










unicode

မန်ချက်စတာယူနိုက်တက်အသင်း နံနက်ခင်း သတင်းတိုများ

မန်ချက်စတာယူနိုက်တက်အသင်းသည် Zidane Iqbal အား (2022-23) ရာသီအတွက် ပြိုင်ပွဲစုံယှဉ်ပြိုင်မည့်အသင်းကြီးလူစာရင်းမှာ ထည့်သွင်းလိုက်ပြီဖြစ်တာကြောင့် Iqbal သည် ပရီးမီးယားလိဂ်မှာ ကစားခွင့်ရတော့မယ့် ပထမဆုံး အီရတ်လူမျိုး ဘောလုံးသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။ အသင်းရဲa့လေ့ကျင့်ခန်းအစီစဉ်ကို ပထမဆုံးစောပြီးရောက်ရှိလာတဲ့ သူမှာ ဇီဒန်းဖြစ်တယ်လို့သိရပါတယ်။

လူငယ်ကစားတွေဖြစ်ကြတဲ့ Sonny Aljofree, Isak-Hansen Aaroen Alejandro Garnacho တို့ဟာ မနေ့က ဘရိုက်တန်ကိုရင်ဆိုင်မယ့် ပထမအသင်းကြီးရဲ့ ထရိန်နင်မှာ ပါဝင်ပူးပေါင်းခဲ့ကြောင်း သိရှိရပါတယ်။

နည်းပြ Erik Ten Hag က Brighton နဲ့ ပွဲအတွက် ဗဟိုခံစစ်အတွဲအဖြစ် Lisandro Martinez နဲ့ Harry Maguire တို့ကို ရွေးချယ်ထားတယ်လို့သိရပြီး Raphael Varane ကတော့ တတိယဦးစားပေးကစားသမားဖြစ်ပါတယ်။ အင်္ဂါနေ့ကတည်းက Erik Ten Hag ဟာ Martinez + Maguire အတွဲကို ဗဟိုခံစစ်မှာ အဓိကတွဲဖက်ပြီး လေ့ကျင့်စေခဲ့တာဖြစ်ပါတယ်။

Erik Tan Hag သည် Manchester United ၏ sqaud Depth အပေါ်စိုးရိမ်စိတ်ရှိနေကြောင်းသိရပြီး နွေရာသီတွင် စီနီယာကစားသမား ၈ဦးအထိလက်လွှတ်ခဲ့ရပြီး 3 ဦးသာပြန်လည်ဖြည့်တင်းထားနိုင်မှုအပေါ်တွင် လည်း အားမလိုအားမရဖြစ်နေကြောင်းသိရသည်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်ကို ဆီဗီလာအသင်းဆီ အငှားချအပြီးမှာ တန်ဟတ်ရဲ့ တပည့်ဟောင်းတစ်ဦးဖြစ်တဲ့ အမေရိကန် ညာနောက်ခံလူ ဆာဂျင်ညို ဒက်စ်ကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ဇာဗီအနေနဲ့ ဒက်စ်ကို ဆာဂျီ ရော်ဘတ်တိုလောက် သဘောမတွေ့ဘဲဖြစ်နေခဲ့ပြီး ကမ်းလှမ်းမှုတွေ ရှိလာရင် လက်ခံမှာဖြစ်သလို စပိန်မီဒီယာတွေရဲ့ အလိုအရတော့ ၂၁ နှစ်သားကို ပေါင် ၁၇ သန်းနဲ့ အထက် ကျသင့်နိုင်တယ်လို့ ဆိုပါတယ်။

ဂလေဇာမိသားစုကိုဆန္ဒပြဖို့ ပရီးမီးယားလိဂ်အစမှာဘဲ မန်ချက်စတာယူနိုက်တက် ပရိတ်သတ်တွေအနေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ဖို့အလားလာရှိနေတယ်လို့ Evening News ကဖော်ပြလာပါတယ်။

The Sun ရဲ့ဖော်ပြချက်မှာတော့ ယူနိုက်တက်အသင်းရဲ့ပစ်မှတ်ဖြစ်တဲ့ ကွင်းလယ်လူရူဗင်နီးဗက်စ်ကို ဝုဗ်အသင်းမှ တန်ကြေး ပေါင် ၇၅ သန်းထိသတ်မှတ်ထားခဲ့ကြောင်း သိရသည်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ RB Salzburgရဲ့တိုက်စစ်မှူး Benjamin Sesko ကိုခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကစားသမားရဲ့ တန်ဖိုးဖြတ်ခြင်းတွင် ညှိုနှိုင်းမှုကွာဟချက်များရှိနေသေးသည်။ သို့သော် ကလပ်အသင်းနှစ်သင်းကြားတွင် ဆွေးနွေးမှုသည် “ပွင့်လင်း”သောဆွေးနွေးမှူဆက်လက်ရှိနေဆဲဖြစ်သည်ဟုသိရသည်။

မန်ချက်စတာယူနိုက်တက်ရဲ့ လက်ရှိဂျာစီစပွန်ဆာဖြစ်တဲ့ Team Viewerဟာ ၂၀၂၆ မှာ စာချုပ်သက်တမ်းကုန်တာနဲ့ ယူနိုက်တက်နဲ့ ထပ်ပြီး စာချုပ်သစ်ချုပ်ဆိုမှာမဟုတ်တော့ကြောင်း တရားဝင်ထုတ်ပြန်ကြေငြာခဲ့သည်။

The Mail ဖော်ပြချက်အရ ခရစ္စတီယာနို ရော်နယ်ဒိုဟာ လေ့ကျင့်ရေးပြီးတွင်မပြန်ပဲ အပိုလေ့ကျင့်ခန်းဆင်းနေပြီး ဖာနန်ဒက် အဲရစ်စင် မာတီးနက် ဂါနာချို တိုနဲ့အတူတူ နောက်ကျကျန်နေသေးကြောင်းသိရပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *