



crd

unicode

မယုံနိုင်စရာသွင်းဂိုးမှတ်တမ်းကောင်းနှင့်အတူ ဟာလန်းနှင့်လီဝန်ကိုကျော်ဖြတ်ပြီး အဆုံးသတ်အကောင်းဆုံးတိုက်စစ်မှူးအဖြစ်ရပ်တည်နေတဲ့ သခင်ကြီး မာရှယ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး အန်တိုနီ မာရှယ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၄-၂ ဗီလာ ပွဲစဉ်မှာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် လက်ရှိ ဥရောပရဲ့ အဆုံးသတ် အကောင်းဆုံး တိုက်စစ်မှူး အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၆နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး အန်တိုနီ မာရှယ်က ယခုနှစ် ဘောလုံးရာသီမှာ မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရသူ ဖြစ်ပေမယ့် ဗီလာနဲ့ပွဲမှာတော့ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင် ကစားခဲ့သလို ပွဲချိန် ၄၉မိနစ်မှာ အသင်းအတွက် အရေးပါတဲ့ ပထမ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

အဆိုပါ သွင်းဂိုးကြောင့် မာရှယ်က ယခုနှစ်ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၆ ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ ကြိမ် ရရှိထားပြီး သူ့ရဲ့ စွမ်းဆောင်ရည်က အတော်လေးကို အထင်ကြီးစရာ ကောင်းပါတယ်။ အံ့အားသင့်စရာကောင်းတာက မာစီယဲလ်ဟာ ပြိုင်ပွဲ(၃)ရပ်မှာ ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရတဲ့ပွဲတိုင်း သွင်းဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တာပါပဲ။

ရာသီကြိုခြေစမ်းပွဲတုန်းက ဒဏ်ရာ ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ရာသီအစပွဲတွေကို မာစီယဲလ် လွဲချော်ခဲ့ပြီး လီဗာပူးလ်ကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒုတိယပိုင်းမှ အသင်းအတွက် ပထမဆုံး ပရီးမီးယားလိဂ်ပွဲအဖြစ် လူစားဝင်ကစားခဲ့သလို ရပ်ရှ်ဖို့ဒ် ဂိုးသွင်းနိုင်အောင် ဂိုးဖန်တီးပေးခဲ့ပါတယ်။ ယူရိုပါလိဂ်အုပ်စုတွင်းမှာလည်း အိုမိုနီရာနီကိုးရှားအသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒီရာသီ ယူရိုပါလိဂ် ပထမဆုံးပွဲအဖြစ် ဒုတိယပိုင်းမှာ မာစီယဲလ် လူစားဝင်ကစားခွင့်ရခဲ့ပြီး အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒ့ါအပြင် အခု အက်စတွန်ဗီလာနဲ့ လိဂ်ဖလားပွဲမှာလည်း မာစီယဲလ်ဟာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ဒီရာသီ ပြိုင်ပွဲစုံ(၃)ခုမှာ ပထမဆုံးကစားတဲ့ပွဲတိုင်း သွင်းဂိုး/ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် မာရှယ်က ယခုနှစ် ဘောလုံးရာသီမှာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ဖို့ အတွက် ဂိုးပေါက် ကန်သွင်းမှု ၄ကြိမ်သာ ပြုလုပ်ထားရပြီး တနည်းအားဖြင့် ပြောရရင် သူဟာ ကန်သွင်းသမျှ ကန်ချက်တိုင်းကို သွင်းဂိုးတွေ အဖြစ် ပြောင်းလဲထားနိုင်ပါတယ်။ ဒါကြောင့်ပဲ မာရှယ်ရဲ့ ဒီရာသီ အဆုံးသတ် စွမ်းဆောင်ရည်က ၁၀၀ ရာခိုင်နှုန်း အပြည့် ဖြစ်ပြီး အဆိုပါ အံ့မခန်း စွမ်းဆောင်ရည်ကြောင့် မာရှယ်က မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဟာလန်းနဲ့ ဘာစီလိုနာ တိုက်စစ်မှူး လီဝမ်ဒေါစကီးတို့ကို ကျော်ကာ လက်ရှိ ဥရောပရဲ့ အဆုံးသတ် အကောင်းဆုံး တိုက်စစ်မှူး အဖြစ် မှတ်တမ်းဝင်နေခဲ့တာပါ။

Add a Comment

Your email address will not be published. Required fields are marked *