



crd

unicode

မန်ယူအတွက်ပြီးပြည့်စုံတဲ့ခေါ်ယူမှုဖြစ်လာမယ်လို့ အန်ထော်နီကိုအပြည့်ဝထောက်ခံလိုက်တဲ့ အင်္ဂလန်ဂိုးသမားဟောင်း

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ပစ်မှတ် အန်ထော်နီက အနာဂတ်အတွက် အရိပ်အမြွက် ပြောကြားသွားပြီးခဲ့တဲ့နောက်မှာတော့ အဲရစ်တန်ဟဂ်ရဲ့ ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်လာမှာပါလို့ အင်္ဂလန်ဂိုးသမားဟောင်း Paul Robinson ကဆိုလိုက်ပါတယ်။ အေဂျက်စ်တိုက်စစ်မှူးသည် ယခုနှစ်ရာသီတွင် အဲရစ်တန်ဟဂ် ၏လက်အောက်တွင် အထင်ကြီးလောက်စရာခြေစွမ်းမျိုး ပြသထားပြီး မန်ယူသို့ပြောင်းရွှေ့ရန် ချိတ်ဆက်မှုများရှိနေသည်။

ဘရာဇီးသားဟာ အမ်စတာဒမ်အသင်းအတွက် ၃၃ ပွဲကစားပြီး ၁၂ ဂိုး သွင်းယူကာ ၁၀ ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။ အသက် 22 နှစ်အရွယ်ရှိပြီဖြစ်သည့် အန်ထော်နီက Ten Hag ထံသို့ ၎င်း၏နှုတ်ဆက်စာတွင် ၎င်း၏နည်းပြဟောင်း နှင့် မန်ချက်စတာတွင် လက်တွဲနိုင်မည်ဟု အရိပ်အမြွက်ဖော်ပြခဲ့သည်။ ၎င်းက “နေ့စဉ်နဲ့အမျှ သင်ယူခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။”မင်းငါ့ကိုလိုအပ်ရင် မင်းအနားမှာအမြဲရှိနေမယ်ဆိုတာသိပါ။”လို့ ပြောကြားသွားခဲ့ပါတယ်။ အန်ထော်နီဟာ ယူနိုက်တက်အတွက် လိမ္မာပါးနပ်တဲ့ ခေါ်ယူမှုဖြစ်မယ်လို့ ယုံကြည်နေသူကတော့ အင်္ဂလန်ဂိုးသမားဟောင်း Paul Robinson ဖြစ်ပါတယ်။

၎င်းက Football Insider သို့ ပြောကြားရာတွင် “အန်တိုနီက ထိပ်တန်းကစားသမားပါ။ သူကသန်မာပြီး ဘောလုံးကို အနီး၊ အဝေး နှစ်မျိုးစလုံးကနေ ပေးပို့မှုကောင်းမွန်စွာပြုလုပ်ထားနိုင်ခဲ့ပါတယ်။ “သူဟာ အလယ်တန်းမှာလည်း ကစားနိုင်ပေမယ့် ဘယ်ခြမ်းကတော့ အထိရောက်ဆုံး လို့ဆိုရမှာပဲဖြစ်ပါတယ်။ ဘယ်ခြေ၊ ညာခြေနှစ်မျိုးစလုံး အသုံးပြုနိုင်ပြီး ဂိုးနှင့် ဖန်တီးမှုတွေပြုလုပ်ထားနိုင်ပါတယ်။ “သူဟာ ပြီးခဲ့တဲ့ 18 လအတွင်း အေဂျက်စ်ရဲ့ အောင်မြင်မှုမှာကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ သူ့ကို Eredivisie မှာ အနီးကပ်စောင့်ကြည့်ခဲ့ပါတယ်။

“သူဟာ ပရီးမီးယားလိဂ်မှာ ထွန်းကားမယ့် ကစားသမားတစ်ဦးဖြစ်ပြီး တစ်ရာသီမှာ ဂိုး ၃၀ လောက် သွင်းယူနိုင်တဲ့ ကစားမျိုးမဟုတ်ပေမယ့် ဂိုးနှင့်ဖန်တီးမှုတွေမှာ တိုက်ရိုက်ပါဝင်လာနိုင်ပါတယ်။ Ten Hag သည် Old Trafford တွင် အန်ထော်နီအား ပရိသတ်များ နှစ်သက်မည့် ကစားသမားမျိုး ဖြစ်လာအောင် ပြုပြင်မွမ်းမံဖို့လိုအပ်နေပြီး အန်ထော်နီက ယူနိုက်တက်အတွက် သင့်တော်တဲ့ ဖြည့်တင်းမှု တစ်ခုဖြစ်ကြောင်း ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *