မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်သူ လူးဝစ် ဆာဟာ က လက်ရှိအသင်းမှ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာ လာမယ့်ရာသီမှာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။
crd
unicode
မန်ချက်စတာယူနိုက်တက် အသင်း နံနက်ခင်း သတင်းတိုများ
နယ်သာလန်လက်ရွေးစင်ဟောင်းနဲ့ အေဂျက်စ်ကစားသမားဟောင်း Marciano Vink က နည်းပြဗန်ဟားလ်ကို ဝေဖန်ခဲ့ပြီး တင်ဘာနဲ့ဒီဂျောင်တို့ဟာ မန်ချက်စတာယူနိုက်တက်အတွက် ပြီးပြည့်စုံလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၀-၂၁ ရာသီက ပြသခဲ့သည့် ခြေစွမ်းများနှင့် ယူရိုပြိုင်ပွဲတွင် အင်္ဂလန်အသင်းနှင့် ပြသခဲ့သည့် ခြေစွမ်းများကြောင့် လုခ်ရှောသည် ထိပ်တန်းအစွန်နောက်ခံလူတစ်ဦးဖြစ်သည်ဟု ယူနိုက်တက်က မှတ်ယူထားသည်။ ထို့အပြင် ဒီယေဂိုဒါလော့တ်သည်
လည်း အဲရစ်တန်ဟဂ်လက်ထက်တွင် ခြေစွမ်းပိုင်း ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်နေသည်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင််းဖြစ်သူ လူးဝစ် ဆာဟာ က လက်ရှိအသင်းမှ ကွင်းလယ််လူ ဘရူနို ဖာနန်ဒက်စ် ဟာ လာမယ့်ရာသီမှာ အသင်းရဲ့ အဓိက ကစားသမား ဖြစ််လာလိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။
ယူနိုက်တက်နဲ့ အပြောင်းရွေ့ ချိတ်ဆက်မှုတွေအပေါ် မေးမြန်းမှုမှာ Lisandro Martinezက ” အဲရစ်တန်ဟတ်က ကျနော့်ကို Ajax မှာ ဆက်နေစေချင်တယ်ဆို ရင်ကျနော့် အနာဂတ်က ဒီမှာပဲဆက်ရှိမှာပါ” ဟု ဖြေဆိုသွားခဲ့ ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ယူနိုက်တက်အသင်းဟာ ​ပေါ်တိုအသင်းတိုက်စစ်မှုး Evanilson အား ယူရိုသန်း ၇၀ဖြင့် ကမ်းလှမ်းခဲ့​ပေမယ့် ပါယ်ချခံခဲ့ရတယ် ဆိုတဲ့ သတင်းအ​ပေါ် #FabrizioRomano က​တော့ ၎င်းသတင်းဟာ မှန်ကန်မှု လုံးဝမရှိ​ကြောင်း အတည်ပြုလိုက်ပါတယ်။ ကစားသမားကို ​ရောင်းချလိုတာ​ကြောင့် ယူနိုက်တက်နာမည် အသုံးချခြင်းသာ ဖြစ်ပါတယ်။
Antony သည် အိုးထရက်ဖို့ဒ်တွင် ဆရာဟောင်းဖြစ်သူ Erik ten Hag ၏ လက်အောက်တွင် ကစားချင်သည်ဟု ရှင်းရှင်းလင်းလင်း ထုတ်​ေပြာခဲ့သည်။ယူနိုက်တက်သို့ပြောင်းရွှေ့ကစားခြင်းက ၎င်း၏ ကစားသမားဘဝ တစ်ဆင့်မြှင့်တင် ခြင်းဖြစ်သည်ဟုယူဆလျက်ရှိသည်။
အဲရစ်တန်ဟဂ်သည် ပွဲထွက်ခွင့်အတွက် ဟယ်ရီမက်ဂွိုင်းယားနှင့်ယှဥ်ပြိုင်ရန် တခြားသော ဗဟိုခံစစ်မှူးတစ်ဦး အလိုရှိနေသည်။ အသင်းသည်လာမယ့် ရာသီအတွက် အသင်းခေါင်းဆောင်ရာထူးအား ပြန်လည် ရွေးချယ်ဖွယ် ရှိနေသည် ။
မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့ဖူးတဲ့ ခံစစ်ကစားသမားဟောင်းဖြစ်သူ ဂယ်ရီ ပါလ်လီစတာက အလက်ဂျန်ဒရို ဂါနာချို၊ ဂျိန်းစ်ဂါနာနဲ့ ဟန်နီဘယ် မတ်ဂ်ျဘရီစတဲ့ လူငယ်ကစားသမားသုံးဦးဟာ နောက်ရာသီ နည်းပြသစ် အဲရစ် တန်ဟန့်ရဲ့ လက်အောက်မှာ အခုထက်ပိုပြီး ပိုမိုထွန်းတောက်လာနိုင်ကြောင်း ပြောလာပါတယ်။