

မဟာၿပိဳင္ဘက္ အာဆင္နယ္နဲ႔ ေရကုန္ေရခန္းႀကဳံးရမယ့္ Big Match ပြဲမွာ မထင္မွတ္ဘဲ လြဲေခ်ာ္ႏိုင္ေခ် ရွိေနတဲ့ ယူႏိုက္တက္ကြင္းလယ္လူ ၂ဦး
ဇယားထိပ္က ဆင္ပ်ံႀကီး အာဆင္နယ္နဲ႔ ရွယ္ႀကဳံးရမယ့္ ပြဲမွာ မထင္မွတ္ဘဲ လြဲေခ်ာ္ႏိုင္ေခ် ရွိေနတဲ့ ကတ္စ္နဲ႔ ဖရက္ဒ္

လာမယ့္အပတ္ ၂၂ ရက္ေန႔မွာေတာ့ မန္ယူႏိုက္တက္အသင္းဟာ မဟာၿပိဳင္ဘက္ အာဆင္နယ္နဲ႔ပြဲႀကီးပြဲေကာင္း ဆင္ႏႊဲရမွာျဖစ္ၿပီး အဲဒီပြဲကို အသင္းရဲ႕ အဓိကကြင္းလယ္လူတစ္ဦး လြဲေခ်ာ္မယ့္ အေရးနဲ႔ ရင္ဆိုင္ရႏိုင္ပါတယ္။
ယူႏိုက္တက္အသင္းကြင္းလယ္မွာ ေျခစြမ္းျပေနတဲ့ ကတ္စ္မဲ႐ိုးဟာ ပြဲပယ္ခံရႏိုင္တဲ့ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရၿပီး အာဆင္နယ္နဲ႔ပြဲကို မထင္မွတ္ဘဲ လြဲေခ်ာ္ဖို႔ ႏိုင္ေခ် ရွိေနတာပါ။

ကတ္စ္မဲ႐ိုးဟာ အခုေလာေလာဆယ္ အဝါကတ္(၄)ႀကိမ္ျပသခံခဲ့ရၿပီး ဒီၾကားရက္ကစားမယ့္ ခရစၥတယ္ပဲေလ့စ္နဲ႔ ပြဲမွာ ပါဝင္ကစားခြင့္ရမယ္ဆိုရင္ အဝါမထိေအာင္ သတိထားကစားရမွာပါ။
ပရီးမီးယားလိဂ္ရဲ႕ သတ္မွတ္ထားတဲ့ ဥပေဒအရ ပထမဆုံးပြဲစဥ္(၁၉)ပြဲအတြင္း ကစားသမားတစ္ဦးဟာ အဝါကတ္(၅)ႀကိမ္ျပသခံရမယ္ဆိုရင္ (၁)ပြဲပယ္ျပစ္ဒဏ္က်ခံရမွာျဖစ္ပါတယ္။

အခုေလာေလာဆယ္ ကတ္စ္မဲ႐ိုးအျပင္ ဖရက္ဒ္ကလည္း အဝါကတ္(၄)ႀကိမ္ျပသခံခဲ့ရတာေၾကာင့္ သူတို႔ႏွစ္ေယာက္စလုံး ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ အဝါမထိေအာင္ကစားဖို႔ လိုအပ္ေနပါၿပီ။
တကယ္လို႔သာ ကတ္စမဲ႐ိုးနဲ႔ ဖရဒ္တို႔အေနနဲ႔ ပဲေလ့စ္နဲ႔ပြဲမွာ အဝါကတ္သာ အျပခံရရင္ အာဆင္နယ္နဲ႔ပြဲကို ေသခ်ာေပါက္လြဲေခ်ာ္မွာျဖစ္ပါတယ္။ ခမ္ၾကမ္းၾကမ္းကစားတတ္တဲ့ ကတ္စ္မဲ႐ိုးေၾကာင့္ မန္ယူပရိသတ္ေတြအတြက္ စိုးရိမ္စရာ ျဖစ္မွာေတာ့ အေသအခ်ာပါဘဲ။

တကယ္လို႔သာ ပြဲပယ္ထိလို႔ အာဆင္နယ္နဲ႔ပြဲကို ကတ္စမဲ႐ိုးလြဲေခ်ာ္ခဲ့ရင္ Big Match ျဖစ္တာနဲ႔အညီ ေျခစြမ္းျပေနတဲ့ အာဆင္နယ္ရဲ႕ အိုဒီဂတ္ ၊ ပါေတးတို႔ရဲ႕ကြင္းလယ္ကစားသမားေတြရဲ႕ စိုးမိုးျခင္းကို ခံရဖို႔ ရွိေနပါတယ္။
ပထမအေက်ာ့တုန္းက အိုးလ္ထရက္ဖို႔ဒ္မွာ ယူႏိုက္တက္တို႔ (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အခုဒုတိယအေက်ာ့အျဖစ္ လာမယ့္တနဂၤေႏြ ျမန္မာစံေတာ္ခ်ိန္ ည(၁၁:၀၀) နာရီက်ရင္ အီမရိတ္စ္ကြင္းမွာ အာဆင္နယ္နဲ႔ ဆုံေတြ႕ရမွာျဖစ္ပါတယ္။
crd

Unicode
မဟာပြိုင်ဘက် အာဆင်နယ်နဲ့ ရေကုန်ရေခန်းကြုံးရမယ့် Big Match ပွဲမှာ မထင်မှတ်ဘဲ လွဲချော်နိုင်ချေ ရှိနေတဲ့ ယူနိုက်တက်ကွင်းလယ်လူ ၂ဦး
ဇယားထိပ်က ဆင်ပျံကြီး အာဆင်နယ်နဲ့ ရှယ်ကြုံးရမယ့် ပွဲမှာ မထင်မှတ်ဘဲ လွဲချော်နိုင်ချေ ရှိနေတဲ့ ကတ်စ်နဲ့ ဖရက်ဒ်

လာမယ့်အပတ် ၂၂ ရက်နေ့မှာတော့ မန်ယူနိုက်တက်အသင်းဟာ မဟာပြိုင်ဘက် အာဆင်နယ်နဲ့ပွဲကြီးပွဲကောင်း ဆင်နွှဲရမှာဖြစ်ပြီး အဲဒီပွဲကို အသင်းရဲ့ အဓိကကွင်းလယ်လူတစ်ဦး လွဲချော်မယ့် အရေးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ယူနိုက်တက်အသင်းကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ ကတ်စ်မဲရိုးဟာ ပွဲပယ်ခံရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး အာဆင်နယ်နဲ့ပွဲကို မထင်မှတ်ဘဲ လွဲချော်ဖို့ နိုင်ချေ ရှိနေတာပါ။

ကတ်စ်မဲရိုးဟာ အခုလောလောဆယ် အဝါကတ်(၄)ကြိမ်ပြသခံခဲ့ရပြီး ဒီကြားရက်ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ပါဝင်ကစားခွင့်ရမယ်ဆိုရင် အဝါမထိအောင် သတိထားကစားရမှာပါ။
ပရီးမီးယားလိဂ်ရဲ့ သတ်မှတ်ထားတဲ့ ဥပဒေအရ ပထမဆုံးပွဲစဉ်(၁၉)ပွဲအတွင်း ကစားသမားတစ်ဦးဟာ အဝါကတ်(၅)ကြိမ်ပြသခံရမယ်ဆိုရင် (၁)ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။

အခုလောလောဆယ် ကတ်စ်မဲရိုးအပြင် ဖရက်ဒ်ကလည်း အဝါကတ်(၄)ကြိမ်ပြသခံခဲ့ရတာကြောင့် သူတို့နှစ်ယောက်စလုံး ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ အဝါမထိအောင်ကစားဖို့ လိုအပ်နေပါပြီ။
တကယ်လို့သာ ကတ်စမဲရိုးနဲ့ ဖရဒ်တို့အနေနဲ့ ပဲလေ့စ်နဲ့ပွဲမှာ အဝါကတ်သာ အပြခံရရင် အာဆင်နယ်နဲ့ပွဲကို သေချာပေါက်လွဲချော်မှာဖြစ်ပါတယ်။ ခမ်ကြမ်းကြမ်းကစားတတ်တဲ့ ကတ်စ်မဲရိုးကြောင့် မန်ယူပရိသတ်တွေအတွက် စိုးရိမ်စရာ ဖြစ်မှာတော့ အသေအချာပါဘဲ။

တကယ်လို့သာ ပွဲပယ်ထိလို့ အာဆင်နယ်နဲ့ပွဲကို ကတ်စမဲရိုးလွဲချော်ခဲ့ရင် Big Match ဖြစ်တာနဲ့အညီ ခြေစွမ်းပြနေတဲ့ အာဆင်နယ်ရဲ့ အိုဒီဂတ် ၊ ပါတေးတို့ရဲ့ကွင်းလယ်ကစားသမားတွေရဲ့ စိုးမိုးခြင်းကို ခံရဖို့ ရှိနေပါတယ်။
ပထမအကျော့တုန်းက အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်တို့ (၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး အခုဒုတိယအကျော့အဖြစ် လာမယ့်တနင်္ဂနွေ မြန်မာစံတော်ချိန် ည(၁၁:၀၀) နာရီကျရင် အီမရိတ်စ်ကွင်းမှာ အာဆင်နယ်နဲ့ ဆုံတွေ့ရမှာဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *