မန္ယူအသင္းေပၚထားရွိတဲ့ ရည္မွန္းခ်က္အား ထုတ္ေဖာ္ႏႈတ္ခြန္းဆက္လာတဲ့ နည္းျပသစ္ရန္းဂ္နစ္

မန္ယူအသင္းေပၚထားရွိတဲ့ ရည္မွန္းခ်က္အား ထုတ္ေဖာ္ႏႈတ္ခြန္းဆက္လာတဲ့ နည္းျပသစ္ရန္းဂ္နစ္

အိုလီဂန္နာဆိုးလ္ရွားရဲ႕ အိုးထရက္ဖို႔ဒ္ကသုံးႏွစ္တာကာလအၿပီး မိုက္ကယ္ကာရစ္ရဲ႕ယာယီအုပ္ထိန္းမႈဆီက ယူႏိုက္တက္ဇက္ႀကိဳးကို ရာ့ဖ္ရန္းဂ္နစ္က တရားဝင္တာဝန္ယူလိုက္ၿပီျဖစ္ၿပီး ရာသီကုန္အထိ ကလပ္ကိုစီမံခန႔္ခြဲသြားမွာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ေဘာ့စ္အျဖစ္ တာဝန္လက္ခံၿပီးခ်ိန္မွာေတာ့ ယူႏိုက္တက္က လူငယ္နဲ႔ဝါရင့္စီနီယာအေရာအေႏွာ ထိပ္တန္းကစားသမားအစုအဖြဲ႕နဲ႔ အတူအလုပ္လုပ္ဖို႔ ေစာင့္စားေနေၾကာင္း ရန္းဂ္နစ္ကေျပာပါတယ္။

 

ရာသီကုန္အထိ အသင္းမန္ေနဂ်ာအျဖစ္တာဝန္ယူၿပီးရင္ေတာ့ ဂ်ာမန္သားနည္းျပဟာ ကြင္းထဲကေန အသင္း႐ုံးခန္းေလွကားေပၚကိုတက္မွာျဖစ္ၿပီး သူရဲနီတို႔အတြက္ အႀကံေပးရာထူးတေနရာနဲ႔ဆက္လုပ္မွာျဖစ္ပါတယ္။ သူ႔ေနရာမွာ ဘယ္သူဆက္ခံမယ္ဆိုတဲ့အေပၚမွာပါ သူ႔ရဲ႕ၾသဇာသက္ေရာက္မွာပါ။ တနလၤာေန႔မွာ ယာယီေဘာ့စ္အျဖစ္ တရားဝင္တာဝန္အပ္ခံရၿပီးေနာက္ မန္ယူမွာအလုပ္လုပ္ရမယ့္စိတ္လႈပ္ရွားမႈကို ရန္းဂ္နစ္က ဖြင့္ဟခဲ့ပါတယ္။ ဒါ့အျပင္ လူငယ္၊ လူႀကီးကစားသမားပူးတြဲအသုံးျပဳမယ္လို႔ ရွင္းေအာင္ထည့္ေျပာခဲ့လို႔ ေရာ္နယ္လ္ဒိုအတြက္ စိတ္ေအးစရာတခုပါ။

“မန္ခ်က္စတာယူႏိုက္တက္ကိုပူးေပါင္းရလို႔ က်ေနာ္စိတ္လႈပ္ရွားေနၿပီး ကလပ္အတြက္ ဒီရာသီကို ေအာင္ျမင္တဲ့ရာသီတခုျဖစ္ေအာင္ဖန္တီးဖို႔အေပၚမွာ အာ႐ုံစိုက္ထားပါတယ္။ အသင္းလူစာရင္းဟာ ပါရမီရွင္ေတြအျပည့္ျဖစ္ၿပီး လူငယ္နဲ႔ဝါရင့္အေတြ႕အႀကဳံရွိတို႔ရဲ႕ ေကာင္းမြန္ညီၫြတ္တဲ့ေပါင္းစပ္မႈရွိပါတယ္။”“လာမယ့္ေျခာက္လအတြက္ က်ေနာ့္ရဲ႕အားထုတ္မႈအားလုံးကေတာ့ ဒီကစားသမားေတြ တဦးခ်င္းအရေရာ၊ အဓိကအားျဖင့္ အသင္းလိုက္အေနနနဲ႔ပါ သူတို႔ရဲ႕အလားအလာျဖစ္ႏိုင္ေခ်ေတြျပည့္ဝေအာင္ ကူညီေပးမွာျဖစ္ပါတယ္။ ဒီကေနေက်ာ္လြန္ရင္ေတာ့ အႀကံေပးေနရာတခုကေန ကလပ္ရဲ႕ကာလရွည္ပန္းတိုင္ေတြကို ပံ့ပိုးေပးဖို႔ ေမွ်ာ္လင့္ေစာင့္စားေနပါတယ္။”လို႔ သူ႔ရဲ႕ မန္ယူေဘာ့စ္ဘဝ ပထမဆုံးစကားအျဖစ္ ရန္းဂ္နစ္ကေျပာခဲ့ပါတယ္။ ဂ်ာမန္နည္းျပဟာ အေတြ႕အႀကဳံရင့္ကစားသမားေတြထက္ လူငယ္ေတြကိုပိုႏွစ္သက္သူလို႔သိထားၿပီး ဇလာတန္နဲ႔ပတ္သတ္ၿပီးေျပာခဲ့တဲ့စကားေၾကာင့္ သူ႔ရဲ႕ရာထူးခန႔္ထားမႈဟာ ခရစ္စတီယာႏိုေရာ္နယ္လ္ဒိုကို သက္ေရာက္ႏိုင္တယ္လို႔ အမ်ားကထင္ျမင္ယူဆထားၾကတာပါ။

 

ေရာ္နယ္လ္ဒိုက အသက္ ၃၆ႏွစ္ရွိၿပီျဖစ္ၿပီး ရန္းဂ္နစ္ရဲ႕စတိုင္ ဟိုက္ပရက္စင္းဂိမ္းေတြမွာ ႐ုန္းကန္ရလိမ့္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ ခ်ယ္လ္ဆီးတို႔နဲ႔သေရက်ခဲ့တဲ့ စတန္းဖို႔ဒ္ဘရစ္ခ်္ကပြဲမွာ ေရာ္နယ္လ္ဒိုကို အရံခုံေပၚတင္ထားခဲ့ၿပီး မိုက္ကယ္ကာရစ္ကအုပ္ခ်ဳပ္သူျဖစ္ေပမဲ့ ဒီလူစာရင္းကို ရန္းဂ္နစ္ေ႐ြးခ်ယ္ခဲ့တာဆိုတဲ့သတင္းေတြလည္းရွိခဲ့ပါတယ္။ ဒီသတင္းေပါက္ၾကားလာၿပီးေနာက္ အသင္းေဖာ္ေမးရွင္း၊ နည္းစနစ္နဲ႔ လူေ႐ြးခ်ယ္မႈတို႔မွာ ကာရစ္က ေနာက္ဆုံးအဆုံးအျဖတ္ျဖစ္တယ္လို႔ဆိုပါတယ္။
crd

unicode

မန်ယူအသင်းပေါ်ထားရှိတဲ့ ရည်မှန်းချက်အား ထုတ်ဖော်နှုတ်ခွန်းဆက်လာတဲ့ နည်းပြသစ်ရန်းဂ်နစ်

အိုလီဂန်နာဆိုးလ်ရှားရဲ့ အိုးထရက်ဖို့ဒ်ကသုံးနှစ်တာကာလအပြီး မိုက်ကယ်ကာရစ်ရဲ့ယာယီအုပ်ထိန်းမှုဆီက ယူနိုက်တက်ဇက်ကြိုးကို ရာ့ဖ်ရန်းဂ်နစ်က တရားဝင်တာဝန်ယူလိုက်ပြီဖြစ်ပြီး ရာသီကုန်အထိ ကလပ်ကိုစီမံခန့်ခွဲသွားမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဘော့စ်အဖြစ် တာဝန်လက်ခံပြီးချိန်မှာတော့ ယူနိုက်တက်က လူငယ်နဲ့ဝါရင့်စီနီယာအရောအနှော ထိပ်တန်းကစားသမားအစုအဖွဲ့နဲ့ အတူအလုပ်လုပ်ဖို့ စောင့်စားနေကြောင်း ရန်းဂ်နစ်ကပြောပါတယ်။

ရာသီကုန်အထိ အသင်းမန်နေဂျာအဖြစ်တာဝန်ယူပြီးရင်တော့ ဂျာမန်သားနည်းပြဟာ ကွင်းထဲကနေ အသင်းရုံးခန်းလှေကားပေါ်ကိုတက်မှာဖြစ်ပြီး သူရဲနီတို့အတွက် အကြံပေးရာထူးတနေရာနဲ့ဆက်လုပ်မှာဖြစ်ပါတယ်။ သူ့နေရာမှာ ဘယ်သူဆက်ခံမယ်ဆိုတဲ့အပေါ်မှာပါ သူ့ရဲ့သြဇာသက်ရောက်မှာပါ။ တနင်္လာနေ့မှာ ယာယီဘော့စ်အဖြစ် တရားဝင်တာဝန်အပ်ခံရပြီးနောက် မန်ယူမှာအလုပ်လုပ်ရမယ့်စိတ်လှုပ်ရှားမှုကို ရန်းဂ်နစ်က ဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် လူငယ်၊ လူကြီးကစားသမားပူးတွဲအသုံးပြုမယ်လို့ ရှင်းအောင်ထည့်ပြောခဲ့လို့ ရော်နယ်လ်ဒိုအတွက် စိတ်အေးစရာတခုပါ။

“မန်ချက်စတာယူနိုက်တက်ကိုပူးပေါင်းရလို့ ကျနော်စိတ်လှုပ်ရှားနေပြီး ကလပ်အတွက် ဒီရာသီကို အောင်မြင်တဲ့ရာသီတခုဖြစ်အောင်ဖန်တီးဖို့အပေါ်မှာ အာရုံစိုက်ထားပါတယ်။ အသင်းလူစာရင်းဟာ ပါရမီရှင်တွေအပြည့်ဖြစ်ပြီး လူငယ်နဲ့ဝါရင့်အတွေ့အကြုံရှိတို့ရဲ့ ကောင်းမွန်ညီညွတ်တဲ့ပေါင်းစပ်မှုရှိပါတယ်။”“လာမယ့်ခြောက်လအတွက် ကျနော့်ရဲ့အားထုတ်မှုအားလုံးကတော့ ဒီကစားသမားတွေ တဦးချင်းအရရော၊ အဓိကအားဖြင့် အသင်းလိုက်အနေနနဲ့ပါ သူတို့ရဲ့အလားအလာဖြစ်နိုင်ချေတွေပြည့်ဝအောင် ကူညီပေးမှာဖြစ်ပါတယ်။ ဒီကနေကျော်လွန်ရင်တော့ အကြံပေးနေရာတခုကနေ ကလပ်ရဲ့ကာလရှည်ပန်းတိုင်တွေကို ပံ့ပိုးပေးဖို့ မျှော်လင့်စောင့်စားနေပါတယ်။”လို့ သူ့ရဲ့ မန်ယူဘော့စ်ဘဝ ပထမဆုံးစကားအဖြစ် ရန်းဂ်နစ်ကပြောခဲ့ပါတယ်။ ဂျာမန်နည်းပြဟာ အတွေ့အကြုံရင့်ကစားသမားတွေထက် လူငယ်တွေကိုပိုနှစ်သက်သူလို့သိထားပြီး ဇလာတန်နဲ့ပတ်သတ်ပြီးပြောခဲ့တဲ့စကားကြောင့် သူ့ရဲ့ရာထူးခန့်ထားမှုဟာ ခရစ်စတီယာနိုရော်နယ်လ်ဒိုကို သက်ရောက်နိုင်တယ်လို့ အများကထင်မြင်ယူဆထားကြတာပါ။

ရော်နယ်လ်ဒိုက အသက် ၃၆နှစ်ရှိပြီဖြစ်ပြီး ရန်းဂ်နစ်ရဲ့စတိုင် ဟိုက်ပရက်စင်းဂိမ်းတွေမှာ ရုန်းကန်ရလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ချယ်လ်ဆီးတို့နဲ့သရေကျခဲ့တဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကပွဲမှာ ရော်နယ်လ်ဒိုကို အရံခုံပေါ်တင်ထားခဲ့ပြီး မိုက်ကယ်ကာရစ်ကအုပ်ချုပ်သူဖြစ်ပေမဲ့ ဒီလူစာရင်းကို ရန်းဂ်နစ်ရွေးချယ်ခဲ့တာဆိုတဲ့သတင်းတွေလည်းရှိခဲ့ပါတယ်။ ဒီသတင်းပေါက်ကြားလာပြီးနောက် အသင်းဖော်မေးရှင်း၊ နည်းစနစ်နဲ့ လူရွေးချယ်မှုတို့မှာ ကာရစ်က နောက်ဆုံးအဆုံးအဖြတ်ဖြစ်တယ်လို့ဆိုပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *