မန္ခ်က္စတာယူႏိုက္တက္အသင္း ညခင္းသတင္းတိုမ်ား

ယေန႔မွာကစားမယ့္ ေအဗီလာႏွင့္ပြဲစဥ္ကို အသင္းရဲ႕ အဓိက ကစားသမားမ်ားျဖစ္ၾကတဲ့ မာရွယ္ (ဒဏ္ရာျပသနာ) ၊ ဆန္ခ်ိဳ (ဖ်ားနာ) ၊ အန္တိုနီ (အေပါ့စားဒဏ္ရာ) တို႔ လြဲေခ်ာ္မည္ ျဖစ္သည္။ အသင္းေခါင္းေဆာင္ ဖာနန္ဒက္ကလည္း အဝါကဒ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္ႏိုင္မည္ မဟုတ္ေပ။

Man United အသင္းဟာ တိုက္စစ္ေနရာအတြက္ RB Salzburg အသင္း၏တိုက္စစ္ကစားသမား Benjamin Sesko ကို ထိပ္တန္းပစ္မွတ္စာရင္းထဲ ထည့္သြင္းထားေၾကာင္း သိရၿပီး ေနာက္ထပ္ပစ္မွတ္အေနနဲ႔ Dusan Vlahovic ၏ အေျခအေနကိုလဲ အနီးကပ္ေစာင့္ၾကည့္လ်က္ရွိပါတယ္။ Vlahovic ဟာ Juventus အသင္းရဲ႕ စီးရီးေအမွာ က်ရႈံးလာမႈနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရႏိုင္မရႏိုင္အေျခအေနေတြေၾကာင့္ ထြက္ခြာဖို႔အေျခအေနမွာ ရွိေနတာပဲျဖစ္ပါတယ္။

ခရစၥတယ္ပဲေလ့စ္ဟာ ယူႏိုက္တဒ္ေနာက္ခံလူ အာ႐ြန္ဝမ္ဘစ္ဆာကာကို အငွါးနဲ႔ေခၚယူရန္အတြက္ စိတ္ဝင္စားေနၿပီး ႏွစ္သင္းၾကားသေဘာတူညီမႈရရွိခဲ့ပါက ယူႏိုက္တဒ္ဟာ ဝမ္ဘစ္ဆာကာကို အငွါးနဲ႔သြားေရာက္ကစားဖို႔ ခြင့္ျပဳသြားမယ္လို႔သိရပါတယ္။

ယူႏိုက္တက္လူငယ္အကယ္ဒမီကစားသမားရွိဝီတိုင္ယာဟာ ပရီးမီးယားလိဂ္ (2) တလတာအေကာင္းဆုံးကစားသမားဆန္ခါတင္စာရင္းမွာေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ယင္းလူငယ္တိုက္စစ္ကစားသမားဟာ အသင္းတြက္ သြင္းဂိုး (4)ဂိုးနဲ႔ ဂိုးဖန္တီးမူ (1)ႀကိမ္ျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။

မစ္ဒယ္ဘေရာ့အသင္း ေအာက္တိုဘာလ အတြင္းက ခန႔္အပ္ျခင္းခံထားရတဲ့ နည္းျပသစ္ ကာရစ္က လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ြ႕မွာ ယူႏိုက္တက္အသင္းနဲ႔ ကာလရွည္ စာခ်ဳပ္ ခ်ဳပ္ဆိုထားတဲ့ အသက္ ၁၉ ႏွစ္အ႐ြယ္ ဇီဒန္း ကို အငွားေခၚယူဖို႔ စီစဥ္ေနတယ္လို႔ သိရတယ္။

ယူႏိုက္တဒ္အသင္းရဲ႕ အကယ္ဒမီထြက္ကစားသမား တိုက္စစ္မႉး Marcus Rashford ဟာ အသင္းရဲ႕အနာဂတ္စီမံကိန္းမွာ အဓိကအစိတ္အပိုင္းအျဖစ္ပါဝင္ေနတဲ့အတြက္ ယူႏိုက္တဒ္အေနနဲ႔ Rashford ကိုအသင္းကထြက္ခြါခြင့္ျပဳဖို႔ဆႏၵမရွိဘဲ ကာလရွည္စာခ်ဳပ္ခ်ဳပ္ဆိုရန္ မၾကာခင္မွာေဆြးေႏြးညႇိႏႈိင္းမႈေတြျပဳလုပ္သြားမယ္လို႔သိရပါတယ္။

Erik Ten Hag သည္ Garnacho ရဲ႕ ေျခစြမ္းအား သေဘာက်သူ ျဖစ္ေပမယ့္လည္း ရာသီႀကိဳ ခရီးစဥ္အတြင္း အသင္း Meeting အတြက္ လာေရာက္ရာမွာ ႏွစ္ႀကိမ္တိုင္တိုင္ ေနာက္က်ခဲ့မႈေၾကာင့္ ရာသီႀကိဳပြဲစဥ္ (4) ပြဲတိတိ ပြဲထြက္လူစာရင္းကေန ထုတ္ပယ္ထားခဲ့တာျဖစ္ၿပီး လိဂ္ပြဲအခ်ိဳ႕မွာလဲ ယခုထက္ပိုပြဲထြက္ကစားသင့္ခဲ့တဲ့အခ်ိန္ရွိခဲ့ေပမယ့္ ယင္းအခ်က္ေတြေၾကာင့္ အသုံးျပဳခဲ့ျခင္းမရွိခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

မန္ခ်က္စတာစီးတီးနဲ႔ပြဲမွာ သြင္းယူခဲ့တဲ့ Antony ရဲ႕သြင္းဂိုးဟာ “ October လအတြက္ ယူႏိုက္တဒ္ရဲ႕အေကာင္းဆုံးသြင္းဂိုး “ အျဖစ္ပရိသတ္မ်ားရဲ႕မဲေပးေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။ Antony ရဲ႕ ယူႏိုက္တက္နဲ႔ပက္သက္ၿပီး ရရွိခဲ့တဲ့ ပထမဆုံးေသာ ဆုလည္းျဖစ္ပါတယ္။

Erik Ten Hag သည္ ဒဏ္ရာျပသာနာကေန ျပန္လာခဲ့ၿပီ ျဖစ္တဲ့ တပည့္အရင္းျဖစ္သူ Van de Beek အား ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ထားမည္ မဟုတ္ပဲ အမာခံအသုံးျပဳ သြားမွာျဖစ္တယ္လို႔ သိရပါတယ္။
crd

unicode

မန်ချက်စတာယူနိုက်တက်အသင်း ညခင်းသတင်းတိုများ

ယနေ့မှာကစားမယ့် အေဗီလာနှင့်ပွဲစဉ်ကို အသင်းရဲ့ အဓိက ကစားသမားများဖြစ်ကြတဲ့ မာရှယ် (ဒဏ်ရာပြသနာ) ၊ ဆန်ချို (ဖျားနာ) ၊ အန်တိုနီ (အပေါ့စားဒဏ်ရာ) တို့ လွဲချော်မည် ဖြစ်သည်။ အသင်းခေါင်းဆောင် ဖာနန်ဒက်ကလည်း အဝါကဒ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည် မဟုတ်ပေ။

Man United အသင်းဟာ တိုက်စစ်နေရာအတွက် RB Salzburg အသင်း၏တိုက်စစ်ကစားသမား Benjamin Sesko ကို ထိပ်တန်းပစ်မှတ်စာရင်းထဲ ထည့်သွင်းထားကြောင်း သိရပြီး နောက်ထပ်ပစ်မှတ်အနေနဲ့ Dusan Vlahovic ၏ အခြေအနေကိုလဲ အနီးကပ်စောင့်ကြည့်လျက်ရှိပါတယ်။ Vlahovic ဟာ Juventus အသင်းရဲ့ စီးရီးအေမှာ ကျရှုံးလာမှုနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်မရနိုင်အခြေအနေတွေကြောင့် ထွက်ခွာဖို့အခြေအနေမှာ ရှိနေတာပဲဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ ယူနိုက်တဒ်နောက်ခံလူ အာရွန်ဝမ်ဘစ်ဆာကာကို အငှါးနဲ့ခေါ်ယူရန်အတွက် စိတ်ဝင်စားနေပြီး နှစ်သင်းကြားသဘောတူညီမှုရရှိခဲ့ပါက ယူနိုက်တဒ်ဟာ ဝမ်ဘစ်ဆာကာကို အငှါးနဲ့သွားရောက်ကစားဖို့ ခွင့်ပြုသွားမယ်လို့သိရပါတယ်။

ယူနိုက်တက်လူငယ်အကယ်ဒမီကစားသမားရှိဝီတိုင်ယာဟာ ပရီးမီးယားလိဂ် (2) တလတာအကောင်းဆုံးကစားသမားဆန်ခါတင်စာရင်းမှာရွေးချယ်ခံခဲ့ရပါတယ်။ ယင်းလူငယ်တိုက်စစ်ကစားသမားဟာ အသင်းတွက် သွင်းဂိုး (4)ဂိုးနဲ့ ဂိုးဖန်တီးမူ (1)ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

မစ်ဒယ်ဘရော့အသင်း အောက်တိုဘာလ အတွင်းက ခန့်အပ်ခြင်းခံထားရတဲ့ နည်းပြသစ် ကာရစ်က လာမယ့် ဇန်နဝါရီအပြောင်းအရွေ့မှာ ယူနိုက်တက်အသင်းနဲ့ ကာလရှည် စာချုပ် ချုပ်ဆိုထားတဲ့ အသက် ၁၉ နှစ်အရွယ် ဇီဒန်း ကို အငှားခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရတယ်။

ယူနိုက်တဒ်အသင်းရဲ့ အကယ်ဒမီထွက်ကစားသမား တိုက်စစ်မှူး Marcus Rashford ဟာ အသင်းရဲ့အနာဂတ်စီမံကိန်းမှာ အဓိကအစိတ်အပိုင်းအဖြစ်ပါဝင်နေတဲ့အတွက် ယူနိုက်တဒ်အနေနဲ့ Rashford ကိုအသင်းကထွက်ခွါခွင့်ပြုဖို့ဆန္ဒမရှိဘဲ ကာလရှည်စာချုပ်ချုပ်ဆိုရန် မကြာခင်မှာဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်သွားမယ်လို့သိရပါတယ်။

Erik Ten Hag သည် Garnacho ရဲ့ ခြေစွမ်းအား သဘောကျသူ ဖြစ်ပေမယ့်လည်း ရာသီကြို ခရီးစဉ်အတွင်း အသင်း Meeting အတွက် လာရောက်ရာမှာ နှစ်ကြိမ်တိုင်တိုင် နောက်ကျခဲ့မှုကြောင့် ရာသီကြိုပွဲစဉ် (4) ပွဲတိတိ ပွဲထွက်လူစာရင်းကနေ ထုတ်ပယ်ထားခဲ့တာဖြစ်ပြီး လိဂ်ပွဲအချို့မှာလဲ ယခုထက်ပိုပွဲထွက်ကစားသင့်ခဲ့တဲ့အချိန်ရှိခဲ့ပေမယ့် ယင်းအချက်တွေကြောင့် အသုံးပြုခဲ့ခြင်းမရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

မန်ချက်စတာစီးတီးနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ Antony ရဲ့သွင်းဂိုးဟာ “ October လအတွက် ယူနိုက်တဒ်ရဲ့အကောင်းဆုံးသွင်းဂိုး “ အဖြစ်ပရိသတ်များရဲ့မဲပေးရွေးချယ်ခြင်းခံခဲ့ရပါတယ်။ Antony ရဲ့ ယူနိုက်တက်နဲ့ပက်သက်ပြီး ရရှိခဲ့တဲ့ ပထမဆုံးသော ဆုလည်းဖြစ်ပါတယ်။

Erik Ten Hag သည် ဒဏ်ရာပြသာနာကနေ ပြန်လာခဲ့ပြီ ဖြစ်တဲ့ တပည့်အရင်းဖြစ်သူ Van de Beek အား ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားမည် မဟုတ်ပဲ အမာခံအသုံးပြု သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *