မန္ယူနဲ႔ ဘရာဇီးလ္သားဆိုရင္ မကိုက္ဘူးဆိုတဲ့ စံခ်ိန္ေတြကို စတင္ခ်ိဳးဖ်က္လိုက္တဲ့ ကတ္စမဲ႐ိုး+ဖရက္ဒ္ ကြင္းလယ္အတြဲအဖက္

မန္ယူနဲ႔ ဘရာဇီးလ္သားဆိုရင္ မကိုက္ဘူးဆိုတဲ့ စံခ်ိန္ေတြကို စတင္ခ်ိဳးဖ်က္လိုက္တဲ့ ကတ္စမဲ႐ိုး+ဖရက္ဒ္ ကြင္းလယ္အတြဲအဖက္
မန္ယူသမိုင္းတေလွ်ာက္ ပထမဆုံးဂိုးတစ္ခုျဖစ္လာခဲ့တဲ့ ဘရာဇီးလ္ကြင္းလယ္အတြဲ ကတ္စမဲ႐ိုး+ဖရက္ဒ္ တို႔ရဲ႕ သြင္းဂိုး

ေဖာရက္စ္ကို (၃)ဂိုးေျမာက္သြင္းအၿပီးမွာ ထူးျခားစံခ်ိန္တစ္ခု ပိုင္ဆိုင္သြားတဲ့ ဘရာဇီးလ္Duo
ပရီးမီးယားလိဂ္ပြဲေတြ ျပန္စစခ်င္းမွာပဲ ေနာ္တင္ဟမ္ေဖာရက္စ္ကို (၃-ဝ)နဲ႔အႏိုင္ရခဲ့တာက စိတ္ေက်နပ္စရာေကာင္းခဲ့ပါတယ္။ အဓိက ေနာက္ခံလူေတြမပါတဲ့အေနအထားနဲ႔ ေဖာရက္စ္လိုေကာင္တာေကာင္းတဲ့အသင္းကို ဂိုးျပတ္ႏိုင္ခဲ့လိုပါ။

တစ္ပြဲလုံးလည္း ဖိဖိစီးစီး ကစားႏိုင္ခဲ့တာေၾကာင့္ ၿပီးျပည့္စုံတဲ့ႏိုင္ပြဲျဖစ္ခဲ့ပါတယ္။ ဒီထက္ပို ဂိုးျပတ္ႏိုင္ခဲ့ေပမဲ့ (၃)ဂိုးဆိုတာ ေက်နပ္စရာေကာင္းပါတယ္။ အထူးသျဖင့္ တတိယဦးေဆာင္ ဂိုးကို သြင္းၿပီးခ်ိန္မွာပါ။

မန္ယူသမိုင္းတေလွ်ာက္ ဘရာဇီးလ္သားႏွစ္ေယာက္ ဖန္တီးမႈ+ဂိုးဆိုတဲ့ စံခ်ိန္ကို ရသြားလို႔ျဖစ္ပါတယ္။ ရသြားတဲ့ပုံစံက ေနာ္တင္ဟမ္ ေဖာရက္စ္ရဲ႕ ေကာင္တာကို ကတ္စမဲ႐ိုးက အျမင္ရွိရွိနဲ႔ ေဘာလုံးကို ဝင္တားလိုက္ပါတယ္။

တိုက္စစ္ျပန္စသြားခ်ိန္၊ လြတ္လြတ္လပ္လပ္ ကစားခြင့္ရေနတဲ့ဖရက္ဒ္က ဘယ္ျခမ္းကေန အလိုက္သင့္လိုက္တက္လာၿပီး၊ ကတ္စမဲ႐ိုးခ်ေပးတာကို ဂိုးအျဖစ္ေျပာင္းလဲလိုက္ပါတယ္။ အဲဒီဂိုးဟာ တတိယေျမာက္ဦးေဆာင္ဂိုးေပမဲ့ သမိုင္းမွာ ပထမဆုံးဂိုးတစ္ခုျဖစ္လာပါတယ္။

ဘရာဇီးလ္သားတစ္ေယာက္က ဖန္တီးေပးတာကို ဘရာဇီးလ္သားတစ္ေယာက္က သြင္းတဲ့ ပထမဆုံးစံခ်ိန္တင္ဂိုးပါ။ အသင္းမွာ စေကးလ္ႂကြယ္တဲ့ ဘရာဇီးလ္သားေတြရွိလာၿပီဆိုတဲ့ အေပါင္းလကၡဏာေဆာင္တဲ့ စံခ်ိန္တစ္ခုလည္းျဖစ္ပါတယ္။

မန္ယူနဲ႔ ဘရာဇီးလ္သားဆိုရင္ မကိုက္ဘူးဆိုတဲ့စံခ်ိန္ေတြကိုလည္း စတင္ခ်ိဳးဖ်က္ျပခဲ့ၿပီမလို႔ ကတ္စမဲ႐ိုး၊ ဖရက္၊ အန္တိုနီတို႔ ဘာေတြထပ္လုပ္ျပမလဲကို ရင္ခုန္ရဖို႔ရွိေနပါၿပီ။
crd

Unicode
မန်ယူနဲ့ ဘရာဇီးလ်သားဆိုရင် မကိုက်ဘူးဆိုတဲ့ စံချိန်တွေကို စတင်ချိုးဖျက်လိုက်တဲ့ ကတ်စမဲရိုး+ဖရက်ဒ် ကွင်းလယ်အတွဲအဖက်
မန်ယူသမိုင်းတလျှောက် ပထမဆုံးဂိုးတစ်ခုဖြစ်လာခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်အတွဲ ကတ်စမဲရိုး+ဖရက်ဒ် တို့ရဲ့ သွင်းဂိုး

ဖောရက်စ်ကို (၃)ဂိုးမြောက်သွင်းအပြီးမှာ ထူးခြားစံချိန်တစ်ခု ပိုင်ဆိုင်သွားတဲ့ ဘရာဇီးလ်Duo
ပရီးမီးယားလိဂ်ပွဲတွေ ပြန်စစချင်းမှာပဲ နော်တင်ဟမ်ဖောရက်စ်ကို (၃-ဝ)နဲ့အနိုင်ရခဲ့တာက စိတ်ကျေနပ်စရာကောင်းခဲ့ပါတယ်။ အဓိက နောက်ခံလူတွေမပါတဲ့အနေအထားနဲ့ ဖောရက်စ်လိုကောင်တာကောင်းတဲ့အသင်းကို ဂိုးပြတ်နိုင်ခဲ့လိုပါ။

တစ်ပွဲလုံးလည်း ဖိဖိစီးစီး ကစားနိုင်ခဲ့တာကြောင့် ပြီးပြည့်စုံတဲ့နိုင်ပွဲဖြစ်ခဲ့ပါတယ်။ ဒီထက်ပို ဂိုးပြတ်နိုင်ခဲ့ပေမဲ့ (၃)ဂိုးဆိုတာ ကျေနပ်စရာကောင်းပါတယ်။ အထူးသဖြင့် တတိယဦးဆောင် ဂိုးကို သွင်းပြီးချိန်မှာပါ။

မန်ယူသမိုင်းတလျှောက် ဘရာဇီးလ်သားနှစ်ယောက် ဖန်တီးမှု+ဂိုးဆိုတဲ့ စံချိန်ကို ရသွားလို့ဖြစ်ပါတယ်။ ရသွားတဲ့ပုံစံက နော်တင်ဟမ် ဖောရက်စ်ရဲ့ ကောင်တာကို ကတ်စမဲရိုးက အမြင်ရှိရှိနဲ့ ဘောလုံးကို ဝင်တားလိုက်ပါတယ်။

တိုက်စစ်ပြန်စသွားချိန်၊ လွတ်လွတ်လပ်လပ် ကစားခွင့်ရနေတဲ့ဖရက်ဒ်က ဘယ်ခြမ်းကနေ အလိုက်သင့်လိုက်တက်လာပြီး၊ ကတ်စမဲရိုးချပေးတာကို ဂိုးအဖြစ်ပြောင်းလဲလိုက်ပါတယ်။ အဲဒီဂိုးဟာ တတိယမြောက်ဦးဆောင်ဂိုးပေမဲ့ သမိုင်းမှာ ပထမဆုံးဂိုးတစ်ခုဖြစ်လာပါတယ်။

ဘရာဇီးလ်သားတစ်ယောက်က ဖန်တီးပေးတာကို ဘရာဇီးလ်သားတစ်ယောက်က သွင်းတဲ့ ပထမဆုံးစံချိန်တင်ဂိုးပါ။ အသင်းမှာ စကေးလ်ကြွယ်တဲ့ ဘရာဇီးလ်သားတွေရှိလာပြီဆိုတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ စံချိန်တစ်ခုလည်းဖြစ်ပါတယ်။

မန်ယူနဲ့ ဘရာဇီးလ်သားဆိုရင် မကိုက်ဘူးဆိုတဲ့စံချိန်တွေကိုလည်း စတင်ချိုးဖျက်ပြခဲ့ပြီမလို့ ကတ်စမဲရိုး၊ ဖရက်၊ အန်တိုနီတို့ ဘာတွေထပ်လုပ်ပြမလဲကို ရင်ခုန်ရဖို့ရှိနေပါပြီ။
crd

Add a Comment

Your email address will not be published. Required fields are marked *