crd
unicode
မန်ချက်စတာယူနိုက်တက်အသင်း ညခင်းသတင်းတိုများ
ယူနိုက်တဒ်ဟာ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး João Felix ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ လက်ရှိမှာ Felix နဲ့ အက်သလက်တီကိုနည်းပြဆီမြွန်နီကြားဆက်ဆံရေးအဆင်မပြေဖြစ်နေပြီး Felix ဟာလာမယ့်ရာသီမှာအသင်းပြောင်းဖို့အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘေယန် လေဗာကူဆန်အသင်းရဲ့ ညာနောက်ခံကစားသမားဖြစ်သူ Jeremie Frimpong ကို ခေါ်ယူသွားဖို့ မျက်စိကျနေကြောင်းသိရသည်။ ယူနိုက်တဒ်ဟာ မကြာသေးခင်က Jeremie Frimpong ရဲ့ခြေစွမ်းကို စောင့်ကြည့်ရန်အတွက်ကင်းထောက်များကို စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
အသင်း၏အဝတ်လဲခန်းနှင့်နီးစပ်သောသတင်းရင်းမြစ်များ၏ပြောကြားချက်အရ ကစားသမားများသည် ခရစ္စစတီယာရိုနယ်ဒိုနှင့်အရေးကို လုပ်ပိုင်ခွင့်ဘောင်များအတွင်းမှ နူးညံ့သိမ်မွေ့စွာ ကိုယ်တွယ်နေသော အဲရစ်တန်ဟက်ဂ်ကို အထင်ကြီးလေးစားလျက်ရှိကြောင်းသိရှိရသည်။ Erik Ten Hag နဲ့ Ronaldo တို့ဟာသီးသန့်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး လက်ရှိမှာတော့ Ronaldo ဟာ FC Sheriff နဲ့ပွဲမှာ ပါဝင်ကစားခွင့်ရဖို့ အဓိကအာရုံစိုက်ပြီး ကြိုးစားနေတယ်လို့သိရပါတယ်။
နောက်ခံလူ ဗာရန် ၏ ဒဏ်ရာမှာ ပေါင်ကြွက်သားဆုတ်ပြဲသွားခြင်းဖြစ်ပြီး နဂိုမူလထင်ထားတာလောက် ပြင်းထန်ခြင်းမရှိကြောင်း သိရှိရသည်။ (3) ပါတ်မှ (4)ပါတ်အထိ အနားယူရဖွယ်ရှိနေပြီး MRI ရလဒ်ကတော့ အပေါင်းလက္ခဏာဆောင်နေသည်။ ဗာရန်သည် United အတွက် ကမ္ဘာ့ဖလားမတိုင်ခင်အထိ ကစားပေးနိုင်ဦးမည်မဟုတ်ပေ။
BBC ကရွေးချယ်လိုက်တဲ့ ပရီးမီးယားလိဂ်ရဲ့ တပတ်တာအကောင်းဆုံးအသင်းမှာ ယူနိုက်တက်အသင်းကွင်းလယ်လူ ကစ်စီမီရိုရွေးချယ်ခံခဲ့ရပါတယ်။ နောက် ပြီးအသင်းက အငှားချထားတဲ့ နော်တင်ဖောရက်စ်ဂိုးသမား ဒိန်းဟန်ဒါဆင်လဲ ရွေးချယ်ခံခဲ့ရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ DeJong အပေါ် စိတ်ဝင်စားမှုရှိနေသေးပေမယ့် ငွေကြေးမတန်တဆ သုံးစွဲသွားဖို့တော့ မရှိပေ။ ဒါ့အပြင် ပြီးခဲ့တဲ့အပြောင်းရွှေ့တုန်းကလိုမဟုတ်ဘဲ အပြောင်းရွှေ့ရဲ့ အရာအားလုံးဟာ De Jong ရဲ့ လိုလိုလားလားရှိမယ့်အပေါ်မှာသာ မူတည်ပါတယ်။
ယူနိုက်တဒ်ဟာ လီဗာပူးလ်အသင်းရဲ့အားကစားဒါရိုက်တာဟောင်းဖြစ်သူ Michael Edwards နဲ့ သဘောတူညီမှုရရှိရန်အလွန်နီးစပ်နေပြီဖြစ်ပြီး ယူနိုက်တဒ်က Michael Edwards ကို ” ကြီးမားတဲ့ကမ်းလှမ်းမှု “ တစ်ရပ်နဲ့ ကမ်းလှမ်းထားတယ်လို့သိရပါတယ်။
ယူနိုက်တက် ညာနောက်ခံလူ ဝမ်ဘစ်ဆာကာ ကိုအသင်းဟောင်း Crystal Palace အသင်းက ပြန်လည်ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့သိရသည်။ ယူနိုက်တက်ဘက်က ကစားသမားကို အငှား (သို့) အပြီးသတ်ရောင်းမလားဆိုတဲ့ ဆုံးဖြတ်ချက်ကို စောက်ဆိုင်းလျှက်ရှိနေတယ်လို့ သိရသည်။
မစ်ဒယ်ဘရော့အသင်းဟာ ယူနိုက်တဒ်ကစားသမားဟောင်း မိုက်ကယ်ကာရစ်ကို အသင်းရဲ့ နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ယူနိုက်တဒ်ဟာ မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းရဲ့အသက် ၁၈နှစ်အရွယ်တိုက်စစ်မှူး Jhon Durán ကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီး ကစားသမားရဲ့အေးဂျင့်များထံဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်လို့သ်ိရပါတယ်။ ချီကာဂိုဖိုင်းယားကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးပေါင် ၁၀သန်းတန်ကြေးသတ်မှတ်ထားပါတယ်။