crd
unicode
မန်ချက်စတာရဲ့အနီရောင်ဘက်ခြမ်းမှာ ထူးခြားတဲ့အရာတစ်ခုကိုခံစားမိနေပြီလို့ ဖွင့်ဟပြောဆိုလာတဲ့ သရဲနီခံစစ်မှူး ဗာရန်း
မန်ချက်စတာယူနိုက်တက်ခံစစ်ကစားသမား ရာဖေးလ် ဗာရန်းက လက်ရှိအချိန်မှာ မန်ယူအသင်းမှာ ထူးခြားတာတစ်ခုခုဖြစ်နေပြီလို့ ခံစားမိကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။ နည်းပြ အဲရစ် တန်ဟန့်အနေနဲ့ မန်ယူအသင်းရဲ့ ကံကြမ္မာကို အခုလောက်လျှင်လျှင်မြန်မြန် ပြောင်းလဲနိုင်လိမ့်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြပေမယ့်၊ အခုချိန်မှာတော့ ကစားသမားတွေကော၊ ပရိသတ်တွေကောဟာ တန်ဟန့်ကို ထောက်ခံမှုရှိလာကြပြီး အသင်းအခြေအနေကလည်း သိသိသာသာတိုးတက်လာခဲ့ပါတယ်။
ထို့အတွက်ကြောင့် မန်ချက်စတာရဲ့ အနီရောင်ဘက်ခြမ်းမှာ နှစ်များစွာအတွင်း စိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစားချက်တစ်ချို့ ဖြစ်ပေါ်နေပြီး ဗာရန်းကလည်း ထိုအရာကို ခံစားမိနေတာဖြစ်ပါတယ်။
မကြာသေးမီကမှ ပြင်သစ်လက်ရွေးစင်အသင်းကနေ အနားယူသွားခဲ့တဲ့ ဗာရန်းက ” ကျွန်တော်က ကစားရတာကို ကြိုက်ပါတယ်၊ မနေ့တစ်နေ့ကပဲ ကတ်စ်မဲရိုးကို ကျွန်တော် ဒီလိုမျိုး ပြောနေခဲ့တာပါ။ ဒီမှာ အရမ်းထူးခြားတာတစ်ခုခုဖြစ်နေပါတယ်။ ဒီနေရာနဲ့ ပတ်သက်ပြီး တကယ့် ကောင်းသတင်းဖြစ်နေပြီး၊ စိတ်ခံစားချက်တွေက မြင့်မားနေကြပါတယ်။ကျွန်တော် အသင်းနဲ့ ကောင်းမွန်စွာပေါင်းစည်းနိုင်ခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။
ကျွန်တော်တို့အားလုံးဟာ အတူတကွကစားရတာကို နှစ်သက်နေကြပြီးတော့၊ ဒါကို ကွင်းထဲမှာ ခင်ဗျားတို့ မြင်နိုင်ပါတယ် ရလဒ်တွေမှာလည်း မြင်နိုင်တယ်။ ဒါက အသင်းနဲ ပတ်သက်ပြီး အပေါင်းလက္ခဏာအရမ်းဆန်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။ ဗာရန်းဟာ ဒီရာသီ မန်ယူအသင်းရဲ့ ခံစစ်မှာ လီဆန်ဒရို မာတီးနက်ဇ်၊ လုခ်ရှောတို့နဲ့အတူ ကစားနေရပြီး၊ ခိုင်မာတဲ့ ခံစစ်တန်းတစ်ခုကို တည်ဆောက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။