မန္ယူႏိုက္တက္အေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ထက္ ပရီးမီယားလိဂ္ခ်န္ပီယံဆုဖလားကိုပင္ ဆြတ္ခူးႏိုင္ေၾကာင္း ခန႔္မွန္းေပးလိုက္တဲ့ အဘြန္လာေဟာ
|မန္ယူႏိုက္တက္အေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ထက္ ပရီးမီယားလိဂ္ခ်န္ပီယံဆုဖလားကိုပင္ ဆြတ္ခူးႏိုင္ေၾကာင္း ခန႔္မွန္းေပးလိုက္တဲ့ အဘြန္လာေဟာ
ဂန္းနားတို႔ကို အႏိုင္ယူႏိုင္ခဲ့တဲ့ တစ္ခုတည္းေသာ အသင္းျဖစ္တဲ့ ယူႏိုက္တက္အေနနဲ႔ ပရီးမီယားလိဂ္ခ်န္ပီယံဆုဖလားကိုပင္ ဆြတ္ခူးႏိုင္ေၾကာင္း ခန႔္မွန္းေပးလိုက္တဲ့ အဘြန္လာေဟာ
ဂါဘရီရယ္အဘြန္လာေဟာက မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ ဖလားကို ဆြတ္ခူးႏိုင္စြမ္း ရွိေနေသးတယ္လို႔ ဆိုလိုက္ပါတယ္။ လက္ရွိ အမွတ္ေပးဇယားရဲ႕ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနတဲ့ ယူႏိုက္တက္ဟာ ဒုတိယေနရာက နယူးကာဆယ္နဲ႔ ၄ မွတ္အကြာ တစ္ပြဲေလ်ာ့ ကစားထားခဲ့ေပမယ့္ ထိပ္ဆုံးေနရာက အာဆင္နယ္နဲ႔ေတာ့ ၁၁ မွတ္ထိ ကြာဟေနတာေၾကာင့္ အမွီလိုက္သြားရန္ မလြယ္ကူလွပါဘူး။
ယူနိ္ုကတက္ဟာ ဒီရာသီမွာ ဂန္းနားတို႔ကို အႏိုင္ယူႏိုင္ခဲ့တဲ့ တစ္ခုတည္းေသာ အသင္းျဖစ္ကာ ၿပီးခဲ့တဲ့ စက္တင္ဘာလက အာဆင္နယ္ကို ၃-၁ နဲ႔ အႏိုင္ခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အဲရစ္တန္းဟတ္ဟာ လာမည့္ ပြဲစဥ္ ၂ ပြဲမွာ အမွတ္ျပည့္ ရယူသြားႏိုင္ရန္ ပစ္မွတ္ထားေနပါတယ္။ ၎ရဲ႕အသင္းဟာ လာမည့္ ဒီဇင္ဘာ ၃၁ ရက္ေန႔မွာ တန္းဆင္းဇုန္က ဝုဖ္ နဲ႔ ဇန္နဝါရီလ ၄ ရက္ေန႔မွာ ေနာက္ဆုံး ၇ ပြဲမွာ ႏိုင္ပြဲ ၁ ပြဲသာ ရွိထားခဲ့တဲ့ ဘုန္းေမာက္ကို အိမ္ကြင္းမွာ လက္ခံ ကစားသြားရမွာပါ။
လူေတာ္ေတာ္မ်ားမ်ား ကေတာ့ မန္ယူႏိုက္တက္ဟာ လက္ရွိမွာ အရွိန္အဟုန္ေကာင္းကို ရရွိေနတာေၾကာင့္ top 4 ၀င္ခြင့္ ရရွိႏိုင္လိမ့္မယ္လို႔ ခန္႔မွန္းေနၾကေပမယ့္လည္း အဘြန္လာေဟာက ဒီထက္ ပိုမို ေမွ်ာ္လင့္ထားေနပါတယ္။
အဘြန္လာေဟာက “ကြၽန္ေတာ္ ကေတာ့ မန္ယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္၀င္ခြင့္ထက္ ပိုမို ျမင့္မားတဲ့ အရာကို စိန္ေခၚသင့္တယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္ ကေတာ့ မန္ခ်က္စတာယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဖလား အတြက္ စိန္ေခၚသြားသင့္တယ္လို႔ ေျပာခ်င္ပါတယ္။
ဒီအသင္းရဲ႕ ကစားသမားေတြ ႀကံ့ခိုင္မႈ ျပည့္ဝေနတဲ့ အခါ သူတို႔ရဲ႕ အင္အားကို ၾကည့္လိုက္ပါ။ သူတို႔မွာ ဒီဂီယာ ဒါးလုတ္ တို႔လို ပုံစံေကာင္း ရေနတဲ့ ကစားသမားေတြ အျပင္ ဗာရန္း နဲ႔ ကမာၻ႔ဖလားကို ဆြတ္ခူးထားခဲ့တဲ့ လီဆန္ဒ႐ိုမာတီနက္ဇ္ တို႔လို ကစားသမားေတြလည္း ရွိေနပါတယ္။
ဗာရန္းဟာ သူ႔ရဲ႕ ကစားသမား ဘ၀မွာ ဘာေတြ လုပ္ျပထားခဲ့သလဲ ဆိုတာ ကြၽန္ေတာ္တို႔ အားလုံး သိထားၿပီးသားပါ။ သူဟာ ပုံစံေကာင္း ရေနတဲ့ အခါမွာ တကယ့္ ထိပ္တန္း ေနာက္ခံလူ ျဖစ္ပါတယ္။ ဘယ္ေနာက္ခံလူ ေနရာမွာ လူ႔ေရွာ ရွိေနၿပီး ကြင္းလယ္မွာ ကတ္စမီ႐ို ဘ႐ူႏိုဖာနန္ဒက္စ္ နဲ႔ အဲရစ္ဆင္ တို႔လို ကစားသမားေတြ ရွိေနပါတယ္။ သူတို႔ဟာ ဖန္တီးမႈပိုင္းကို ေကာင္းေကာင္း လုပ္ေပးႏိုင္တဲ့ သူေတြပါ။
တိုက္စစ္မွာ မားကပ္ရပ္ဖို႔ဒ္ ရွိေနၿပီး အန္သိုနီ ကလည္း တကယ့္ ထိပ္တန္း ေတာင္ပံ ကစားသမား ျဖစ္ပါတယ္။ အန္သိုနီဟာ အမ်ားႀကီး ေလ့လာသင္ယူ သြားရမွာပါ။ ဒါေပမယ့္ သူဟာ အမ်ားႀကီး ပိုေကာင္းလာမယ့္သူပါ။ အဲဒီေနာက္ အေထာင္ တိုက္စစ္မွာ အန္သိုနီမာစီရယ္ ရွိေနပါတယ္။ ဒီကစားသမား ၁၁ ဦးနဲ႔ သူတို႔ဟာ top 4 ကို သက္ေတာင့္သက္သာ ၀င္ခြင့္ ရသင့္ပါတယ္။ ကြၽန္ော္ ကေတာ့ ခ်ဲလ္ဆီးရဲ႕ best XI ထက္စာရင္ မန္ယူႏိုက္တက္ best XI ကိုပဲ ယူခ်င္ပါတယ္။” လို႔ ဆိုလိုက္ပါတယ္။
crd
Unicode
မန်ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ထက် ပရီးမီယားလိဂ်ချန်ပီယံဆုဖလားကိုပင် ဆွတ်ခူးနိုင်ကြောင်း ခန့်မှန်းပေးလိုက်တဲ့ အဘွန်လာဟော
ဂန်းနားတို့ကို အနိုင်ယူနိုင်ခဲ့တဲ့ တစ်ခုတည်းသော အသင်းဖြစ်တဲ့ ယူနိုက်တက်အနေနဲ့ ပရီးမီယားလိဂ်ချန်ပီယံဆုဖလားကိုပင် ဆွတ်ခူးနိုင်ကြောင်း ခန့်မှန်းပေးလိုက်တဲ့ အဘွန်လာဟော
ဂါဘရီရယ်အဘွန်လာဟောက မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်စွမ်း ရှိနေသေးတယ်လို့ ဆိုလိုက်ပါတယ်။ လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်ဟာ ဒုတိယနေရာက နယူးကာဆယ်နဲ့ ၄ မှတ်အကွာ တစ်ပွဲလျော့ ကစားထားခဲ့ပေမယ့် ထိပ်ဆုံးနေရာက အာဆင်နယ်နဲ့တော့ ၁၁ မှတ်ထိ ကွာဟနေတာကြောင့် အမှီလိုက်သွားရန် မလွယ်ကူလှပါဘူး။
ယူနိ်ုကတက်ဟာ ဒီရာသီမှာ ဂန်းနားတို့ကို အနိုင်ယူနိုင်ခဲ့တဲ့ တစ်ခုတည်းသော အသင်းဖြစ်ကာ ပြီးခဲ့တဲ့ စက်တင်ဘာလက အာဆင်နယ်ကို ၃-၁ နဲ့ အနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲရစ်တန်းဟတ်ဟာ လာမည့် ပွဲစဉ် ၂ ပွဲမှာ အမှတ်ပြည့် ရယူသွားနိုင်ရန် ပစ်မှတ်ထားနေပါတယ်။ ၎င်းရဲ့အသင်းဟာ လာမည့် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ တန်းဆင်းဇုန်က ဝုဖ် နဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ နောက်ဆုံး ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရှိထားခဲ့တဲ့ ဘုန်းမောက်ကို အိမ်ကွင်းမှာ လက်ခံ ကစားသွားရမှာပါ။
လူတော်တော်များများ ကတော့ မန်ယူနိုက်တက်ဟာ လက်ရှိမှာ အရှိန်အဟုန်ကောင်းကို ရရှိနေတာကြောင့် top 4 ၀င်ခွင့် ရရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းနေကြပေမယ့်လည်း အဘွန်လာဟောက ဒီထက် ပိုမို မျှော်လင့်ထားနေပါတယ်။
အဘွန်လာဟောက “ကျွန်တော် ကတော့ မန်ယူနိုက်တက်ဟာ ချန်ပီယံလိဂ်၀င်ခွင့်ထက် ပိုမို မြင့်မားတဲ့ အရာကို စိန်ခေါ်သင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော် ကတော့ မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဖလား အတွက် စိန်ခေါ်သွားသင့်တယ်လို့ ပြောချင်ပါတယ်။
ဒီအသင်းရဲ့ ကစားသမားတွေ ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ အခါ သူတို့ရဲ့ အင်အားကို ကြည့်လိုက်ပါ။ သူတို့မှာ ဒီဂီယာ ဒါးလုတ် တို့လို ပုံစံကောင်း ရနေတဲ့ ကစားသမားတွေ အပြင် ဗာရန်း နဲ့ ကမ္ဘာ့ဖလားကို ဆွတ်ခူးထားခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ် တို့လို ကစားသမားတွေလည်း ရှိနေပါတယ်။
ဗာရန်းဟာ သူ့ရဲ့ ကစားသမား ဘ၀မှာ ဘာတွေ လုပ်ပြထားခဲ့သလဲ ဆိုတာ ကျွန်တော်တို့ အားလုံး သိထားပြီးသားပါ။ သူဟာ ပုံစံကောင်း ရနေတဲ့ အခါမှာ တကယ့် ထိပ်တန်း နောက်ခံလူ ဖြစ်ပါတယ်။ ဘယ်နောက်ခံလူ နေရာမှာ လူ့ရှော ရှိနေပြီး ကွင်းလယ်မှာ ကတ်စမီရို ဘရူနိုဖာနန်ဒက်စ် နဲ့ အဲရစ်ဆင် တို့လို ကစားသမားတွေ ရှိနေပါတယ်။ သူတို့ဟာ ဖန်တီးမှုပိုင်းကို ကောင်းကောင်း လုပ်ပေးနိုင်တဲ့ သူတွေပါ။
တိုက်စစ်မှာ မားကပ်ရပ်ဖို့ဒ် ရှိနေပြီး အန်သိုနီ ကလည်း တကယ့် ထိပ်တန်း တောင်ပံ ကစားသမား ဖြစ်ပါတယ်။ အန်သိုနီဟာ အများကြီး လေ့လာသင်ယူ သွားရမှာပါ။ ဒါပေမယ့် သူဟာ အများကြီး ပိုကောင်းလာမယ့်သူပါ။ အဲဒီနောက် အထောင် တိုက်စစ်မှာ အန်သိုနီမာစီရယ် ရှိနေပါတယ်။ ဒီကစားသမား ၁၁ ဦးနဲ့ သူတို့ဟာ top 4 ကို သက်တောင့်သက်သာ ၀င်ခွင့် ရသင့်ပါတယ်။ ကျွန်ော် ကတော့ ချဲလ်ဆီးရဲ့ best XI ထက်စာရင် မန်ယူနိုက်တက် best XI ကိုပဲ ယူချင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။
crd