မန္ယူအေနနဲ႔ ေရာ္နယ္ဒိုကို ေကာင္းမြန္စြာ ကိုင္တြယ္တတ္ရန္ အသိေပးလိုက္တဲ့ အဂ္လန္နည္းျပေဟာင္း

မန္ယူအေနနဲ႔ ေရာ္နယ္ဒိုကို ေကာင္းမြန္စြာ ကိုင္တြယ္တတ္ရန္ အသိေပးလိုက္တဲ့ အဂ္လန္နည္းျပေဟာင္း

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကစားသမားေဟာင္း စတိဗ္ မကၠလာရင္အေနနဲ႔ အသင္းရဲ႕တိုက္စစ္မႉးႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို မွန္မွန္ကန္ကန္အသုံးမျပဳဘူးဆိုရင္ သူက မန္ေနဂ်ာတစ္ေယာက္အတြက္ ျပႆနာတစ္ခုပဲလို႔ ေျပာသြားခဲ့ပါတယ္။ၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ကာလမွာ အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္ကို ျပန္ေရာက္လာၿပီးေနာက္ပိုင္း အနိမ့္အျမင့္အတက္အက်မ်ားစြာ ႀကဳံေတြ႕ေနရတဲ့ ေရာ္နယ္လ္ဒိုအေနနဲ႔ ယူႏိုက္တက္ကို ေရာက္လာၿပီးေနာက္ပိုင္း အံ့ဩစရာအခိုက္အတန႔္ေတြကို ဖန္တီးႏိုင္ခဲ့ေပမယ့္ အခ်ိဳ႕ပြဲေတြမွာလည္း တစ္သင္းလုံးနဲ႔လိုက္ၿပီး ေကာင္းမြန္ျခင္းမရွိတဲ့ ရလဒ္ေတြနဲ႔အတူ စြမ္းေဆာင္ရည္ေတြကိုလည္း ျပခဲ့တာပါ။

 

ေရာ္နယ္လ္ဒိုကို ျပန္လည္ေခၚယူျခင္းအတြက္ ေဝဖန္မႈေတြလည္း ရွိေနၾကၿပီး သူ႔ရဲ႕ျပန္လာမႈက ေဂ်ဒန္ ဆန္ခ်ိဳကို အသင္းနဲ႔ အံဝင္ခြင္က်ျဖစ္ဖို႔အတြက္ ခက္ခဲသြားေစသလို အသင္းရဲ႕ရလဒ္ေတြကလည္း လက္ရွိမွာ အေပါင္းလကၡဏာမေဆာင္ဘဲ ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနတာပါ။မကၠလာရင္အေနနဲ႔ ေရာ္နယ္လ္ဒိုက အသင္းေဖာ္ေတြအေပၚ အျပဳသေဘာေဆာင္တဲ့ လႊမ္းမိုးမႈရွိတဲ့ သူ႔ရဲ႕ကိုယ္လက္အမူအယာနဲ႔ တြန္းအားေပးေနမယ့္အစား အသင္းကို ျပန္ဆြဲေနတယ္လို႔ မခံစားရဘူးလို႔ ဆိုခဲ့ေပမယ့္ ယူႏိုက္တက္မန္ေနဂ်ာ အိုေလ ဂန္းနား ဆိုးလ္ရွား ေရာ္နယ္လ္ဒိုရဲ႕ သေဘာထားကို ထိန္းေက်ာင္းႏိုင္ရမွာျဖစ္ၿပီး ဒါမွမဟုတ္ရင္ ေရာ္နယ္လ္ဒိုက သူ႔အတြက္ ျပႆနာျဖစ္လာဖို႔လည္း ရွိေနတာပါ။

မကၠလာရင္က “ခင္ဗ်ားအေနနဲ႔ သူ႔ကိုယ္လက္အမူအယာကို ေတြ႕တယ္မဟုတ္လား။ အတၱလႏၲာနဲ႔ပြဲတုန္းက အဲ့ဒါကို ျမင္ခဲ့ၾကၿပီးၿပီ။ သူက အသင္းကို ေမာင္းႏွင္ေနတာ။ ႐ြိဳင္းကီးန္လိုမ်ိဳး နည္းနည္းေလးေတာ့ ျပန္ျမင္ေယာင္မိတာေပါ့”လို႔ The McClaren Performance Podcast ရဲ႕ အစီအစဥ္တစ္ခုမွာ ေျပာသြားခဲ့ပါတယ္။ဆက္လက္ၿပီး အဂၤလန္နည္းျပေဟာင္းႀကီးက “သူက ပိုၿပီးအသံထြက္တယ္။ တိုက္႐ိုက္ေျပာတယ္။ ႐ိုးသားတယ္။ ဒါေပမယ့္ ေရာ္နယ္လ္ဒိုဆီက ခႏၶာကိုယ္ဘာသာစကား ကိုယ္လက္အမူအယာက ဒီကစားသမားေတြဆီက ပိုေကာင္းတဲ့စြမ္းေဆာင္ရည္ေတြကို လိုအပ္တယ္။ အမ်ားႀကီး ထပ္လုပ္ရဦးမယ္”

 

“လူတစ္ေယာက္ကို အဝတ္လဲခန္းအတြင္းကို ေခၚလာတယ္ဆိုတာက ခင္ဗ်ားကို တစ္ခုခုျပဳလုပ္ေပးႏိုင္သလို ဖ်က္ဆီးႏိုင္တယ္။ သူက ေကာင္းေကာင္းလုပ္ႏိုင္တယ္။ သူလုပ္ႏိုင္တယ္။ ခင္ဗ်ားလုပ္ရမွာက သူ႔ကို အသုံးျပဳဖို႔ပဲ။ သူက အေျဖဆိုေပမယ့္ သူက ျပႆနာလည္း ျဖစ္ေနျပန္တယ္။ သူ႔ကို မွန္မွန္ကန္ကန္ မထိန္းကြပ္ႏိုင္ဘူးဆိုရင္ ဒါက မန္ေနဂ်ာတစ္ေယာက္အတြက္ ျပႆနာျဖစ္လာလိမ့္မယ္”“ဒါကိုလုပ္ဖို႔အတြက္ နည္းလမ္းမ်ိဳးစုံရွိပါတယ္။ ေရာ္နယ္လ္ဒိုကို အသင္းနဲ႔ေပါင္းစည္းခိုင္းရမွာ။ ဒါမွသာ သူတို႔က အသင္းတစ္သင္းလို ကစားၾကမွာ။ လက္ရွိကာလေတြမွာေတာ့ သူတို႔က အသင္းတစ္သင္းလို ကစားေနၾကတာမဟုတ္ဘူး”“ခ်ဲလ္ဆီး၊ လီဗာပူးလ္နဲ႔ မန္ခ်က္စတာစီးတီးအသင္းေတြကိုၾကည့္မယ္ဆိုရင္ ခင္ဗ်ားအေနနဲ႔ သူတို႔အသင္းမွာ ဒါသူတို႔အသင္းပါလို႔ ေျပာရမယ့္ သူတို႔ကစားဟန္နဲ႔သူတို႔ အသင္းေတြရွိၾကတယ္။ အိုေလ အေနနဲ႔ ေရာ္နယ္လ္ဒိုကို နံပါတ္ ၉ ေနရာမွာ ထားေဆာ့ေနတာက ဒီေဖာ္ျမဴလာကို ရွာေဖြေနတာပဲျဖစ္တယ္”လို႔ သူ႔အျမင္ကို ပြင့္ပြင့္လင္းလင္းေျပာသြားခဲ့ပါတယ္။
crd

unicode

မန်ယူအနေနဲ့ ရော်နယ်ဒိုကို ကောင်းမွန်စွာ ကိုင်တွယ်တတ်ရန် အသိပေးလိုက်တဲ့ အဂ်လန်နည်းပြဟောင်း

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း စတိဗ် မက္ကလာရင်အနေနဲ့ အသင်းရဲ့တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို မှန်မှန်ကန်ကန်အသုံးမပြုဘူးဆိုရင် သူက မန်နေဂျာတစ်ယောက်အတွက် ပြဿနာတစ်ခုပဲလို့ ပြောသွားခဲ့ပါတယ်။ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလမှာ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို ပြန်ရောက်လာပြီးနောက်ပိုင်း အနိမ့်အမြင့်အတက်အကျများစွာ ကြုံတွေ့နေရတဲ့ ရော်နယ်လ်ဒိုအနေနဲ့ ယူနိုက်တက်ကို ရောက်လာပြီးနောက်ပိုင်း အံ့ဩစရာအခိုက်အတန့်တွေကို ဖန်တီးနိုင်ခဲ့ပေမယ့် အချို့ပွဲတွေမှာလည်း တစ်သင်းလုံးနဲ့လိုက်ပြီး ကောင်းမွန်ခြင်းမရှိတဲ့ ရလဒ်တွေနဲ့အတူ စွမ်းဆောင်ရည်တွေကိုလည်း ပြခဲ့တာပါ။

ရော်နယ်လ်ဒိုကို ပြန်လည်ခေါ်ယူခြင်းအတွက် ဝေဖန်မှုတွေလည်း ရှိနေကြပြီး သူ့ရဲ့ပြန်လာမှုက ဂျေဒန် ဆန်ချိုကို အသင်းနဲ့ အံဝင်ခွင်ကျဖြစ်ဖို့အတွက် ခက်ခဲသွားစေသလို အသင်းရဲ့ရလဒ်တွေကလည်း လက်ရှိမှာ အပေါင်းလက္ခဏာမဆောင်ဘဲ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေတာပါ။မက္ကလာရင်အနေနဲ့ ရော်နယ်လ်ဒိုက အသင်းဖော်တွေအပေါ် အပြုသဘောဆောင်တဲ့ လွှမ်းမိုးမှုရှိတဲ့ သူ့ရဲ့ကိုယ်လက်အမူအယာနဲ့ တွန်းအားပေးနေမယ့်အစား အသင်းကို ပြန်ဆွဲနေတယ်လို့ မခံစားရဘူးလို့ ဆိုခဲ့ပေမယ့် ယူနိုက်တက်မန်နေဂျာ အိုလေ ဂန်းနား ဆိုးလ်ရှား ရော်နယ်လ်ဒိုရဲ့ သဘောထားကို ထိန်းကျောင်းနိုင်ရမှာဖြစ်ပြီး ဒါမှမဟုတ်ရင် ရော်နယ်လ်ဒိုက သူ့အတွက် ပြဿနာဖြစ်လာဖို့လည်း ရှိနေတာပါ။

မက္ကလာရင်က “ခင်ဗျားအနေနဲ့ သူ့ကိုယ်လက်အမူအယာကို တွေ့တယ်မဟုတ်လား။ အတ္တလန္တာနဲ့ပွဲတုန်းက အဲ့ဒါကို မြင်ခဲ့ကြပြီးပြီ။ သူက အသင်းကို မောင်းနှင်နေတာ။ ရွိုင်းကီးန်လိုမျိုး နည်းနည်းလေးတော့ ပြန်မြင်ယောင်မိတာပေါ့”လို့ The McClaren Performance Podcast ရဲ့ အစီအစဉ်တစ်ခုမှာ ပြောသွားခဲ့ပါတယ်။ဆက်လက်ပြီး အင်္ဂလန်နည်းပြဟောင်းကြီးက “သူက ပိုပြီးအသံထွက်တယ်။ တိုက်ရိုက်ပြောတယ်။ ရိုးသားတယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုဆီက ခန္ဓာကိုယ်ဘာသာစကား ကိုယ်လက်အမူအယာက ဒီကစားသမားတွေဆီက ပိုကောင်းတဲ့စွမ်းဆောင်ရည်တွေကို လိုအပ်တယ်။ အများကြီး ထပ်လုပ်ရဦးမယ်”

“လူတစ်ယောက်ကို အဝတ်လဲခန်းအတွင်းကို ခေါ်လာတယ်ဆိုတာက ခင်ဗျားကို တစ်ခုခုပြုလုပ်ပေးနိုင်သလို ဖျက်ဆီးနိုင်တယ်။ သူက ကောင်းကောင်းလုပ်နိုင်တယ်။ သူလုပ်နိုင်တယ်။ ခင်ဗျားလုပ်ရမှာက သူ့ကို အသုံးပြုဖို့ပဲ။ သူက အဖြေဆိုပေမယ့် သူက ပြဿနာလည်း ဖြစ်နေပြန်တယ်။ သူ့ကို မှန်မှန်ကန်ကန် မထိန်းကွပ်နိုင်ဘူးဆိုရင် ဒါက မန်နေဂျာတစ်ယောက်အတွက် ပြဿနာဖြစ်လာလိမ့်မယ်”“ဒါကိုလုပ်ဖို့အတွက် နည်းလမ်းမျိုးစုံရှိပါတယ်။ ရော်နယ်လ်ဒိုကို အသင်းနဲ့ပေါင်းစည်းခိုင်းရမှာ။ ဒါမှသာ သူတို့က အသင်းတစ်သင်းလို ကစားကြမှာ။ လက်ရှိကာလတွေမှာတော့ သူတို့က အသင်းတစ်သင်းလို ကစားနေကြတာမဟုတ်ဘူး”“ချဲလ်ဆီး၊ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးအသင်းတွေကိုကြည့်မယ်ဆိုရင် ခင်ဗျားအနေနဲ့ သူတို့အသင်းမှာ ဒါသူတို့အသင်းပါလို့ ပြောရမယ့် သူတို့ကစားဟန်နဲ့သူတို့ အသင်းတွေရှိကြတယ်။ အိုလေ အနေနဲ့ ရော်နယ်လ်ဒိုကို နံပါတ် ၉ နေရာမှာ ထားဆော့နေတာက ဒီဖော်မြူလာကို ရှာဖွေနေတာပဲဖြစ်တယ်”လို့ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောသွားခဲ့ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *