မန္ယူနည္းျပျဖစ္ျဖစ္ခ်င္းမွာပင္ေခၚယူရန္အသုံးစရိတ္တင္ထားၿပီးျဖစ္တဲ့ ရန္းဂ္နစ္ရဲ႕ နံပါတ္တစ္ပစ္မွတ္

မန္ယူနည္းျပျဖစ္ျဖစ္ခ်င္းမွာပင္ေခၚယူရန္အသုံးစရိတ္တင္ထားၿပီးျဖစ္တဲ့ ရန္းဂ္နစ္ရဲ႕ နံပါတ္တစ္ပစ္မွတ္

တနလၤာေန႔နံနက္မွာ ယာယီနည္းျပအျဖစ္ တရားဝင္ခန႔္အပ္ျခင္း ခံခဲ့ရတာပါ။ရာ့လ္ဖ္ ရန္းနစ္ခ္ဟာ လာမယ့္ ဇန္နဝါရီလမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းလူစာရင္းကို အင္အားျဖည့္တင္းဖို႔အတြက္ ဘတ္ဂ်က္ခြင့္ျပဳျခင္း ရသြားမွာျဖစ္ၿပီး ဂ်ာမန္လူမ်ိဳးနည္းျပဟာ လိုက္ပ္ဇစ္ကြင္းလယ္ကစားသမား အာမာဒူ ဟိုင္းဒါရာကို ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ တနလၤာေန႔နံနက္မွာ ရန္းနစ္ခ္ကို ယာယီနည္းျပအျဖစ္ ခန႔္အပ္လိုက္ၿပီျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့တာျဖစ္ၿပီး အသက္ ၆၃ ႏွစ္အ႐ြယ္ ဂ်ာမန္လူမ်ိဳးနည္းျပဟာ ယခုရာသီကုန္အထိ အိုးထရက္ဖို႔ဒ္မွာ ယာယီနည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္သြားေတာ့မွာျဖစ္ပါတယ္။

 

ရန္းနစ္ခ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ယာယီနည္းျပရာထူးကို လက္ခံဖို႔အတြက္ လိုကိုမိုးတစ္ ေမာ္စကိုအသင္းရဲ႕ အားကစားနဲ႔ ဖြံ႕ၿဖိဳးေရး ဒါ႐ိုက္တာရာထူးကို စြန႔္လႊတ္ခဲ့သူျဖစ္ၿပီး လာမယ့္ ဇန္နဝါရီလအေျပာင္းအေ႐ႊ႕ေစ်းကြက္မတိုင္မီ အိုးထရက္ဖို႔ဒ္က လူစာရင္းကို အင္အားျဖည့္တင္းဖို႔ စီစဥ္ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။ ဂ်ာမန္လူမ်ိဳးနည္းျပဟာ ၿပိဳင္ဘက္အသင္းကို ဖိအားျမင့္ျမင့္ေပးၿပီး တိုက္စစ္ဆင္ကစားခ်င္တဲ့ဆႏၵရွိသူလို႔ လူသိမ်ားၿပီး ရန္းနစ္ခ္ဟာ ယူႏိုက္တက္အတြက္ ပစ္မွတ္အျဖစ္ ၎ရဲ႕ ကစားသမားေဟာင္း ဟိုင္းဒါရာကို သတ္မွတ္ထားတယ္လို႔ The Times က ေဖာ္ျပခဲ့ပါတယ္။

ရန္းနစ္ခ္ဟာ လိုက္ပ္ဇစ္အသင္းကို နည္းျပခဲ့စဥ္အခ်ိန္တုန္းက ဟိုင္းဒါရာကို ေခၚယူခဲ့တာျဖစ္ၿပီး မာလီလက္ေ႐ြးစင္ကစားသမားဟာ လိုက္ပ္ဇစ္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ပါအခ်က္အရ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၃၃ သန္း ရွိတယ္လို႔ သိရပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဟိုင္းဒါရာဟာ လိုက္ပ္ဇစ္အသင္းအတြက္ ပြဲ ၁၀၀ နီးပါး ပါဝင္ကစားေပးထားၿပီးျဖစ္ၿပီး မာလီလက္ေ႐ြးစင္အသင္းအတြက္လည္း ႏိုင္ငံတကာပြဲစဥ္ ၂၄ ပြဲ ကစားေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။ရာ့လ္ဖ္ ရန္းနစ္ခ္ဟာ မန္ခ်က္စတာယူႏိုက္တက္ ယာယီနည္းျပအျဖစ္ ၆ လ ကိုင္တြယ္ၿပီးေနာက္ အိုးထရက္ဖို႔ဒ္မွာ ေနာက္ထပ္ ၂ ႏွစ္ အႀကံေပးရာထူးနဲ႔ ဆက္လက္ တာဝန္ထမ္းေဆာင္သြားမွာျဖစ္ပါတယ္။

 

 

ရန္းနစ္ခ္က ယာယီနည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရတဲ့အေပၚမွာ “ကြၽန္ေတာ္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပူးေပါင္းရမွာ စိတ္လႈပ္ရွားမိၿပီး ဒီရာသီကို ေအာင္ျမင္တဲ့ရာသီျဖစ္ေအာင္ လုပ္ဖို႔အတြက္ အာ႐ုံစိုက္သြားမွာပါ။ လူစာရင္းက ပါရမီရွင္ေတြနဲ႔ ျပည့္ေနၿပီး လူငယ္ေတြနဲ႔ အေတြ႕အႀကဳံရွိတဲ့ ကစားသမားေတြ အရမ္း ဟန္ခ်က္ညီေနပါတယ္””လာမယ့္ ၆ လအတြက္ ကြၽန္ေတာ့္ရဲ႕အားထုတ္မႈေတြ အားလုံးက ဒီကစားသမားေတြရဲ႕ အလားအလာကို ျပည့္ေျမာက္ေအာင္ ကူညီေပးႏိုင္မွာျဖစ္ၿပီး တစ္ဦးခ်င္းအေနနဲ႔ေရာ အေရးအႀကီးဆုံးအေနနဲ႔ အသင္းအဖြဲ႕အျဖစ္နဲ႔ပါ အကူအညီျဖစ္ေစမွာပါ။ အဲဒါၿပီးသြားရင္ ကြၽန္ေတာ္ အသင္းရဲ႕ ေရရွည္ပန္းတိုင္းကို အႀကံေပးအေနနဲ႔ ေထာက္ပံ့ကူညီေပးသြားႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
crd

unicode

မန်ယူနည်းပြဖြစ်ဖြစ်ချင်းမှာပင်ခေါ်ယူရန်အသုံးစရိတ်တင်ထားပြီးဖြစ်တဲ့ ရန်းဂ်နစ်ရဲ့ နံပါတ်တစ်ပစ်မှတ်

တနင်္လာနေ့နံနက်မှာ ယာယီနည်းပြအဖြစ် တရားဝင်ခန့်အပ်ခြင်း ခံခဲ့ရတာပါ။ရာ့လ်ဖ် ရန်းနစ်ခ်ဟာ လာမယ့် ဇန်နဝါရီလမှာ မန်ချက်စတာယူနိုက်တက်အသင်းလူစာရင်းကို အင်အားဖြည့်တင်းဖို့အတွက် ဘတ်ဂျက်ခွင့်ပြုခြင်း ရသွားမှာဖြစ်ပြီး ဂျာမန်လူမျိုးနည်းပြဟာ လိုက်ပ်ဇစ်ကွင်းလယ်ကစားသမား အာမာဒူ ဟိုင်းဒါရာကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္လာနေ့နံနက်မှာ ရန်းနစ်ခ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပြီး အသက် ၆၃ နှစ်အရွယ် ဂျာမန်လူမျိုးနည်းပြဟာ ယခုရာသီကုန်အထိ အိုးထရက်ဖို့ဒ်မှာ ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သွားတော့မှာဖြစ်ပါတယ်။

ရန်းနစ်ခ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြရာထူးကို လက်ခံဖို့အတွက် လိုကိုမိုးတစ် မော်စကိုအသင်းရဲ့ အားကစားနဲ့ ဖွံ့ဖြိုးရေး ဒါရိုက်တာရာထူးကို စွန့်လွှတ်ခဲ့သူဖြစ်ပြီး လာမယ့် ဇန်နဝါရီလအပြောင်းအရွှေ့စျေးကွက်မတိုင်မီ အိုးထရက်ဖို့ဒ်က လူစာရင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဂျာမန်လူမျိုးနည်းပြဟာ ပြိုင်ဘက်အသင်းကို ဖိအားမြင့်မြင့်ပေးပြီး တိုက်စစ်ဆင်ကစားချင်တဲ့ဆန္ဒရှိသူလို့ လူသိများပြီး ရန်းနစ်ခ်ဟာ ယူနိုက်တက်အတွက် ပစ်မှတ်အဖြစ် ၎င်းရဲ့ ကစားသမားဟောင်း ဟိုင်းဒါရာကို သတ်မှတ်ထားတယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။

ရန်းနစ်ခ်ဟာ လိုက်ပ်ဇစ်အသင်းကို နည်းပြခဲ့စဉ်အချိန်တုန်းက ဟိုင်းဒါရာကို ခေါ်ယူခဲ့တာဖြစ်ပြီး မာလီလက်ရွေးစင်ကစားသမားဟာ လိုက်ပ်ဇစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အရ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၃ သန်း ရှိတယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟိုင်းဒါရာဟာ လိုက်ပ်ဇစ်အသင်းအတွက် ပွဲ ၁၀၀ နီးပါး ပါဝင်ကစားပေးထားပြီးဖြစ်ပြီး မာလီလက်ရွေးစင်အသင်းအတွက်လည်း နိုင်ငံတကာပွဲစဉ် ၂၄ ပွဲ ကစားပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။ရာ့လ်ဖ် ရန်းနစ်ခ်ဟာ မန်ချက်စတာယူနိုက်တက် ယာယီနည်းပြအဖြစ် ၆ လ ကိုင်တွယ်ပြီးနောက် အိုးထရက်ဖို့ဒ်မှာ နောက်ထပ် ၂ နှစ် အကြံပေးရာထူးနဲ့ ဆက်လက် တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

ရန်းနစ်ခ်က ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့အပေါ်မှာ “ကျွန်တော် မန်ချက်စတာယူနိုက်တက်နဲ့ ပူးပေါင်းရမှာ စိတ်လှုပ်ရှားမိပြီး ဒီရာသီကို အောင်မြင်တဲ့ရာသီဖြစ်အောင် လုပ်ဖို့အတွက် အာရုံစိုက်သွားမှာပါ။ လူစာရင်းက ပါရမီရှင်တွေနဲ့ ပြည့်နေပြီး လူငယ်တွေနဲ့ အတွေ့အကြုံရှိတဲ့ ကစားသမားတွေ အရမ်း ဟန်ချက်ညီနေပါတယ်””လာမယ့် ၆ လအတွက် ကျွန်တော့်ရဲ့အားထုတ်မှုတွေ အားလုံးက ဒီကစားသမားတွေရဲ့ အလားအလာကို ပြည့်မြောက်အောင် ကူညီပေးနိုင်မှာဖြစ်ပြီး တစ်ဦးချင်းအနေနဲ့ရော အရေးအကြီးဆုံးအနေနဲ့ အသင်းအဖွဲ့အဖြစ်နဲ့ပါ အကူအညီဖြစ်စေမှာပါ။ အဲဒါပြီးသွားရင် ကျွန်တော် အသင်းရဲ့ ရေရှည်ပန်းတိုင်းကို အကြံပေးအနေနဲ့ ထောက်ပံ့ကူညီပေးသွားနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
crd

 

 

Add a Comment

Your email address will not be published. Required fields are marked *