










unicode

မန်ချက်စတာယူနိုက်တက်အသင်း ညခင်းသတင်းတိုများ

မန်ချက်စတာယူနိုက်တက်ဒါရိုက်တာဟောင်း Michael Knighton သည် Glazers ထံမှ ယူနိုက်တက်ကလပ်သင်းအား ဝယ်ယူရန် ကမ်းလှမ်းဖို့ ပြင်ဆင်နေသည် ။

အဲရစ် တန်ဟဂ်သည် တိုက်စစ်မြှားဦးတွင်ကစားနိုင်မည့် သန်မာသောအရံတိုက်စစ်မှူးတစ်ဦးဖြည့်တင်းလိုလျက်ရှိပြီး အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ စပိန်တိုက်စစ်ကစားသမား အဲလ်ဗာရိုမိုရာတာရဲ့အေးဂျင့်ဖြစ်သူက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆက်သွယ်ပြီး သူရဲ့ကစားသမားကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ESPN သတင်းထောက်တစ်ဦးက ဖော်ပြသွားခဲ့ပါတယ်။ လက်ရှိမှာ အသက်(၂၉)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မိုရာတာဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ပလီစထရီကိုအသင်းကအငှားချဖို့ပြင်ဆင်ထားပေမယ့် အက်သလက်တီကိုနဲ့ပွဲ စဥ်ကရရှိထားတဲ့ဒဏ်ရာကြောင်း အသင်းကအငှားချဖို့ကိုပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။ ဒဏ်ရာကသက်သာလာလျှင်လဲ ယင်းကစားသမားကို အသင်းကြီးလူစာရင်းမှာထည့်သွင်းအသုံးပြုသွားမည်ဖြစ်သည်။

ယူနိုက်တက်အသင်းဟာနောက်ထပ်တိုက်စစ်ကစားသမားရွေးချယ်မူအဖြစ် ဝက်ဖို့ဒ်အသင်းတိုက်စစ်ကစားသမား ဆာ ကိုထည့်သွင်းထားကြောင်းသိရသည်။ Manchester United ရဲ့ နည်းစနစ်ဒါရိုက်တာ Darren Fletcher ဟာ တနင်္လာနေ့က” The Hawthorns “ မှာရှိနေခဲ့ပြီး Watford တိုက်စစ်မှူး “ Ismaila Sarr “ ရဲ့ ခြေစွမ်းကို ကြည့်ရှုအကဲခတ်ခဲ့ပါတယ်။

Preston North အသင်းသို့အငှားသွားရောက်ကစားနေသော ယူနိုက်တက်လူငယ်ကစားသမား ဖာနန်ဒတ်ဟာ ဟန်ဒါဖီးလ်အသင်းကို (4)ဂိုး(1)ဂိုးဖြင့်အနိုင်ရရှိခဲ့သောပွဲစဥ်တွင် အသင်းတွက် လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။ ယင်းပွဲစဥ်မှာ ကစားသမားအနေနဲ့ အသင်းတွက် ဂိုးဖန်တီးမူ(2)ခုပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဇေးဗီးယား ဟာနန်ဒက်ဇ်က အိုးထရက်ဖို့ဒ်ကို ပြန်လာခွင့်ရမယ်ဆိုရင် လစာမယူဘဲ အလကား ကစားပေးသွားမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ PSV Eindhoven တောင်ပံကစားသမား Cody Gakpo ကို ပေါင် 35 သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ယူနိုက်တက်နည်းပြ အဲရစ်ဆယ်ဟက်က Gakpo နဲ့ အေဂျင်စီသို့ မေးမြန်းမူတွေပြုလုပ်နေပြီး သူ့ရဲ့တိုက်စစ်ကို မြှင့်တင်ဖို့အတွက် အသက် 23 နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။

Man United သည် Lazio ကွင်းလယ်လူ Sergej Milinkovic-Savic အတွက် ယူရို ၆၈ သန်း (ပေါင် ၅၇.၅ သန်း) ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်လျက်ရှိသည်။ ၂၀၁၈ က စိတ်ဝင်စားဖူးသော်လည်း ယူရို သန်း ၁၀၀ တောင်းဆိုခဲ့သဖြင့် လက်လျော့ခဲ့ဖူးသည်။ စီးရီးအေ 21/22 ရာသီမှာတော့ Sergej Milinković-Savić ဟာ 11 ဂိုးသွင်းယူကာ 11 ဂိုးဖန်တီးမှုပြုလုပ်ခဲ့ပါတယ်။ သူသည် ဥရောပထိပ်တန်းလိဂ် 5 ခုစလုံးတွင် ဂိုးနှင့်ဂိုးဖန်တီးမှု နှစ်ဆရရှိခဲ့သည့် တစ်ဦးတည်းသော ဗဟိုကွင်းလယ်ကစားသမားဖြစ်သည်။

Ralf Rangnick သည် ၎င်းမထွက်ခွာမှီရက်ပိုင်းအလိုတွင် United အသင်းဘုဒ်အဖွဲ့အား RB Leipzig ကစားသမားများဖြစ်ကြသောဗဟိုခံစစ်မှူးဖြစ်သူ Josko Gvardiol နှင့်ကွင်းလယ်ကစားသမား konard Laimer တို့အား နွေရာသီတွင်မဖြစ်မနေ၀ယ်ယူရန် စာရင်းသွင်းပေးပို့ခဲ့ဖူးကြောင်းသိရသည်။

ဒီနေ့ဟာ အသင်းရဲ့သမိုင်းမှာနှစ်ယောက်မရှိတဲ့ ဂန္တဝင်အသင်းခေါင်းဆောင် Roy Keane ရဲ့ 52 နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *