unicode
မန်ချက်စတာယူနိုက်တက်အသင်း နံနက်ခင်း သတင်းတိုများ
Manchester United ဟာ Ajax တောင်ပံကစားသမား Antony ကို အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ Ajax က သူတို့ရဲ့အဓိကကစားသမားကို ရောင်းချဖို့ဆန္ဒမရှိတဲ့အတွက် သဘောတူညီမှုရရှိဖို့ခက်ခဲပေမယ့် Man United က နောက်တစ်ကြိမ်ထပ်ပြီးကြိုးစားသွားမယ်လို့ သိရပါတယ်။ United ရဲ့ ပစ်မှတ်ထဲမှာ PSV တောင်ပံကစားသမား Cody Gakpo လည်း ပါဝင်နေပြီး Pulisic ကို အငှါးနဲ့ခေါ်ယူနိုင်ဖို့က Chelsea ပိုင်ရှင် Todd Boehly ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေပါတယ်။
Sir jim Ratcliffe သည် အဂ်လန်ရှိ ဘီလီယံနာတစ်ဦးဖြစ်သည့် အပြင် United ၏ အမာခံ ပရိတ်သတ်တစ်ဦးလည်းဖြစ်သည်။ အသင်း၏ အခြေအနေများကို ငွေကြေးထပ် လမ်းကြောင်းမှန်တစ်ခုကိုရောက်ရှိအောင်သာ ပြုလုပ်လို၍ ၀ယ်ယူချင်ကြောင်းသိရသည်။ သို့သော် Glazer တို့မှာလည်း ရှယ်ယာကိုခွဲဝေရောင်းချခြင်းမျိုးပြုလုပ်မည်မဟုတ်ကြောင်းသိရပြီး တစ်လုံးတစ်ရင်းထဲ သာလူတစ်ဦး (သို့မဟုတ်)အဖွဲ့အစည်းတစ်ခုထံသာရောင်းချချင်ကြောင်းသိရသည်။
ယူနိုက်တက်သည် အသက်(၃၃)နှစ်အရွယ်ဆွစ်ဇာလန်ဂိုးသမား Yann Sommer အား အရန်ဂိုးသမားအဖြစ်ခေါ်ယူရန် စိတ်ဝင်စားကြောင်းသိရသည်။ ၄င်းသည် ယူနိုက်တက်ခေါ်ယူရန်ယာထားသည့်အရန်ဂိုးသမားစာရင်းတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
PSG တိုက်စစ်မှူး အီကာဒီ၏ကိုယ်စားလှယ်သည် နယူကာဆယ် နှင့် ယူနိုက်တက်တို့အား ကမ်းလှမ်းမှုပြုလုပ်ထားပြီး လက်ရှိ၌ မည်သည့်ကလပ်ကမှ ကမ်းလှမ်းမှု လုပ်တာမျိုး မရှိသေးပေ။
Manchester United ဟာ Casemiro ကို အံ့အားသင့်စရာ လစာအမြောက်အမြားနဲ့ နှစ်ရှည်စာချုပ် ကမ်းလှမ်းထားပါတယ်။လက်ရှိမှာ မြင့်မားတဲ့လစာနဲ့ United ရဲ့ ကမ်းလှမ်းမှုကို လက်ခံမလား၊ ငြင်းပယ်မလားဆိုတာ Casemiro ဆုံးဖြတ်ချက်ချရမယ့်အချိန်ရောက်နေပါပြီ။အပြောင်းအရွှေ့ဖြစ်မြောက်ဖို့က ကစားသမားအပေါ်ပဲ မူတည်နေပါတယ်။
အသင်းသည် Transfer မပိတ်ခင် – ကွင်းလယ်လူ နှစ်ဦး ညာနောက်ခံ တစ်ဦး – Backup ဂိုးသမား တစ်ဦး တိုက်စစ်ကစားသမား တစ်ဦး ဝယ်ယူရန် အတွက် ကြိုးစားနေသည် ။ နည်းပြတန်ဟက်က လာမယ့် Liverpool အသင်းနဲ့ ပွဲစဥ်အတွက် ဗဟိုခံစစ်နေရာ၌ Varane × Martinez အတွဲဖြင့် ပွဲထွက်လာနိုင်ပြီး နောက်ခံလူမက်ဂွိုင်ယားကို ချန်လှန်ထားဖို့ စီစဥ်နေကြောင်းသိရသည်။
Atletico Madrid ဟာ သူတို့ရဲ့ အဓိကတိုက်စစ်မှူး João Félix ကို ဒီနွေစျေးကွက်မှာ ရောင်းချဖို့လုံးဝဆန္ဒမရှိတဲ့အပြင် Matheus Cunha ရဲ့ အပြောင်းအရွှေ့အတွက် ယူရို သန်း ၅၀ နဲ့ ကမ်းလှမ်းလာရင်လည်း လက်ခံသွားမှာမဟုတ်ဘူးလို့ Man United ထံ ရှင်းရှင်းလင်းလင်း အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။ John Murtough ဟာ Atletico Madrid ထံတိုက်ရိုက်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ရလဒ်ကတော့ အနုတ်လက္ခဏာဆောင်ခဲ့တာပဲဖြစ်ပါတယ်။