မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ တန်ဟတ်ဂ်ကတော့ လက်ရှိပုံစံကောင်းပျောက်ဆုံးနေတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ထပ်မံအငှားစေလွှတ်သွားဖို့ အစီအစဉ်မရှိကြောင်း အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။
သိရသည် ။
crd
unicode
မန်ချက်စတာယူနိုက်တက်အသင်း နံနက်ခင်းသတင်းတိုများ
နည်းပြအဲရစ်တန်ဟက်ဂ်သည် အသင်းပြန်လည်တည်ဆောက်ရေးအတွက် လာမည့်နွေရာသီတွင် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားကို ရောင်းချရန် ဆန္ဒရှိနေသည်။အသင်းအနေဖြင့်လည်း ၎င်းကိုရောင်းချရာတွင် အောက်ကြေးသာရမည်ကို နားလည်သဘော‌ပေါက်ပြီးဖြစ်သည်။
အက်စတွန်ဗီလာကို 4-2 နဲ့အနိုင်ရခဲ့တဲ့ EFL Cup ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့တဲ့တိုက်စစ်မှူး Marcus Rashford ဟာ League Cup ပြိုင်ပွဲမှာ စုစုပေါင်း သွင်းဂိုး ၉ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် League Cup ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
အက်စတွန်ဗီလာနှင့်ကစားခဲ့သည့် ကာရာဘောင်ဖလားပွဲစဥ်အပြီးယူနိုက်တက်မှ ပေးအပ်သည့် Man Of The Match ဆုကို တောင်ပံကစားသမား ဂါနာချိုမှ ရရှိခဲ့ကြောင်းသိရသည်။ အသက်(၁၈)နှစ် နှင့် (၁၃၃)ရက်သာရှိသေးသော အလေဟန်ဒရို ဂါနာချိုသည် တစ်ပွဲတည်းတွင် ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ်‌နိုင်သော ယူနိုက်တက်သမိုင်းတစ်လျှောက် အငယ်ဆုံးကစားသမားဖြစ်လာသည်။
မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ တန်ဟတ်ဂ်ကတော့ လက်ရှိပုံစံကောင်းပျောက်ဆုံးနေတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ထပ်မံအငှားစေလွှွတ်သွားဖို့ အစီအစဉ်မရှိကြောင်း အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။
ဖူလ်ဟမ်အသင်းရဲ့ အဓိကတိုက်စစ်မှူး Aleksandar Mitrović ဟာ တနင်္ဂနွေနေ့မှာကစားမယ့် ယူနိုက်တဒ်နဲ့ပွဲကိုလွဲချော်သွားမှာဖြစ်ကြောင်း ဖူလ်ဟမ်နည်းပြ Marco Silva က အတည်ပြုပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တဒ်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ကမ္ဘာ့အဆင့်ကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူရန်အတွက် အနိမ့်ဆုံးပေါင်သန်း ၁၀၀ ခန့် အသုံးပြုသွားရန် ဆုံးဖြတ်ထားပါတယ်။ ယူနိုက်တဒ်ခေါ်ယူလိုတဲ့ကစားသမားစာရင်းတွင် ဒေါ့မွန်ကွင်းလယ်လူ Jude Bellingham, နယူးကာဆယ်ကွင်းလယ်လူ Bruno Guimaraes, ဝက်စ်ဟမ်းကွင်းလယ်လူ Declan Rice နှင့် ဘာစီလိုနာကွင်းလယ်လူ Frenkie De Jong တို့ပါဝင်ကြောင်းသိရပါတယ်။
Garnacho သည် အသင်းရဲ့ Fitness ဝန်ထမ်းတွေထံမှ Body ကြွက်သား တိုးတက်လာစေရန်အတွက် ကိုယ်ပိုင်လေ့ကျင့် စားသောက်မှုပုံစံတစ်ခုအား ရေးဆွဲ​ပေးရန် တောင်းဆိုထားသည် ဟု
သိရသည် ။
ယူနိုက်တဒ်နောက်ခံလူ Lisandro Martinez ဟာ ကာတာကမ္ဘာ့ဖလားကိုသွားရောက်ယှဉ်ပြိုင်မယ့် အာဂျင်တီးနားအသင်းရဲ့ အပြီးသတ်လူစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ယူနိုက်တဒ်နောက်ခံလူ Tyrell Malacia ဟာ ကာတာကမ္ဘာ့ဖလားကိုသွားရောက်ယှဉ်ပြိုင်မယ့် Netherlands အသင်းရဲ့ အပြီးသတ်လူစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
နည်းပြအဲရစ်တန်ဟက်ဂ်သည် လာမည့်ဇွန်လ‌တွင် သက်တမ်းကုန်ဆုံးမည့် ဖရက်ဒ်ကို အလွတ်ဖြင့်ထွက်ခွာခွင့်ပြုရန် ပြင်ဆင်နေသည်။စာချုပ်ပါတစ်နှစ်သက်တမ်းတိုးခွင့်ရှိသေးသော်လည်း သက်တမ်းတိုးရန်မျှော်လင့်လို့မရပေ။ အဲရစ်တန်ဟက်ဂ်အနေဖြင့် ဖရက်ဒ်၏ စွမ်းဆောင်ရည်နှင့် အသင်းကျင့်၀တ်ကိုသဘောကျသော်လည်း ကွင်းလယ်အား အလုံးစုံပြောင်းလဲဖို့ကိုသာ စိတ်အားထက်သန်နေကြောင်းသိရှိရသည်။
မန်ချက်စတာယူနိုက်တက် အသင်းသည် လာမယ့် January Transfer မှာ Ronaldo ထွက်ခွာဖွယ် ရှိနေတာကြောင့် ၎င်းနေရာအတွက် အစားထိုးရန် Atletico Madrid အသင်းတိုက်စစ်ကစားသမား Felix အား ကမ်းလှမ်းဖွယ် ရှိနေသည် ။ Felix ကိုယ်တိုင်ကလည်း Transfer အပေါ် စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရပါတယ် ။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပေါ်တူဂီလက်ရွေးစင်အသင်း၌ ယူနိုက်တက်အသင်းမှ တိုက်စစ်မှူး စီရော်နယ်ဒို၊ ကွင်းလယ်လူ ဖာနန်ဒက် နှင့် နောက်ခံလူ ဒါလော့တို့ ပါဝင်ခဲ့ကြောင်းသိရသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဥရုဂွေးလက်ရွေးစင်အသင်း ၌ ယူနိုက်တက်အသင်းမှ တောင်ပံကစားသမား ပယ်လစ္စထရီမှ ပါဝင်ခဲ့ကြောင်းသိရသည်။
အာဂျင်တီးနား လူမျိုး ကစားသမားတွေဖြစ်ကြတဲ့ Martinez နဲ့ Garnacho တို့ဟာအရမ်း ရင်းနှီးသူတွေဖြစ်ကြပြီး Martinez က Ganacho အပေါ်အရမ်းဂရုစိုက်တတ်ပြီး Garnacho ရဲ့ “အကိုကြီး” အဖြစ်လည်း ခံယူထားတယ်လို့ သိရပါတယ် ။
Add a Comment
Your email address will not be published. Required fields are marked *