မန္စီးတီးရဲ႕ ကီးပေလယာျဖစ္တဲ့ ဒီဘ႐ိုင္းကို လႈပ္မရႏိုင္ေအာင္ ေျခစြမ္းျပခဲ့လို႔ အမႈိက္ဘဝေန ဟီး႐ိုးအဆင့္ျဖစ္လာတဲ့ ယူႏိုက္တက္ကစားသမား

မန္စီးတီးရဲ႕ ကီးပေလယာျဖစ္တဲ့ ဒီဘ႐ိုင္းကို လႈပ္မရႏိုင္ေအာင္ ေျခစြမ္းျပခဲ့လို႔ အမႈိက္ဘဝေန ဟီး႐ိုးအဆင့္ျဖစ္လာတဲ့ ယူႏိုက္တက္ကစားသမား
မန္ခ်က္စတာဒါဘီမွာ အထင္ႀကီးစရာေျခစြမ္းေတြ ျပသႏိုင္ခဲ့ၿပီးေတာ့ တန္ဟတ္ရဲ႕ ယုံယုံၾကည္ၾကည္ေနရာေပးမႈေတြကို အလုပ္နဲ႔သက္ေသျပသြားႏိုင္ခဲ့တဲ့ သခင္ႀကီးဖရက္ဒ္

မန္ယူႏိုက္တက္ကြင္းလယ္လူ ဖရက္ဒ္ဟာ မန္စီးတီးကို oအႏိုင္ရရွိခဲ့တဲ့ မန္ခ်က္စတာဒါဘီမွာ အထင္ႀကီးစရာေျခစြမ္းေတြ ျပသႏိုင္ခဲ့ၿပီးေတာ့ တန္ဟတ္ရဲ႕ ယုံယုံၾကည္ၾကည္ေနရာေပးမႈေတြကို အလုပ္နဲ႔သက္ေသျပသြားႏိုင္ခဲ့ပါတယ္။

ဖရက္ဒ္အေနနဲ႔ ေအာက္တိုဘာလလယ္မွာ မန္ယူႏိုက္တက္ အတြက္ ပထမဆုံး ပြဲထြက္ကစားသမားစာရင္းမွာ ပါဝင္ခြင့္ရခဲ့တာ ျဖစ္ပါတယ္။ အသက္(၂၉)ႏွစ္ ရွိေနၿပီ ျဖစ္တဲ့ ဖရက္ဒ္တစ္ေယာက္ မန္စီးတီးနဲ႔ ပြဲမွာလည္း ပြဲထြက္စာရင္းမွာ ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။

တန္ဟတ္အေနနဲ႔ အန္တိုနီကို အရန္ခုံပို႔ထားခဲ့ၿပီးေတာ့ ဖာနန္ဒက္စ္ကို ညာေတာင္ပံပို႔ကာ ကြင္းလယ္အထိုင္ေနရာမွာ ဖရက္ဒ္နဲ႔ ကပ္စ္မဲ႐ိုးတို႔ ႏွစ္ဦးကို ပြဲထြက္လာေစခဲ့တာ ျဖစ္ပါတယ္။

တန္ဟတ္ရဲ႕ လူထုတ္ပုံေတြက ေတာ္ေတာ္ေလး မွန္ကန္ခဲ့တယ္လို႔ ဆိုရမွာ ျဖစ္ၿပီး ပြဲအၿပီးမွာ မန္ယူႏိုက္တက္တို႔က (၂-၁)ဆိုတဲ့ ရလဒ္နဲ႔ မန္စီးတီးကို အႏိုင္ရရွိသြားခဲ့တာပဲ ျဖစ္ပါတယ္။

မန္စီးတီးရဲ႕ ဦးေဆာင္မႈကို ခံခဲ့ရေပမဲ့ မန္ယူႏိုက္တက္တို႔က အေကာင္းဆုံး ျပန္လာႏိုင္ခဲ့ၿပီး ေျခပဂိုးနဲ႔ အႏိုင္ဂိုးေတြ သြင္းယူၿပီး အိုးထရက္ဖိူ႔ဒ္မွာ အႏိုင္(၃)မွတ္ကို ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

ပရိသတ္ေတြကေတာ့ ဒီပြဲစဥ္မွာ မန္ယူႏိုက္တက္ ကြင္းလယ္လူဖရက္ဒ္ရဲ႕ ေျခစြမ္းကို ေတာ္ေတာ္ေလး အထင္ႀကီးခဲ့ၾကၿပီး မန္စီးတီးကြင္းလယ္နဲ႔ ယွဥ္ၿပီး ေျခစြမ္းျပသြားတဲ့ ဖရက္ဒ္ကို ကမာၻ႔အဆင့္လို႔ေတာင္ ခ်ီးက်ဴးေျပာဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

ပရိသတ္ေတြကေတာ့ ဖရက္ဒ္ကို ဒီလို စြမ္းေဆာင္ရည္မ်ိဳးေတြကို အၿမဲတမ္းျပသႏိုင္ဖို႔ လိုအပ္တယ္လို႔ေတာ့ ေျပာဆိုခဲ့ၾကၿပီး၊ ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

ပရိသတ္တစ္ဦးကဆိုရင္ ” ဖရက္ဒ္နဲ႔ မာလာစီယာတို႔က ခုထက္ပိုၿပီးေတာ့ ထိုက္တန္ခဲ့ၾကပါတယ္၊ တကယ္ကို ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ပဲ ” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။ ေနာက္တစ္ဦးကလည္း ” ဖရက္ဒ္ရဲ႕ သက္ေရာက္မႈက သိပ္ၿပီးေတာ့ ႀကီးမားခဲ့ပါတယ္၊

ဒါေပမဲ့ အသင္းလိုက္ ေကာင္းမြန္ေနတဲ့ အေျခအေနမ်ိဳးမွာေတာ့ ပြဲရဲ႕ အေကာင္းဆုံး ကစားသမားကို ေ႐ြးခ်ယ္ရာမွာ ေတာ္ေတာ္ေလး ခက္ခဲေစပါတယ္ ” လို႔ မွတ္ခ်က္ေပး ေျပဆိုသြားခဲ့ပါတယ္။

တတိယေျမာက္ ပရိသတ္တစ္ဦးကလည္း ” တကယ့္ကို ကမာၻ႔အဆင့္ စြမ္းေဆာင္မႈပါပဲ ” ဆိုၿပီးေတာ့ ခ်ီးက်ဴးေျပဆိုမႈေတြ ျပဳလုပ္သြားခဲ့တာပဲ ျဖစ္ပါတယ္။

ကြင္းလယ္မွာ ကပ္စ္မဲ႐ိုးနဲ႔ အတူ ပြဲထြက္လာခဲ့တာ ျဖစ္ၿပီး မန္စီးတီးရဲ႕ ကီးပေလယာျဖစ္တဲ့ ဒီဘ႐ိုင္းကို ဘာမွလုပ္မရေအာင္ ထိန္းခ်ဳပ္ျပႏိုင္ခဲ့တဲ့ အေနအထားဟာ မန္ယူႏိုက္တက္ အတြက္ ေတာ္ေတာ္ေလး အက်ိဳးသက္ေရာက္မႈ ႀကီးေစခဲ့တာ ျဖစ္ပါတယ္။

မန္ယူႏိုက္တက္ ပရိသတ္ေတြကေတာ့ ဒီဘ႐ိုင္းကို မရမက လူကပ္ထားတဲ့ ဖရက္ဒ္ရဲ႕ ေျခစြမ္းကို မန္ယူႏိုက္တက္နဲ႔ ေအစီမီလန္တို႔ေတြ႕ဆုံခဲ့စဥ္က ပတ္ဂ်ီဆန္ရဲ႕ ပီယာလိုကို လူကပ္ကစားတဲ့ အေျခအေနနဲ႔ေတာင္ ႏႈိင္းယွဥ္ေျပာဆိုေနခဲ့ၾကတာ ျဖစ္ပါတယ္။
crd

Unicode
မန်စီးတီးရဲ့ ကီးပလေယာဖြစ်တဲ့ ဒီဘရိုင်းကို လှုပ်မရနိုင်အောင် ခြေစွမ်းပြခဲ့လို့ အမှိုက်ဘဝနေ ဟီးရိုးအဆင့်ဖြစ်လာတဲ့ ယူနိုက်တက်ကစားသမား
မန်ချက်စတာဒါဘီမှာ အထင်ကြီးစရာခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီးတော့ တန်ဟတ်ရဲ့ ယုံယုံကြည်ကြည်နေရာပေးမှုတွေကို အလုပ်နဲ့သက်သေပြသွားနိုင်ခဲ့တဲ့ သခင်ကြီးဖရက်ဒ်

မန်ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်ဟာ မန်စီးတီးကို oအနိုင်ရရှိခဲ့တဲ့ မန်ချက်စတာဒါဘီမှာ အထင်ကြီးစရာခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီးတော့ တန်ဟတ်ရဲ့ ယုံယုံကြည်ကြည်နေရာပေးမှုတွေကို အလုပ်နဲ့သက်သေပြသွားနိုင်ခဲ့ပါတယ်။

ဖရက်ဒ်အနေနဲ့ အောက်တိုဘာလလယ်မှာ မန်ယူနိုက်တက် အတွက် ပထမဆုံး ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၉)နှစ် ရှိနေပြီ ဖြစ်တဲ့ ဖရက်ဒ်တစ်ယောက် မန်စီးတီးနဲ့ ပွဲမှာလည်း ပွဲထွက်စာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

တန်ဟတ်အနေနဲ့ အန်တိုနီကို အရန်ခုံပို့ထားခဲ့ပြီးတော့ ဖာနန်ဒက်စ်ကို ညာတောင်ပံပို့ကာ ကွင်းလယ်အထိုင်နေရာမှာ ဖရက်ဒ်နဲ့ ကပ်စ်မဲရိုးတို့ နှစ်ဦးကို ပွဲထွက်လာစေခဲ့တာ ဖြစ်ပါတယ်။

တန်ဟတ်ရဲ့ လူထုတ်ပုံတွေက တော်တော်လေး မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ပွဲအပြီးမှာ မန်ယူနိုက်တက်တို့က (၂-၁)ဆိုတဲ့ ရလဒ်နဲ့ မန်စီးတီးကို အနိုင်ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

မန်စီးတီးရဲ့ ဦးဆောင်မှုကို ခံခဲ့ရပေမဲ့ မန်ယူနိုက်တက်တို့က အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး ခြေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပြီး အိုးထရက်ဖိူ့ဒ်မှာ အနိုင်(၃)မှတ်ကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဒီပွဲစဉ်မှာ မန်ယူနိုက်တက် ကွင်းလယ်လူဖရက်ဒ်ရဲ့ ခြေစွမ်းကို တော်တော်လေး အထင်ကြီးခဲ့ကြပြီး မန်စီးတီးကွင်းလယ်နဲ့ ယှဉ်ပြီး ခြေစွမ်းပြသွားတဲ့ ဖရက်ဒ်ကို ကမ္ဘာ့အဆင့်လို့တောင် ချီးကျူးပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဖရက်ဒ်ကို ဒီလို စွမ်းဆောင်ရည်မျိုးတွေကို အမြဲတမ်းပြသနိုင်ဖို့ လိုအပ်တယ်လို့တော့ ပြောဆိုခဲ့ကြပြီး၊ ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ပရိသတ်တစ်ဦးကဆိုရင် ” ဖရက်ဒ်နဲ့ မာလာစီယာတို့က ခုထက်ပိုပြီးတော့ ထိုက်တန်ခဲ့ကြပါတယ်၊ တကယ်ကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပဲ ” လို့ ချီးကျူးခဲ့ပါတယ်။ နောက်တစ်ဦးကလည်း ” ဖရက်ဒ်ရဲ့ သက်ရောက်မှုက သိပ်ပြီးတော့ ကြီးမားခဲ့ပါတယ်၊

ဒါပေမဲ့ အသင်းလိုက် ကောင်းမွန်နေတဲ့ အခြေအနေမျိုးမှာတော့ ပွဲရဲ့ အကောင်းဆုံး ကစားသမားကို ရွေးချယ်ရာမှာ တော်တော်လေး ခက်ခဲစေပါတယ် ” လို့ မှတ်ချက်ပေး ပြေဆိုသွားခဲ့ပါတယ်။

တတိယမြောက် ပရိသတ်တစ်ဦးကလည်း ” တကယ့်ကို ကမ္ဘာ့အဆင့် စွမ်းဆောင်မှုပါပဲ ” ဆိုပြီးတော့ ချီးကျူးပြေဆိုမှုတွေ ပြုလုပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ကွင်းလယ်မှာ ကပ်စ်မဲရိုးနဲ့ အတူ ပွဲထွက်လာခဲ့တာ ဖြစ်ပြီး မန်စီးတီးရဲ့ ကီးပလေယာဖြစ်တဲ့ ဒီဘရိုင်းကို ဘာမှလုပ်မရအောင် ထိန်းချုပ်ပြနိုင်ခဲ့တဲ့ အနေအထားဟာ မန်ယူနိုက်တက် အတွက် တော်တော်လေး အကျိုးသက်ရောက်မှု ကြီးစေခဲ့တာ ဖြစ်ပါတယ်။

မန်ယူနိုက်တက် ပရိသတ်တွေကတော့ ဒီဘရိုင်းကို မရမက လူကပ်ထားတဲ့ ဖရက်ဒ်ရဲ့ ခြေစွမ်းကို မန်ယူနိုက်တက်နဲ့ အေစီမီလန်တို့တွေ့ဆုံခဲ့စဉ်က ပတ်ဂျီဆန်ရဲ့ ပီယာလိုကို လူကပ်ကစားတဲ့ အခြေအနေနဲ့တောင် နှိုင်းယှဉ်ပြောဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *