crd
unicode
မန်ချက်စတာယူနိုက်တက်အသင်း ညခင်းသတင်းတိုများ
ဗာရန် နှင့် မက်ဂွိုင်ယားတို့ ဒဏ်ရာကြောင့် အိုမိုနီးယား နှင့် ကစားမည့် ယူရိုပါလိဂ်ပွဲစဥ်ကို လွဲချော်မည်ဟု နည်းပြ တန်ဟက်မှ အတည်ပြုခဲ့သည်။
နည်းပြတန်ဟတ်အနေနဲ့ လူငယ်ကစားသမားတွေကို “သူဖြစ်ချင်တဲ့ကစားကွက်အကြောင်းနားလည်ဖို့၊ အတွေ့ကြုံရဖို့၊ လိုအပ်လို့သုံးလာရတဲ့အခါ မလိုလားအပ်တဲ့ဖိအားတွေ လျှော့နည်းစေရန်ရည်ရွယ်ပြီး အသင်းကြီးလေ့ကျင့်ရေးအစီစဥ်မှာ အမြဲခေါ်ယူလေ့ကျင့်စေတာဖြစ်ပြီး ဒီလအတွင်း ပွဲကျပ်ကာလအနေထားမှာ အလှည့်ကျအသုံးပြုဖို့လဲရှိတယ်လို့ သိရပါတယ်။ ဒီနေ့လေ့ကျင့်ခန်းအစီစဥ်မှာလဲ လူငယ်ကစားသမားတွေဖြစ်တဲ့ Hansen Aaroen . Oyedele. Omari Forson . Toby Collyer တို့ပါဝင်ခဲ့ပါတယ်။
Casemiro ဟာလာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် Everton နဲ့ပွဲအတွက် United ရဲဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်လာမယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလအတွင်းမှာ Case ဟာ Real Madrid ကနေထွက်ခွါဖို့ဆုံးဖြတ်ထားကြောင်းသိရှိပြီးတာနဲ့တစ်ပြိုင်နက် နည်းပြ Erik Ten Hag ကသူ့ကိုခေါ်ယူဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီအချက်ကြောင့် Rabiot နဲ့အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာဖြစ်ပြီး နည်းပြ ETH က Rabiot ထက် Case ကိုခေါ်ယူဖို့ပိုပြီးစိတ်အားထက်သန်ခဲ့တယ်လို့သိရပါတယ်။
ဗန်ဒီဘိခ်ကိုလက်စတာစီးတီးအသင်းအပြင် PSV၊ အေဂျက်အသင်းတို့ကပါ ခေါ်ယူဖို့စိတ်ဝင်စားလာပြီဖြစ်တယ်လို့သိရပါတယ်။ လက်စတာစီးတီးအသင်းကအငှားခေါ်ယူပြီးမှ ပြောင်းရွေ့ကြေး ပေါင်(15)သန်းဖြင့် အပြီးသတ်ခေါ်ယူမည်ဖြစ်ပါတယ်။ အေဂျက်အသင်းကတော့ ကစားသ မားဟောင်းကိုပြန်လည်ခေါ်ယူလိုပြီး၊ PSV အသင်းအနေဖြင့်လဲ ဇန်နဝါရီမှာအပြီးသတ်ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။
စီရော်နယ်ဒိုက ၎င်း၏ပရောက်ဖက်ရှင်နယ်စိတ်ဓာတ်ကို ပြသလိုသည့်အတွက် ရာသီကုန်သည့်အထိအသင်းနှင့် ဆက်ရှိနိုင်သလို ကာတာ၌ကျင်းပမည့်ကမ္ဘာ့ပြိုင်ပွဲအတွက် အတောင့်တင်းဆုံးပုံစံမျိုးရှိချင်သည်။ စီရော်နယ်ဒိုက ၎င်း၏အနာဂတ်ကို ကမ္ဘာ့ဖလားပြီးမှသာ ဆုံးဖြတ် ဖို့ရှိနေသည်။
Man United U21 အသင်းဟာ “ EFL Trophy “ ပွဲစဉ်အဖြစ် Barrow အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး Man United U21 အသင်းက “ 1-2 “ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ သွင်းဂိုးတွေကိုတော့ ပထမပိုင်း ၄၄ မိနစ်မှာ McNeill က Penalty မှတဆင့်သွင်းယူပေးခဲ့ပြီး အနိုင်ဂိုးကိုတော့ ပွဲချိန် ၉၂ မိနစ်မှာ တောင်ပံကစားသမား Alejandro Garnacho ကလှလှပပ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီရာသီအငှားချထားတဲ့ ညာနောက်ခံကစားသမားဖြစ်တဲ့ အီသန်ဟာ QPR အသင်းအတွက် (9)ပွဲထိပါဝင်ကစားထားပြီး နည်းပြအကြိုက်၊ ပရိတ်သတ်အကြိုက် စွမ်းဆောင်ရည်အပြင် အသင်းရဲ့ အဓိကကစားသမားအဖြစ်ပါ ခြေစွမ်းကောင်းတွေပြသထားပါတယ်။ သွင်းဂိုး(1)ဂိုးနဲ့ ဂိုးဖန်တီးမူ (2)ကြိမ်ပြုလုပ်ထားပြီး မနေ့ကကစားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ပွဲစဥ်မှာလဲ အမြင့်ဘောရှင်းထုတ်နိုင်မူ (3)ကြိမ်၊ (3)ကြိမ်ရှင်းထုတ်မူ၊ (1)ကြိမ်ဖန်တီး၊ အဓိကပေး ပို့မူ (1)ကြိမ်၊ ဘောလုံးထိချက် (46)ကြိမ်ထိ ရှိခဲ့ ပါတယ်။
ယူနိုက်တက်အသင်းမှာ ရုန်းကန်နေရတဲ့ တောင်ပံကစားသမား ဆန်ချိုဟာ ဥရောပရဲ့ ၇ ယောက်မြောက် လုပ်ခလစာအများဆုံး ဖြစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ Voetbal Travelက ထုတ်ဖော်ခဲ့တာဖြစ်ပြီး တစ်နိုင်ငံချင်းစီရဲ့လုပ်ခလစာအများဆုံး ကစားသမားတွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်သားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဒေါ့မွန်ကနေ ပြောင်းလာပြီးနောက် ယူနိုက်တက်မှာ ပေါင် ၁၈.၂ သန်းအထိ ရရှိနေတယ်လို့ သိရပါတယ်။
Omonia Nicosia နဲ့ပွဲအတွက် Cyprus သို့ထွက်ခွါမည့် Man United လူစာရင်း – GK – De Gea, Heaton, Dúbravka / Def- Lindelöf, Martínez, Malacia, Dalot, Shaw, / Med – Bruno Fernandes, Eriksen, Fred, Casemiro, McTominay, Iqbal, / Att – Cristiano Ronaldo, Martial, Rashford, Antony, Sancho, Pellistri, Elanga, Garnacho
ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ခ်သည် ဒေးဗစ်ဒီဂီယာအတွက် အလားအလာရှိသော ရေရှည်အစားထိုးသူအဖြစ် ပေါ်တိုဂိုးသမား Diogo Costa ကို ရွေးချယ်ထားကြောင်း သိရသည်။