







crd

unicode

မန်ချက်စတာယူနိုက်တက်အသင်း နံနက်ခင်းသတင်းတိုများ

Unitedနည်းပြ Erik Ten Hagက သူ့အနေနဲ့ အသင်းက ကစားသမားတွေကိုဘယ်သူက အသင်းမှာ ဆက်ရှိဖို့ထိုက်တန်တယ်ဆိုတာကို မဆုံးဖြတ်မချင်း စာချုပ်သစ်ချုပ်ဆိုတာတွေမပြုလုပ်ဖို့ ဘုတ်အဖွဲ့ကိုပြောကြားခဲ့ပါတယ်။ Erik Ten Hag ဟာ သူ့အသင်းမှ ကစားသမားတွေကို စာချုပ်သစ်နဲ့ပတ်သတ်လာရင် သေချာပေါက်အပိုင်တွက်ထားပြီး Comfort Zone ထဲရောက်နေတာမျိုးကို သဘောမကျဘဲ ထိုက်တန်သူကိုသာ စာချုပ်သစ်ကမ်းလှမ်းတဲ့စနစ်ကို စတင်ပြောင်းလဲကျင့်သုံးဖို့ ဆန္ဒရှိနေပါတယ်။

Cody Gakpo မှာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ United ခေါ်ယူလိုတဲ့ကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး နှစ်ဘက်အသင်းကြား ဆွေးနွေးမှုတွေ ပြန်လည် စတင်ဖွယ်ရှိနေသည် ။

Case ဟာ ယခုလမှစတင်ပြီး အသင်းရဲ့ပွဲစဉ်တွေမှာပွဲထွက်ပါဝင်လာတော့မယ်လို့သိရပါတယ်။ နည်းပြ Ten Hag က Case ကိုသူပုံဖော်ချင်တဲ့ ကစားဟန်နဲ့ အသားကျအောင်လေ့ကျင့်ပေးနေတဲ့အတွက် ပွဲထွက်လူစာရင်းမှာထည့်သွင်းအသုံးပြုခြင်းမရှိသေးတာဖြစ်တယ်လို့သိရပါတယ်။

အန်တိုနီဟာ မန်ချက်စတာဒါဘီပွဲမှာ ယူနိုက်တက်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ဘရာဇီးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Cristiano Ronaldo သာ အသင်းကထွက်ခွါဖို့ဆန္ဒရှိပါက Jorge Mendes ဟာ ဇန်နဝါရီမှာ ခေါ်ယူမယ့်ကလပ်အသင်းတွေကို ဆက်လက်ရှာဖွေသွားဖွယ်ရှိပါတယ်။ ၎င်းအတွက်သင့်တော်သော ကမ်းလှမ်းမှုရောက်ရှိလာပါကလည်း Erik Tan Hag အနေနှင့်ယင်းအပြောင်းအရွေ့အတွက် ဟန့်တာခြင်းမျိုးရှိနေမည်မဟုတ်ပဲ အရာအားလုံးအဆင်ပြေစေရန် ပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။ အကယ်၍ Donny Van de Beek ဟာအသင်းမှာပါဝင်ကစားခွင့်မရရှိခဲ့ပါက ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့နိုင်ချေရှိတယ်လို့ Fabrizio Romano ကဆိုသွားခဲ့တယ်။

Atletico Madrid ဟာ United ကခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ သူတို့ရဲ့အဓိကဂိုးသမား Jan Oblak ကို အသင်းမှာဆက်ထိန်းထားနိုင်ဖို့အစွမ်းကုန်ကြိုးစားသွားမယ်လို့သိရပါတယ်။

နောက်ခံလူ Raphael Varane ရဲ့ဒဏ်ရာဟာ အဆစ်လွဲခြင်းသာဖြစ်ပြီး အရွတ် နဲ့ အရိုးကိုထိခိုက်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။ ဒဏ်ရာကို ကုသပေးနေတဲ့ဆရာဝန်က Varane ပြန်ကစားနိုင်မယ့်ရက်ကို အတိအကျမပြောသေးပေမယ့် ကာလရှည်ကြာနားရဖို့တော့မရှိဘူးလို့ သိထားရပါတယ်။ ယူနိုက်တက်က မနှစ်ရာသီတုန်းက ကြံ့ခိုင်မှုအားနည်းသည့် ပုံစံမဖြစ်ဖို့ကို အဓိက စစ်ဆေးကုသမည် ဖြစ်သည်။

Man United နည်းပြ Erik Ten Hag ဟာ Porto အသင်းရဲ့ဂိုးသမားဖြစ်သူ Diogo Costa နဲ့ နောက်ခံလူ David Carmo တို့ကိုလေ့လာစောင့်ကြည့်ရန်အတွက် အသင်းမှ ကင်းထောက်များကို သောကြာနေ့ကစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ နည်းပြ ETH ဟာ David De Gea နေရာတွင်အစားထိုးရန်အတွက် Diogo Costa ကိုခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *